မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်ကတော့ ဒီရာသီမှာ အာဆင်နယ်အသင်း ကြောက်ရလောက်တဲ့ ဥရောပပြိုင်ဘက်ဟာ များများစားစား မရှိပါဘူးလို့ ထုတ်ပြောလာပါတယ်။ ၇ နှစ်ကြာ ဝေးကွာနေတဲ့ ဥရောပပြိုင်ပွဲကို ဒီရာသီမှာ တစ်ကျော့ပြန် ပါဝင်လာခဲ့ပေမယ့် အာဆင်နယ်ရဲ့ ချန်ပီယံဖြစ်နိုင်ချေ ရေပန်းစားမှုက မြင့်မားနေပါတယ်။ ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ အာဆင်နယ်ဟာ ကွာတားဖိုင်နယ်ထံ တက်ရောက်မယ်လို့လည်း မှန်းဆခံနေရတယ်။ ‘ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်က အဝေးကြီးထိကို ရောက်သွားနိုင်ပါတယ်။ ဆီးမီးဖိုင်နယ်နဲ့… Continue Reading →
အာဆင်နယ် နည်းပြ အာတီတာကတော့ ချန်ပီယံလိဂ်ပြိုင်ဘက်အသင်း ပေါ်တိုရဲ့ အတွင်းသတင်းတွေ ဖော်ထုတ်ပေးနေတဲ့ ဂန်းနားတစ်ဦးအား ကျေးဇူးတင်နေပါတယ်။ ဒဏ်ရာကနေ ပြန်လာတဲ့ ကွင်းလယ် ကစားသမား ဖာဘီရို ဗီအဲရာ က သူ့အသင်းဟောင်း ပေါ်တိုနဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်တွေကို အာတီတာ အား ပြောပြပေးခဲ့တာပါ။ ” ဖာဘီယို (ဗီအဲရာ) နဲ့ ပတ်သတ်ပြီးတော့ အတော် ကျေနပ် ပျော်ရွှင်ရပါတယ်။ သူ့အတွက်လည်း ခက်ခဲတဲ့ ကာလကနေ ပြန်လာရတာပါ။ သူက သိပ် တန်ဖိုးရှိတဲ့ ပါရမီရှင်… Continue Reading →
လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ခံစစ်ပိုင်းကို အာရုံစိုက်မှာဖြစ်ကာ ခံစစ်မှူးနဲ့တကွ ဂိုးသမား တစ်ဦးတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ခံစစ်မှူးနေရာအတွက် ပဲလေစ့်အသင်းမှ ခံစစ်မှူး ဂူဟီကို ဦးစားပေး ပစ်မှတ်အဖြစ် ရွေးချယ်လာပါတယ်။ အားကစားဒါရိုက်တာသစ် ရထားပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း ဂူဟီကို ခေါ်ယူလိုနေတာကြောင့် နှစ်သင်း အပြိုင်ချိတ်ဆက်ရမှု ဖြစ်လာဖွယ် ရှိနေပါတယ်။ လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာသစ် မရသေးသလို ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ နည်းပြသစ်လည်း မခန့်ရသေးတာကြောင့် ဂူဟီကို ခေါ်ယူရေးဟာ ခပ်မြန်မြန်ဖြစ်လာမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့်… Continue Reading →
ဒီအပတ်မှာတော့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ပြန်လည် စတင်လာပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဂန္တဝင်ကြီး ဖီးသွန်ပ်ဆန်က အခုလို ခန့်မှန်းပေးလာပါတယ်။ Porto v Arsenal အာဆင်နယ်က သိပ်ကောင်းတဲ့ ပုံစံကောင်းတွေရနေသလို နောက်ဆုံး အဝေးကွင်း ၂ ပွဲမှာ ၁၁ ဂိုးထိ သွင်းထားပါတယ်။ သူတို့က အဲ့ပွဲတွေကို ၀-၅၊ ၀-၆ တွေနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ပေါ်တိုအသင်း ဘာအခွင့်အရေးမှ မရနိုင်ဘူးလို့… Continue Reading →
ချယ်ဆီး လက်ထောက် အသင်းခေါင်းဆောင် ဘမ်ချီဝဲလ်ကတော့ နည်းပြပိုချက်တီနိုနဲ့အတူ ပထမဆုံးသော ပြည်တွင်း ဆုဖလားတစ်လုံး အောင်မြင်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ကုန်ခဲ့တဲ့ ၁၇ နှစ်အတွင်း ၁၃ ကြိမ်မြောက် ပြည်တွင်းဖလား ဖိုင်နယ်ထံ တက်ရောက်လာတဲ့ ချယ်ဆီးဟာ ဖလားပြိုင်ပွဲတွေမှာ သိပ်ပြီး ရလဒ်မကောင်းထားပါဘူး။ ဝင်ဘာလေမှာ ယှဉ်ပြိုင်ထားတဲ့ နောက်ဆုံးသော ဖိုင်နယ်ပွဲ ၇ ကြိမ်မှာ ၆ ကြိမ်ထိကို ချယ်ဆီးတို့ ရှုံးနိမ့်ထားပါတယ်။ ချီဝဲလ်ကိုယ်တိုင်ကလည်း ချယ်ဆီးအသင်းနဲ့ ပြည်တွင်းဖလား ဖိုင်နယ်ပွဲကို ၃ ကြိမ် တက်ရောက်ထားကာ ၃… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑