Date

February 15, 2024

ပရီးမီးယားလိဂ် ထိပ်တန်းကလပ် ၂ သင်းထံက အငြင်းခံခဲ့ရတဲ့ အမ်ဘာပေ

ဗြိတိန်သတင်းဌာန The Independent ကတော့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ပြင်သစ်သား တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူခွင့်ရပေမယ့် ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အင်္ဂလန်ထိပ်သီး ၂ သင်းထံ အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေက ချဉ်းကပ်ခဲ့ရာမှာ ကစားသမားရဲ့ လုပ်ခဟာ အတော်လေး များပြားတာမို့ လီဗာပူးကော အာဆင်နယ်ပါ ခေါ်ယူဖို့ မတတ်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ရိုမန်နိုက အခုလို ပြောလာပါတယ်။ “ မနှစ်တုန်းက အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေဟာ သူ့တို့ ကစားသမားကို ခေါ်ယူနိုင်ကြောင်း… Continue Reading →

ဒီကစားသမား ၂ ဦး ခေါ်ယူပေးခဲ့ရင် ချယ်ဆီးက အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့မှာလို့ ထုတ်ဖော်လိုက်တဲ့ ကွန်တီ

ချယ်ဆီးမန်နေဂျာဟောင်း ကွန်တီကတော့ ၂၀၁၇ နွေမှာ ခံစစ်မှူး ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပြလာပါတယ်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ နွေစျေးကွက်မှာ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်ကို ရဖို့ အပြိုင်ကြိုးစားခဲ့ကြတာပါ။ လီဗာပူးအသင်းက ပြိုင်ဘက်တွေကို သာလွန်ဖို့ အားထုတ်ခဲ့ရင်း ပရီးမီးယားလိဂ်ထံ တိုင်ကြားခံခဲ့ရတယ်။ ဗန်ဒိုက်ကို တစ်သင်းမှ မရခဲ့ပေမယ့် ၂၀၁၈ ဇန်နဝါရီမှာတော့ လီဗာပူးအသင်းက ထိုစဉ် ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၇၅ သန်းဖြင့်… Continue Reading →

ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဆိုတဲ့ ပုဂ္ဂိုလ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် နယူးကာဆယ်အသင်းမှ အားကစားဒါရိုက်တာဖြစ်သူ Dan Ashworth ကို ခေါ်ယူရေး သဘောတူညီမှု ရရှိတော့မှာ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် အားကစားဒါရိုက်တာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူသစ် စုဆောင်းမှုတွေကို ဦးဆောင်ပေးရမယ့်သူဖြစ်တယ်။ သူဟာ နယူးကာဆယ်မှာလည်း အလားတူ ရာထူးမျိုး ရနေပေမယ့် ယူနိုက်တက်မှာတော့ လုပ်ပိုင်ခွင့် ပိုနည်းပါးမယ်လို့လည်း သိရပါတယ်။ ၂၀၂၂ မှာ ဘရိုက်တန်ကနေ နယူးကာဆယ်ထံ ပြောင်းခဲ့တဲ့ Dan Ashworth ဟာ ပရီးမီးယားလိဂ်ရဲ့… Continue Reading →

ဖလားပြိုင်ပွဲစုံမှာ အထိနာလာချိန်မှာတော့ ဟယ်ရီကိန်းအကြောင်း စသိလာပြီဖြစ်တဲ့ ဘိုင်ယန်

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မှာ လာဇီယိုကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဟယ်ရီကိန်း ကိုယ်တိုင်ကပဲ ဘိုင်ယန်မြူးနစ်ဟာ ယုံကြည်မှုနဲ့ ခွန်အားတွေ ကုန်ဆုံးနေပါကြောင်း ဝန်ခံလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ကွာတားဖိုင်နယ်ကို ခပ်လွယ်လွယ်ရောက်မယ်လို့ ရေပန်းစားနေခဲ့ပေမယ့် အံ့ဩလောက်တဲ့ ခြေစွမ်းတွေနဲ့အတူ လာဇီယိုကို ရှုံးနိမ့်ခဲ့တာပါ။ သောမက်စ် တူချယ်ရဲ့ အသင်းဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂိုးပေါက်တည့်မှု ၁ ကြိမ်တောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် နောက်ဆုံး ၁၁ ရာသီအတွင်း ပထမဆုံးသော ချန်ပီယံလိဂ် ၁၆ သင်း… Continue Reading →

ရီးရဲလ်မက်ဒရစ်တောင် တတိယနေရာ ဆင်းပေးလိုက်ရတဲ့ ချန်ပီယံလိဂ်ရဲ့ ဒီရာသီ တန်ကြေးအမြင့်ဆုံး လူစာရင်း

ချန်ပီယံလိဂ်ရဲ့ ဒီရာသီ တန်ကြေးအမြင့်ဆုံး လူစာရင်း ပိုင်ဆိုင်တဲ့ အသင်းများ စာရင်းမှာ အင်္ဂလိပ်ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ ကစားသမားတွေရဲ့ တန်ကြေး တွက်ချက်မှုဟာ Transfermarkt က အချက်အလက်တွေကို အခြေခံ တွက်ချက်တာ ဖြစ်ပါတယ်။ အသင်းတစ်သင်း ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေရဲ့ ဈေးကွက်ပေါက်ဈေးနဲ့ အလားအလာ ကို တွက်ချက်ထားတာ ဖြစ်တဲ့ ဒီ တန်ကြေး ရှိ လူစာရင်း မှာ မန်ချက်စတာ စီးတီးကတော့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။… Continue Reading →

ချယ်ဆီးနဲ့ ဖိုင်နယ်ပွဲကြို သတင်းကောင်းကော သတင်းဆိုးပါ ပိုင်ဆိုင်သွားတဲ့ လီဗာပူး

ဒီလ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ကာရာဘောင်းဖလား ဖိုင်နယ်ပွဲကြိုမှာ လီဗာပူးအသင်းဟာ ဒဏ်ရာ ပြဿနာ ထိုးနှက်ချက်တွေ ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။ ဘန်လေကို အနိုင်ရတဲ့ပွဲအတွင်း ညာအစွန်လူ ထရန့်ဟာ ဘယ်ဘက် ဒူးမှာ နာကျင်မှု ခံစားရတာကြောင့် ပွဲချိန် ၄၅ မိနစ်မှာတင် လူစားလဲခံခဲ့ရပါတယ်။ ဒဏ်ရာက မပြင်းထန်ပေမယ့် လူစားလဲမှု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ကလော့ပ်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ထရန့်ရဲ့ ဒဏ်ရာဟာ ခပ်မြန်မြန် ပြန်သက်သာလာခြင်း မရှိကာ ဒီလထဲ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!