Date

February 14, 2024

ချယ်ဆီးတို့ နွေစျေးကွက်မှာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၅၀ ထိ အသုံးပြုနိုင်မည်

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ကန့်သတ်မှုတွေမှာ ညိစွန်းမှုတွေရှိနေပြီး ဒီနွေမှာ အသုံးစရိတ်ကြီး ထုတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ကောလဟာလ သတင်းတွေအား ဂုဏ်သိက္ခာရှိ သတင်းထောက် Ben Jacobs က ငြင်းဆန်ပါတယ်။ ချယ်ဆီးအသင်းဟာ ဘဏ္ဍာရေး ကန့်သတ်ချက်တွေကို ရင်ဆိုင်ရဖို့ မရှိသလို နွေမှာ ကစားသမား ရောင်းထုတ်မှု မပါဘဲ အသုံးစရိတ် ပေါင် သန်း ၂၀၀ ထိ ထုတ်နိုင်နေဆဲ ဖြစ်ပါတယ်။ Jacobs ကတော့ ချယ်ဆီးအသင်းဘက်က မတ်ဆန်၊ ဘရိုဂျာ၊ လူးဝစ်… Continue Reading →

လီဗာပူးအသင်းနဲ့ သတင်းထူး ထွက်နေမှုတွေအား ဝက်စ်ဟမ်း ဒါရိုက်တာ တုန့်ပြန်

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီနဲ့ ရာသီကုန်ရင် လမ်းခွဲမှာဖြစ်ကာ အကြီးအကဲသစ် တစ်ဦးကို ကလပ်ပြင်ပကနေ ရှာဖွေသွားတော့မှာဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းမှာတင် လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်း အားကစားဒါရိုက်တာ Tim Steidten နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဂျာမာန်သားကတော့ တရားဝင် ကမ်းလှမ်းမှု မရသေးကြောင်း အခုလို ထုတ်ပြောလာပါတယ်။ လေဗာကူဆင် ဒါရိုက်တာဟောင်းလည်းဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် Tim Steidten ကတော့ ဂျာမာန်သတင်းဌာနက တစ်ဆင့် “ လီဗာပူးအသင်း လျာထားစာရင်းထဲ ကျနော်… Continue Reading →

ပေါ်တိုနဲ့ ဒီနှစ်သင်းကို ကျော်ဖြတ်နိုင်ရင် အာဆင်နယ် ချန်ပီယံလိဂ်ဖလားရဖို့ များပြီလို့ အွန်နရီ သုံးသပ်

ဂန်းနား ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး သီယာရီ အွန်နရီ ကတော့ လက်ရှိ အာဆင်နယ်မှာ နံပါတ် ၉ အထောင် တိုက်စစ်မှုး စစ်စစ် မရှိတာက ပြသနာ မဟုတ်ဘူးလို့ ထင်မြင်နေပြီး ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေးက ရှိနေတယ် လို့ပါ သုံးသပ် ပြောဆိုလာပါတယ်။ အာဆင်နယ်က နောက်အပတ်မှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အဖြစ် ပေါ်တို ကိုအဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ဒီပွဲဟာ အာဆင်နယ် အတွက်တော့ ၇ နှစ် အတွင်း… Continue Reading →

ဒီကနေ့ည ဘိုင်ယန်၊ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ် ပွဲတွေအတွက် ဖီးသွန်ပ်ဆန်ရဲ့ ခန့်မှန်းချက်များ

ဒီအပတ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ပြန်လည် စတင်လာပြီ ဖြစ်ပါတယ်။ ပွဲကောင်းတွေအတွက် လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဂန္တဝင်ကြီး ဖီးသွန်ပ်ဆန်က အခုလို ခန့်မှန်းပေးလာပါတယ်။ Lazio v Bayern Munich အီတလီအသင်းတွေနဲ့ အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရတာ အမြဲတမ်း ခက်ခဲပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက လာဇီယိုတို့ နိုင်ပွဲကောင်း ရထားပါတယ်။ ဒါပေမယ့် စီးရီးအေမှာတော့ ဒီရာသီ အိမ်ကွင်းပွဲ ၈ ပွဲလောက် ရှိပါမယ်။ ခြုံပြောရရင်… Continue Reading →

မန်စီးတီးနဲ့အတူ ဆုဖလားတွေ အများကြီး အောင်မြင်တာ ဘယ်သူကြောင့်လဲ ဂွာဒီယိုလာ ထုတ်ဖော်

ဒီရာသီကုန်ရင် လီဗာပူးနည်းပြရာထူးက နှုတ်ထွက်တော့မယ့် နည်းပြကလော့ပ်ဟာ မတ်လ ၁၀ ရက်နေ့ အန်ဖီးကွင်းမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရပါဦးမယ်။ ကုန်ခဲ့တဲ့ ဆယ်စုနှစ်မှာ ဒီနှစ်သင်းဟာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ သင်းပေါင်း ၅ ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးလောကကနေ ကလော့ပ် ထွက်ခွာသွားမှာဖြစ်ပေမယ့် ဂွာဒီယိုလာကတော့ မန်စီးတီးမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ TNT Sports ကတော့ ပိုကောင်းတဲ့ ဂွာဒီယိုလာ ဖြစ်လာဖို့ ကလော့ပ်ဆိုတဲ့ ပြိုင်ဘက်က ဘယ်လောက်ထိ… Continue Reading →

မန်စီးတီး အမြင့်ဆုံးဖြစ်ပြီး အာဆင်နယ် တိုးတက်လာတဲ့ စူပါကွန်ပျူတာ ချန်ပီယံ တွက်ချက်မှု

ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အပြီးမှာ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်တွေက အနည်းငယ်သာ ပြောင်းလဲသွားခဲ့ပါတယ်။ လီဗာပူးက အမှတ်ပေး ဇယား ဦးဆောင်သူ အဖြစ် ဆက်ရှိနေပေမယ့် ချန်ပီယံ ဖြစ်နိုင်ခြေကတော့ ပိုမို ကျဆင်းသွားခဲ့ပါတယ်။ မန်စီးတီးရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေကတော့ ရာနှုန်းအနည်းငယ် တက်လာပါတယ်။ ဒီအပတ် ဝက်စ်ဟမ်းကို ဂိုးဒါဇင်ဝက် သွင်းပြီး နိုင်ပွဲယူခဲ့တဲ့ အာဆင်နယ် အသင်းဟာ ချန်ပီယံ ဖြစ်နိုင်ခြေ နည်းပါးနေသေးပေမယ့် ရာခိုင်နှုန်း အနည်းငယ် တက်လာခဲ့ပါတယ်။ အချက်အလက်တွေ ကို အခြေခံ တွက်ချက်တဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!