အမ်ဘာပေဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်မှာ ၂၀၂၉ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း စပိန်သတင်းတွေက ဖော်ပြလာနေပြီ ဖြစ်ပါတယ်။ ၂၀၁၇ မှာ မိုနာကိုကနေ အငှားဖြင့် ပီအက်စ်ဂျီကို ရောက်ရှိခဲ့တဲ့ အမ်ဘာပေဟာ ၁ နှစ်အကြာမှာတော့ ပေါင် ၁၅၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၂၂ မှာ ပြင်သစ်ကလပ်ကနေ မထွက်ပဲ ဆက်နေခဲ့ပေမယ့် ဒီနွေမှာတော့ စာချုပ်ကုန်ဆုံးကာ အလွတ်ဖြင့် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အမ်ဘာပေနဲ့ ပီအက်စ်ဂျီကြားမှာ တစ်နှစ် ထပ်တိုးဖို့… Continue Reading →
အန်ကတ်တီးရားကတော့ မနှစ်က အမှားတွေကို သင်ခန်းစာယူပြီး ပိုမို ဆာလောင်နေတဲ့ အစုအဖွဲ့မျိုးဖြင့် တိုးတက်လာခြင်းကြောင့် ရာသီကုန်မှာ အာဆင်နယ်အသင်း ဖလားရနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဝဘ်ဆိုဒ်ကနေ အန်ကတ်တီးရားက ပြောရာမှာ ” ကျနော်တို့တွေ ဆာလောင်နေကြတယ်။ ကျနော်တို့ ကောင်းကောင်းလုပ်နေပြီး တစ်ခုခုကို အောင်မြင်ချင်ပါတယ်။ ကွင်းတွင်းကွင်းပြင် အသင်းအဖွဲ့ကောင်း ပိုင်ဆိုင်နေတာကလည်း တကယ်ကို အကူအညီဖြစ်ပါတယ်။ ရာသီစ သိပ်ကောင်းခဲ့သလို အခုဆို ပိုတိုးတက်လာနေပါတယ်။ ကိုယ့်ဘာသာတွေက အကောင်းဆုံးတွေ မြင်ရဖို့လည်း အချင်းချင်း တွန်းအားပေးနေကြတယ်။ အတွေ့အကြုံတိုင်းက ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေပါတယ်။… Continue Reading →
အာဆင်နယ် တောင်ပံ တိုက်စစ်သမား ဘူကာယို ဆာကာ ဟာ အာဆင်နယ် အသင်းနဲ့ အတူ မယုံနိုင်စရာ ခြေစွမ်းကောင်းတွေ ပြသနေကာ ဘန်လေကို ၅ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲမှာလည်း ဂန်းနားတွေ အတွက် နှစ်ဂိုး သွင်းယူခဲ့ပြန်ပါတယ်။ အခုဆိုရင် ဆာကာ က ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၄ ဂိုး ရှိသွားပြီ ဖြစ်ပြီး ၂၄ ပွဲ ပါဝင် ကစားထားရာမှာ ဂိုးဖန်တီးထောက်ပံ့မှုကလည်း ၈ ဂိုးထိ ပြုလုပ်ထားတာပါ။ ပြိုင်ပွဲစုံ အနေနဲ့ ကြည့်မယ်… Continue Reading →
ယူနိုက်တက်က လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ကာဆီမီရိုရဲ့ မိုက်မဲမှုဟာ သရဲနီတွေကို ပေးဆပ်ရလုဖြစ်စေခဲ့ပါတယ်။ အဝါကက် တစ်ကြိမ်ရထားပြီဖြစ်ပေမယ့် ကာဆီမီရိုဟာ ပထမပိုင်း မပြီးခင်မှာ ပြစ်ဒဏ်တွေ ဆက်တိုက် ကျူးလွန်နေခဲ့တာပါ။ ဘာကလေကို နောက်ကနေ ဝင်ဖျက်မှုဟာ ဒုတိယ အဝါကက်ပြဖို့ ပြိုင်ဘက်ရဲ့ ဖိအားပေးမှု ပြင်းထန်ခဲ့ပေမယ့် ဒိုင်လူကြီးက မပေးဖို့ ဆုံးဖြတ်ခဲ့တာ ကံကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာတင် ၁၀ ယောက်ကျန်နဲ့ ကစားရမှာဆိုရင် ယူနိုက်တက်အတွက် အတော်လေး ခက်ခဲခဲ့မှာပါ။ ကာဆီမီရိုရဲ့ လုပ်ရပ်အတွက် စကိုင်းစပေါ့… Continue Reading →
လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ မနေ့ညက မန်ချက်စတာ စီးတီးနဲ့ သရေပွဲ အပြီးမှာ သီယေဂို ဆေးလ်ဗားရဲ့ ချယ်ဆီး ကစားသမားဘဝဟာ နိဂုံးချုပ်သွားပြီ လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။ ညက အီတီဟက်မှာ ချယ်ဆီး ဗဟိုခံစစ်ကနေ ဒီဆာဆီနဲ့ ကိုးဝဲလ် တို့ ကောင်းမွန်စွာ စွမ်းဆောင်ပြခဲ့ပြီးနောက် ဆေးလ်ဗားရဲ့ အနေအထားကလည်း ပိုပြီး မရေရာ ဖြစ်လာဖွယ် ရှိပါတယ်။ ကာရေဂါကတော့ သီယေဂို ဆေးလ်ဗားရဲ့ ချယ်ဆီး စာမျက်နှာဟာ ကုန်ဆုံးသွားပြီလို့ ယုံကြည်နေပါတယ်။ ”… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑