Date

February 20, 2024

ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး၊ လိုင်လီခံစစ်ကို ခေါ်ယူနိုင်ဖွယ်ရှိခြင်း၊ လုရှော ဒဏ်ရာနဲ့ မန်ယူသတင်းတိုများ

အလားအလာကောင်းတွေ ရှိထားတဲ့ လိုင်လီ ခံစစ်ကြယ်ပွင့် လီနေ ယိုရို ကို ခေါ်ယူရေးကနေ ရီးရဲလ်မက်ဒရစ်က နောက်ဆုတ်သွားတာကြောင့် ယူနိုက်တက် အရေးသာလာပါတယ်။ အသက် ၁၈ နှစ် အရွယ် နောက်ခံလူဟာ ဥရောပရဲ့ အလားအလာ အကောင်းဆုံး ဗဟိုခံစစ်မှုး အဖြစ် မှတ်ယူခံထားရပြီး ဒီတလော သီတင်းပတ်တွေ အတွင်း ယူနိုက်တက်နဲ့ သတင်းကြီးလာပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ တူချယ်ကို ထုတ်ပယ်ပြီး ယူနိုက်တက် နည်းပြဟောင်း အိုလေဂန်နာ ဆိုးရှားကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေပါတယ်။… Continue Reading →

လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်လူကို ဂွာဒီယိုလာ ရွေးချယ်

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဟာ သူ့အသင်းက ကစားသမားပါလို့ ထုတ်ပြောလာပါတယ်။ ၂၀၁၉ မှာ အက်သလက်တီကို မက်ဒရစ်ကနေ မန်စီးတီးကို ပြောင်းလာခဲ့တဲ့ စပိန်သား ကွင်းလယ်လူ ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်တယ်လို့ စီးတီးနည်းပြက ဆိုပါတယ်။ စီးတီးမှာ ဒီဘရိုင်း၊ ဖိုဒန်တို့ ရှိနေပေမယ့် တစ်ရာသီကို ပွဲ ၅၀ လောက် ကစားပေးနေတဲ့ ရိုဒရီကို ရွေးချယ်ရတာက အကြောင်းရင်း ရှိပါတယ်။ ဂွာဒီယိုလာက ရှင်းပြရာမှာ ‘ ကွင်းလယ်ခံစစ်သမားတွေကို တိုက်စစ်မှူးတွေလို ဒါမှမဟုတ် နံပါတ်… Continue Reading →

ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ပေါမာဆန် ရလဒ်ခန့်မှန်း ထွက်လာပြီ

ဒီတပတ် ကြားရက်မှာ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲကျန် တစ်ပွဲ ကစားဖို့ ရှိနေသလို လီဗာပူး အသင်းကလည်း လာမယ့် weekend မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ် အစောပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒီနှစ်ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။ မန်စီးတီး vs ဘရန့်ဖို့ဒ် ဘရန့်ဖို့ဒ်က ပြီးခဲ့တဲ့ ရာသီ… Continue Reading →

လီဗာပူး လူသစ် ခေါ်ယူပုံ လျှို့ဝှက်ချက်ကြီး တစ်ခုကို ဖော်ထုတ်သွားတဲ့ ဂျင်မီ ကာရေဂါ

ဂျင်မီကာရေဂါကတော့ လီဗာပူးအသင်းရဲ့ ကင်းထောက်မှုနဲ့ အပြောင်းအရွှေ့ ပေါ်လစီ အကြောင်း အားကစားဒါရိုက်တာဟောင်း မိုက်ကယ် အတ်ဝပ်နဲ့ ပြောဆိုခဲ့ရာက အရမ်း အံ့အားသင့်ခဲ့ရတဲ့ သတင်းတစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ မိုက်ကယ် အတ်ဝပ်ဟာ လီဗာပူးမှာ ရှိခဲ့စဉ် အတော်လေး တောက်ပခဲ့ကာ ဥရောပရဲ့ အကောင်းဆုံး အားကစားဒါရိုက်တာ အဖြစ်တောင် ဆုရခဲ့ဖူးသူ ဖြစ်ပါတယ်။ လီဗာပူးရဲ့ လူသစ် စုဆောင်းမှု ဘာလို့ အရမ်းကောင်းရတာလဲလို့ အတ်ဝပ်နဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံမှုကနေ ကာရေဂါက မေးမြန်းခဲ့ဖူးပါတယ်။ အဖြေကတော့ သူထင်သလို မဟုတ်ခဲ့ပါဘူး။ ကာရေဂါက… Continue Reading →

ဒီတစ်ချက်ကို လုပ်နိုင်ရင် မန်ယူအသင်း Top 4 မဝင်စရာ ဘာအကြောင်းမှ မရှိဘူးလို့ နဗီး သတိပေး

နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက်တိုက်ကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ Top 4 နေရာအတွက် ပြန်လည် စိန်ခေါ်လာနိုင်ပြီ ဖြစ်ပါတယ်။ အခုဆိုရင် အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၅ မှတ်ပဲ ကွာဟတော့တာမို့ ရာသီကုန်ရင် ချန်ပီယံလိဂ်ဝင်ခွင့် ၁ နေရာအတွက် စပါး၊ ဗီလာတို့ကို ကျော်ဖြတ်နိုင်မယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။ သရဲနီဟောင်းကတော့ ‘ သူတို့ လုပ်နိုင်ပါတယ်၊ ချန်ပီယံလိဂ်ဝင်ခွင့်က ရကိုရမှာပါ။ အခုဆိုရင် သူတို့ စပါးနဲ့က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑