ဒီနွေမှာ ယာဂင်ကလော့ပ်နဲ့ လက်ထောက်နည်းပြ နှစ်ဦးအပြင် နောက်ထပ် အရေးကြီး ရာထူးတစ်ခုအတွက်လည်း လီဗာပူးအသင်းက အစားထိုးရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ ခေတ်မှာ အခြားသော အသင်းတွေမှာ မရှိလှတဲ့ ဒါမှမဟုတ် အခေါ်အဝေါ် မတူညီတဲ့ ရာထူးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဆိုပါရာထူးကတော့ elite development coach ပဲဖြစ်ပါတယ်။ ပထမအသင်း တိုးတက်မှုဆိုင်ရာ နည်းပြလို့လည်း လူသိများပြီး ဒီတာဝန်ဟာ လူငယ်အသင်းမှာ အလားအလာရှိတဲ့ ကစားသမားတွေကို စုဆောင်းကာ ကလော့ပ် ဦးဆောင်တဲ့ လီဗာပူး စီနီယာအသင်း နည်းပြအဖွဲ့တွေရဲ့ ရှေ့ထံ… Continue Reading →
အာဆင်နယ်နည်းပြ အာတီတာကတော့ ဒီနွေမှာ ပြင်သစ်သား တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ရေး ကြိုးစားဖို့ကို လမ်းဖွင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘန်လေပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အမ်ဘာပေကို ခေါ်ယူနိုင်မလားအတွက် အာဆင်နယ်အသင်းက စကားပြောကြည့်မလား မေးခံရချိန်မှာ အာတီတာက.. ” ပြောမှာပေါ့။ ဘာလို့ မပြောရမှာလဲ? ကျနော်တို့ အကောင်းဆုံးအသင်း ဖြစ်ချင်တယ်ဆိုရင် အကောင်းဆုံး ကစားသမားတွေ လိုအပ်ပါတယ်။ အီဒူးနဲ့ အသင်းပိုင်ရှင်တွေက ဒီကိစ္စ စကားပြောရင် ပြောကြမှာပါ ” လို့ တုန့်ပြန်သွားပါတယ်။ အမ်ဘာပေကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ရေပန်းစားနေပေမယ့်… Continue Reading →
ချယ်ဆီးအသင်း မန်နေဂျာဟောင်း ကွန်တီကတော့ ၂၀၁၇ နွေမှာ ခံစစ်မှူး ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပြလာပါတယ်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ နွေစျေးကွက်မှာ ချယ်ဆီးအသင်းဟာ မန်စီးတီး၊ လီဗာပူး တို့နဲ့အပြိုင် နယ်သာလန်ခံစစ်မှူး ဗန်ဒိုက်ကို ရဖို့ အပြိုင်ကြိုးစားခဲ့ကြတာပါ။ လီဗာပူးအသင်းက ပြိုင်ဘက်တွေကို သာလွန်ဖို့ အားထုတ်ခဲ့ရင်း ပရီးမီးယားလိဂ်ထံ တိုင်ကြားခံခဲ့ရတယ်။ ဗန်ဒိုက်ကို တစ်သင်းမှ မရခဲ့ပေမယ့် ၂၀၁၈ ဇန်နဝါရီမှာတော့ လီဗာပူးအသင်းက ထိုစဉ် ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၇၅… Continue Reading →
ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲကောင်းအချို့ ပါဝင်လာပါတယ်။ ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ပေါမာဆန်ကတော့ အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။ Brentford vs Liverpool လီဗာပူးတို့ ဒီပွဲကို အနိုင်ယူပြီး မန်စီးတီးနဲ့ အာဆင်နယ်ကို ဖိအားကြီးတွေ ပေးလို့ရပါတယ်။ ဒါကပဲ တပန်းသားမှုလို့ ကျနော် မြင်တယ်။ လီဗာပူးတို့ အနိုင်ရပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်မှာပါ။ ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘရန့်ဖိုဒ့် ၀-၂ လီဗာပူး Burnley vs Arsenal အာဆင်နယ်အနေနဲ့… Continue Reading →
မန်စီးတီးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ဘောလုံးပွဲ ခန့်မှန်းသူ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။ Brentford vs Liverpool ဦးနှောက်ကို ကျော်ပြီး ဒီပွဲတော့ နှလုံးသားနဲ့ ရွေးချယ်ပါမယ်။ အမှတ်ပေးဖလား ပြိုင်ဆိုင်မှု အကျိတ်အနယ် ရှိတာကို မြင်ချင်ပါတယ်။ ဒီပွဲကို လီဗာပူး အနိုင်ရဖို့ လိုပါတယ်။ ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘရန့်ဖိုဒ့် ၁-၂ လီဗာပူး Burnley vs Arsenal ဒီပွဲကို… Continue Reading →
ဘာစီလိုနာအသင်းဟာ လီဗာပူးကနေ မိုဆာလာကို ခေါ်ထုတ်ဖို့ စိတ်ဝင်စားခဲ့ပါတယ်လို့ ကက်တလန်သတင်းရင်းမြစ်ကို ကိုးကားပြီး စပိန်သတင်းဌာန Mundo Deportivo က ဖော်ပြပါတယ်။ ဒါပေမယ့်လို့ ဆာလာကို ခေါ်ယူနိုင်ဖို့ဟာ ဘာစီလိုနာအတွက် မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘဏ္ဍာရေး အခက်အခဲကြောင့် ဆာလာအတွက် ပြောင်းရွှေ့ကြေးကို ဘာစီလိုနာဘက်က မတတ်နိုင်ခဲ့တာပါ။ မနှစ်ကနွေမှာ မိုဆာလာကို ဆော်ဒီဘက်က ပေါင် သန်း ၁၅၀ ဖြင့် ချိတ်ဆက်တာကိုတောင် လီဗာပူးအသင်းက ငြင်းဆန်ခဲ့တယ်။ ဆော်ဒီဘက်က ပေါင် သန်း ၂၀၀ အထက် ပေးမယ်လို့… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑