Date

February 18, 2024

ကြယ်ပွင့် တစ်ဦးကြောင့် ထရန့်ကို ညာအစွန်မှာ အသုံးတော့ဖို့ လီဗာပူး ပရိသတ်တွေ တိုက်တွန်း

လီဗာပူးအသင်းမှာ ညာအစွန်လူ ထရန့် ဒဏ်ရာကြောင့် ပုံမှန်ပွဲကစားပေးနိုင်ခြင်း မရှိချိန်မှာပဲ လူငယ် ခံစစ်သမား ဘရတ်ဒလေဟာ နေရာတစ်နေရာ ရယူလာခဲ့ပါတယ်။ လီဗာပူးအတွက် ပွဲကစားပေးခွင့် အရမ်း မများသေးပေမယ့် ဘရတ်ဒလေအပေါ် ပရိသတ်တွေရဲ့ ချစ်ခင်မှုက အံ့ဩဖွယ်ကောင်းပါတယ်။ ဘောလုံးပွဲ ကြေညာသူတွေကဆိုရင် “အခုတလော သိပ်နာမည်ကြီးနေတဲ့ ကော်နာ ဘရတ်ဒလေ ဆိုတာ ဒီကောင်လေးပေါ့ ” ဆိုပြီးတောင် ထည့်ပြောလာရပါတယ်။ ထရန့်ရဲ့ ခံစစ်ပိုင်း အားနည်းမှုနဲ့ ကွင်းလယ်မှာဆိုရင် သူပိုပြီး ခြေစွမ်းပြနိုင်မယ်လို့ မြင်နေကြချိန်မှာ ညာခြမ်းအတွက် ဘရတ်ဒလေရဲ့ တိုက်စစ်… Continue Reading →

ပိုချက်တီနိုရဲ့ ကြောက်စိတ်ကြောင့် မန်စီးတီးကို နိုင်သင့်ပါလျက်နဲ့ မနိုင်ခဲ့တာလို့ စတားရစ် သုံးသပ်

ဒန်နီရယ် စတားရစ်ကတော့ အီတီဟက်မှာ မန်စီးတီးကို ချယ်ဆီးတို့ မနိုင်ခဲ့တာဟာ ပိုချက်တီနိုရဲ့ ကြောက်ရွံ့မှုကြောင့်လို့ ထောက်ပြသွားပါတယ်။ ပထမပိုင်းမှာ စတာလင်ရဲ့ ဂိုးနဲ့ ချယ်ဆီးတို့ ဦးဆောင်ခဲ့သလို လန်ဒန်ကလပ်ရဲ့ ကစားကွက်ဟာ တော်တော်လေးကို ကောင်းမွန်ခဲ့တာပါ။ ကောင်တာတွေမှာ ချယ်ဆီးရဲ့ ထက်မြက်မှုကြောင့် မန်စီးတီးတို့ ကိုင်တွယ်ရ ခက်ခဲနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ခြေစွမ်းပြနေတဲ့ စတာလင်နဲ့ ပါလ်မာတို့ကို ထုတ်ပြီး ချာလိုဘတ်နဲ့ အန်ကွန်ကူတို့ကို ထည့်သွင်းပြီး နည်းစနစ်ပိုင်း ပြောင်းလဲခဲ့တာဟာ ချယ်ဆီးရဲ့ ကစားကွက်ကို သတ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ချယ်ဆီးမနိုင်တာ ပိုချက်တီနိုကြောင့်… Continue Reading →

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် အပြိုင်ဖြစ်လာနေတဲ့ တိုက်စစ်မှူး (၆) ဦး

၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်သမားနေရာဟာဟာလန်း၊ ဆာလာတို့ ပြန်လည် ကစားလာနိုင်ခြင်းနဲ့အတူ အပြိုင်အဆိုင်ဖြစ်လာနေပါပြီ။ ဟာလန်းနဲ့ ဆာကာတို့ လွှမ်းမိုးထားခဲ့ပေမယ့် ဘန်လေကို အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ဆာကာဟာ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ၆ ဂိုးထိ ရလာခဲ့ပါပြီ။ အကောင်းဆုံး ပုံစံတွေကြောင့်ပဲ ဆာကာဟာ လက်ရှိ အင်္ဂလန်လိဂ်ရဲ့ အထက်မြက်ဆုံး တိုက်စစ်သမားလည်း ဖြစ်လာနေခဲ့တယ်။ ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားအပြီးမှာ ဆာကာဟာ ပရီးမီးယားလိဂ် သွင်းဂိုး… Continue Reading →

မန်စီးတီးကို အိမ်ကွင်းထိ တက်ကြွယ်ပြအပြီး လီဗာပူးကိုပါ သတိပေးလိုက်တဲ့ ချယ်ဆီး တိုက်စစ်မှူး

အီတီဟတ်မှာ မန်စီးတီးကို ယှဉ်ပြိုင်ကစားပြီး ၁-၁ သရေကျတဲ့ပွဲအပြီးမှာတော့ သွင်းဂိုးရှင် စတာလင်က ပွဲကို ကျေနပ်ပေမယ့် ရလဒ်ကို စိတ်ပျက်ရကြောင်း ထုတ်ပြောခဲ့ပါတယ်။ စတာလင်ဟာ ချယ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို လန်ဒန်ကလပ်ဟာ အခွင့်အရေးတွေလည်း ထပ်ရခဲ့သေးတာပါ။ ပွဲကို အပြတ်ဖြတ်နိုင်စွမ်း မရှိခြင်းနဲ့အတူ ဒုတိယပိုင်းမှာ စီးတီးက ပိုကောင်းလာပြီး ခြေပဂိုး ပြန်ယူခဲ့တာ ဖြစ်ပါတယ်။ စတာလင်က ပြောပြရာမှာ ” ပွဲအပြီးမှာတော့ ကျနော်တို့ ကျေနပ်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ နည်းနည်းလည်း စိတ်ပျက်မိပါတယ်။ ကျနော်တို့ ပွဲကို အပြတ်ဖြတ်နိုင်ဖို့… Continue Reading →

အာဆင်နယ်က တော်ယုံ မဟုတ်တော့ဘူး ရှယ်ကောင်းနေတာ၊ ပြိုင်ဘက်တွေကို ရှယ်ဖျက်ဆီးနေတာလို့ ချီးကျူးလာခြင်း

ဘန်လေကို အဝေးကွင်းမှာ ၅ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းဟာ အထူး ကောင်းမွန်ခဲ့ပြီး လူကြီးနဲ့ ကလေးအသင်းလို ခြေစွမ်း ကွာခြားပါတယ်လို့ ဘီဘီစီ ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်က မှတ်ချက်ပေးပါတယ်။ ပထမပိုင်းမှာ အာဆင်နယ်က အိုဒီဂတ်ရဲ့ အဝေးကန်ချက်၊ ဆာကာရဲ့ ပင်နယ်တီတို့ဖြင့် ပွဲကို ဦးဆောင်ခဲ့တာပါ။ ခြေစွမ်းပိုင်း ကွာဟမှု ကြီးမားတာကြောင့် ပထမပိုင်း အပြီးမှာတင် ဘန်လေတို့ ပြန်မလာနိုင်ဘူးဆိုတာ သိသာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆာကာ၊ ထရော့ဇတ်၊ ဟာဗက်ဇ်တို့က ဂိုးတွေ ထပ်သွင်းခဲ့ကာ… Continue Reading →

ဘရန့်ဖိုဒ့်ပွဲ ဒဏ်ရာရသွားတဲ့ ဂျိုတာ၊ ဂျုံးနဲ့ ဒါဝင်တို့ အခြေအနေကို ကလော့ပ် ထုတ်ဖော်

လီဗာပူးအသင်းက ဘရန့်ဖိုဒ့်ကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံးနဲ့ ဂျိုတာတို့ ပြိုင်ဘက်တွေထံက လူချ ကစားခံရမှုနဲ့အတူ ဒဏ်ရာတွေကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဂျုံးက ခြေကျင်းဝတ် ဒဏ်ရာဖြစ်ကာ ဂျိုတာကတော့ ဒူးဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဒါဝင်ကို လူစားလဲခဲ့တာကလည်း ဒဏ်ရာလို နာကျင်မှု တစ်ခုခု ခံစားခဲ့ရတာကြောင့်လို့ သိရပါတယ်။ ဒဏ်ရာ ကံဆိုးမှုတွေ ရှိနေသလား မေးခံရချိန်မှာ နည်းပြကလော့ပ်က ” သေချာတာပေါ့ဗျာ။ ကာတစ်ဂျုံး ကန်ခံရမှုဖြစ်ခဲ့သလို ဂျိုတာလည်း ပြိုင်ဘက်ထံက စိန်ခေါ်မှုကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!