မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ရိုင်ယန်ဂစ်ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့်အသင်းကို ဟောကိန်းထုတ်လိုက်ပြီဖြစ်ပါတယ်။ ဆာဂျင်ရက်ကလစ်နဲ့အတူ အသင်းဟောင်းရဲ့ အုပ်ချုပ်မှုပိုင်း အပြောင်းအလဲတွေဟာ ဂစ်ကို စိတ်လှုပ်ရှားစေပါတယ်။ ဒီရာသီ တာထွက်မကောင်းပေမယ့် လက်တလောမှာ ယူနိုက်တက်ဟာ Top 4 နေရာအတွက်လည်း စတင် ဖိအားပေးနေပါပြီ။ ဂစ်ကတော့ လီဗာပူးမှာ ကလော့ပ် ထွက်ခွာခြင်းနဲ့ ဘဏ္ဍာရေးဟန်ချက်ညီမှုအရ အာဆင်နယ်တို့ လူသစ် ခေါ်ယူနိုင်စွမ်း နည်းပါးခြင်းတွေကြောင့် ယူနိုက်တက်ရဲ့ ဖလား အောင်မြင်နိုင်ချေဟာ ထိပ်ဆုံးကို ရောက်လာပြီလို့ မြင်ပါတယ်။ ပရီးမီးယားလိဂ်ဖလားနဲ့ ပတ်သက်လို့… Continue Reading →
ဆာဂျင်ရက်ကလစ်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ၃ နှစ်အတွင်း ထိပ်ဆုံးအဆင့်တွေထံ ပြန်ရောက်အောင် တည်ဆောက်ပြီး အင်္ဂလန်လိဂ်ကို ဦးဆောင်နေတဲ့ မန်စီးတီး၊ လီဗာပူးတို့ကို ရှင်းထုတ်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။ INEOS အဖွဲ့ဟာ ယူနိုက်တက် ပူးတွဲပိုင်ရှင်တွေ ဖြစ်လာတဲ့နောက် အိုးထရတ်ဖိုဒ့်ကို ပြန်လည် ပြုပြင်မှုတွေ လုပ်ရာမှာ ကွင်းနဲ့တကွ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲတွေလည်း ပါဝင်လာတာပါ။ နွေအသုံးစရိတ်လည်း ပြင်ဆင်ထားသေးတဲ့ ယူနိုက်တက်ဟာ အနာဂတ်မှာ ဆုဖလား ပြန်လည်စိန်ခေါ်ဖို့ ရည်မှန်းထားကြောင်းနဲ့ မြောက်ပိုင်းက အင်အားကြီး ပြိုင်ဘက်တွေကို ကျော်တက်ဖို့ပါ ရည်ရွယ်ထားကြောင်း သိလာရပါတယ်။… Continue Reading →
ဝင်ဘာလေမှာ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလားကို အနိုင်ရမယ်ဆိုရင် ချယ်ဆီးကစားသမားတွေ အနိုင်ရမယ့် ဆုကြေးဟာ နည်းပါးလွန်းလှကြောင်း ဒေးလီးမေလ်းက ဖော်ထုတ်လာပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အေဘရာမိုဗစ် လက်ထဲကနေ ချယ်ဆီးအသင်းကို တော့ဘိုးလေနဲ့ အပေါင်းအပါတို့ဟာ ပေါင် ဘီလျံနဲ့ချီ အကုန်အကျခံ ဝယ်ယူခဲ့တာပါ။ ဒီစျေးကွက်တွေအတွင်း ၎င်းတို့ဟာ အသုံးစရိတ် ပေါင် ဘီလျံနဲ့ချီ ထပ်မံ ကုန်ကျခံပြီး လူစာရင်း တစ်ခုကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ကာရာဘောင်းဖလား အနိုင်ရခဲ့ရင် ချယ်ဆီးဘက်က အသင်းသားတွေကို ဆုကြေး ပေါင် ၅၀၀၀၀၀… Continue Reading →
အန်ဖီးကွင်းမှာ လီဗာပူးကို ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့နောက် သူတို့အသင်း ဦးဆောင်ဂိုး စသွင်းခဲ့မိတာဟာ အမှားကြီးတစ်ခုဖြစ်ခဲ့တယ်လို့ လူတန်နည်းပြက ဝန်ခံပါတယ်။ လူတန်ဘက်က ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းမှာ လီဗာပူးအသင်း ခြေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ လူတန်တောင်းနည်းပြက “ အန်ဖီးကွင်း ဒေါသထွက်အောင် ကျနော်တို့ သွားဆွခဲ့မိတယ် မဟုတ်လား? ဒုတိယပိုင်းမှာ အန်းဖီးကွင်းဘာလဲ၊ လီဗာပူးအသင်း ဘာလဲဆိုတာကို ကျနော်တို့ မြင်ခဲရပါတယ်။ သူတို့ ပါဝါအပြည့်နဲ့ ဘောလုံးကစားခဲ့တယ်။ သူတို့ရဲ့ ကောင်တာ-ဖိအားပေးက မယုံနိုင်စရာပဲ။… Continue Reading →
ချန်ပီယံလိဂ်မှာ ပေါ်တိုအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် ပြိုင်ဘက််အသင်းရဲ့ ဘောလုံးကစားလိုစိတ် မရှိဘဲ ခံစစ်ပဲ ပိတ်ထားချင်တဲ့ နည်းစနစ်ကို အာတီတာက ထုတ်ဖော် ဝေဖန်ခဲ့ပါတယ်။ အာတီတာက ‘ ကျနော်တို့က ခံစစ်ပိုင်း ပိတ်ကစားဖို့ အသားကျနေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ဒီပွဲကနေ သင်ယူပြီး နောက်ပွဲမှာ ပိုကောင်းအောင် ကစားသွားပါမယ်။ ကျနော်တို့အသင်းရဲ့ အကောင်းဆုံး အရည်အချင်းကတော့ စိတ်ဓါတ်ပိုင်းပါပဲ။ ကျနော်တို့က ဘောလုံးကစားချင်တယ်။ ခံစစ်ပဲပိတ်ထားပြီး ဘောလုံးကစားလိုစိတ် မရှိတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရတာတောင် ကျနော်တို့ရဲ့ ပြင်းပြမှုက နည်းပါးမသွားခဲ့ပါဘူး ’… Continue Reading →
The Overlap အစီအစဉ်ကနေ ဂယ်ရီနဗီးက တချိန်က အသင်းဖော်ဟောင်း ရွန်းနီကို လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ဖို့ ဆန္ဒရှိမရှိ မေးမြန်းခဲ့ပါတယ်။ ရွန်းနီဟာ ဘောလုံးသမားဘဝက အနားယူပြီးနောက် လက်ထောက် နည်းပြအဖြစ် အလုပ်လုပ်ခဲ့သေးပြီး ကိုယ်တိုင် မန်နေဂျာအဖြစ် တာဝန်ယူချိန်မှာတော့ အောင်မြင်မှု မရဖြစ်နေခဲ့တာပါ။ နဗီးရဲ့ မေးခွန်းကို ရွန်းနီကတော့ ” အခြေအနေပေါ် မူတည်ပါတယ် “လို့ တုန့်ပြန်ခဲ့တယ်။ သူက ဆက်ပြီး ပြောရာမှာ ” ဂွာဒီယိုလာက ကျနော်ကို သူ့လက်ထောက် လာလုပ်ပါဆိုရင်တော့ မန်စီးတီးကို ချက်ခြင်း… Continue Reading →
© 2024 Myan News — Powered by WordPress
Theme by Anders Noren — Up ↑