Date

February 26, 2024

လီဗာပူးပရိသတ်တွေရဲ့ play ခံရလို့ ထထိုးလိုစိတ်တွေ ပေါက်ခဲ့တဲ့ အန်ဇို

လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်း ဖိုင်နယ်ပွဲမှာ အန်ဇိုဟာ ပြိုင်ဘက်အသင်း ပရိသတ်ကို လက်ပါတော့မယ့် အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ လီဗာပူးနဲ့ ချယ်ဆီးဟာ မိနစ် ၉၀ နဲ့ နာကျင်အချိန်ပို မိနစ် ၃၀ တွေကို ကစားခဲ့ပြီး သရေရလဒ်ကြောင့် ပင်နယ်တီထိ သွားရတော့မလို ဖြစ်ခဲ့ပါတယ်။ နာကျင်အချိန်ပို ပြီးခါနီး ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ချယ်ဆီးတို့ အရှုံးပေးခဲ့ရတာပါ။ ဆုတံဆိပ် လက်ခံဖို့ အသင်းဖော်တွေနဲ့အတူ ကွင်းအပေါ်ကို တက်လာခဲ့ချိန် အန်ဇိုဟာ အတော်လေး စိတ်ပျက်နေပုံ ရခဲ့ပါတယ်။ ဝင်ဘာလေ… Continue Reading →

ချန်ပီယံဖြစ်အပြီး ကာရာဘောင်းဖိုင်နယ် ဒိုင်လူကြီးကို ပေါ်တင် ဖဲ့သွားတဲ့ နည်းပြကလော့ပ်

လီဗာပူးနည်းပြ ကလော့ပ်ကတော့ ကာရာဘောင်းဖလားရအပြီးမှာ ကွင်းလယ်ဒိုင် Chris Kavanagh ဟာ ဖိုင်နယ်လိုပွဲတွေကို ကိုင်နိုင်လောက်တဲ့ ဒိုင်မျိုး မဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။ လီဗာပူးအသင်းဟာ သမိုင်းမှာ ၁၀ ကြိမ်မြောက်အဖြစ် လိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ပေးဆပ်မှုတွေ ရှိခဲ့သေးကာ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ ချယ်ဆီး ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ အဝင်ကြမ်းမှုကြောင့် ကွင်းထဲက ထွက်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က ဘာပြစ်ဒဏ်မှ မပေးခဲ့သလို ဖောင်းအဖြစ်တောင် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။ စကိုင်းစပေါ့ကနေ ကလော့ပ် ပြောရာမှာတော့ ‘… Continue Reading →

ဖိုင်နယ်မှာ လီဗာပူးကို ရှုံးသွားတဲ့နောက် ပိုချက်တီနိုအပေါ် ချယ်ဆီးပရိသတ်တွေရဲ့ သဘောထား

ကာရာဘောင်းဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့နောက် နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်သင့်ပြီလို့ ချယ်ဆီးပရိသတ်တွေက တုန့်ပြန်လာပြီဖြစ်ပါတယ်။ ဒီရာသီ အနိမ့်အမြင့်တွေ အများကြီး ရင်ဆိုင်နေရတာကို ချယ်ဆီးပရိသတ်တွေ သည်ခံနိုင်ခဲ့ပေမယ့် မနက်က ဖိုင်နယ်ပွဲမှာ အကယ်ဒမီ ကစားသမား အများအပြားတဲ့ လီဗာပူးအသင်းကို အောက်ကနေ ကစားခဲ့ပြီး ရှုံးပါရှုံးခဲ့ချိန်မှာ ဒေါသတွေက အပြင်ဘက်ကို ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီး ပရိသတ် တစ်ဦးက “ ဒီဖလားကို လက်လွတ်ပြီးတည်းက ပိုချက် ထုတ်ခံရသင့်ပါပြီ ” လို့ ဝေဖန်ခဲ့တယ်။ အခြားတစ်ဦးကလည်း “… Continue Reading →

ပွဲစဉ် ၁၂ ပွဲပဲအကျန် ဘယ်အသင်းက ချန်ပီယံဖြစ်နိုင်ချေ ပိုများလဲ အလန်ရှီးယား သုံးသပ်

ဒီအပတ်မှာလည်း လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ် ၃ သင်းလုံး နိုင်ပွဲထပ်ရပေမယ့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ စီးတီးရဲ့ သမ္ဘာက အသာရသွားမယ်လို့ အလန်ရှီးယားက မြင်နေပါတယ်။ လီဗာပူးအသင်းဟာ ဒဏ်ရာ ပြဿနာတွေနဲ့အတူ ရာသီကုန်မှာ ကလော့ပ် ထွက်တော့မှာမို့ နည်းပြအတွက် ဖလားယူပေးလိုတဲ့ ဖိအားတွေ ရှိနေတာပါ။ အာဆင်နယ်ကလည်း မနှစ်က ခြေချော်ဖူးတာကြောင့် ဒီတစ်ကြိမ် ထပ်ဖြစ်မလားဆိုတဲ့ ဖိအားမျိုး ဝင်နေနိုင်ကြောင်း သုံးသပ်ခံနေရပါတယ်။ ဘယ်အသင်း ဖလားရဖို့ ရေပန်းစားသလဲအတွက် အလန်ရှီးယားကတော့ ‘ သီတင်းပတ်တိုင်းမှာ တစ်သင်းသင်းတော့ ရမှတ်တွေ… Continue Reading →

ပေါင်ဘီလျံနဲ့ချီ သုံးစားမရတဲ့ အသင်းလို့ နဗီး မှတ်ချက်ပေးမှုကို ပိုချက်တီနို တုန့်ပြန်

လီဗာပူးအသင်းက ချယ်ဆီးအသင်းကို အနိုင်ရခဲ့တာဟာ ကလော့ပ်ရဲ့ ကလေးတစ်သိုက်က ပေါင် ဘီလျံနဲ့ချီ သုံးမရတဲ့ ချယ်ဆီးကို အနိုင်ယူခဲ့တာလို့ ဂယ်ရီနဗီးရဲ့ ပြောဆိုမှုဟာ ပြောသင့်တဲ့ စကားမျိုး မဟုတ်ဘူးလို့ ပိုချက်တီနိုက တုန့်ပြန်လိုက်ပါတယ်။ ဒုတိယပိုင်းမှာ ကလော့ပ်က လူငယ်တွေကို ဦးစားပေး ထည့်သုံးခဲ့သလို ချယ်ဆီးကို ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရချိန်မှာ ကွင်းထဲ ရှိနေတဲ့ သူ့ ကစားသမား ၁၁ ဦးထဲက ၆ ဦးဟာ လီဗာပူးအကယ်ဒမီက လာတဲ့သူတွေ ဖြစ်ပါတယ်။ နဗီးက ချယ်ဆီးအသင်း ဂိုးပေးရချိန်… Continue Reading →

ဖာဒီနန်ရဲ့ ဝေဖန်ချက်ကို စကားတစ်ခွန်းတည်းနဲ့ တုန့်ပြန်သွားတဲ့ အာဆင်နယ် တိုက်စစ်သမား ဆာကာ

ဆာကာဟာ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ အကောင်းဆုံး ကစားသမားအဖြစ် ခြေစွမ်းပြနေပေမယ့် သရဲနီဟောင်း ဖာဒီနန်ကတော့ သူ့ရဲ့ ကမ္ဘာ့အဆင့် ကစားသမား ၁၂ ဦးစာရင်းမှာ ဂန်းနားအသင်းသားကို ချန်လှပ်ခဲ့ပါတယ်။ ၎င်းကပဲ ဆာကာအနေနဲ့ သူရွေးချယ်တဲ့ ကမ္ဘာ့အဆင့်ထဲ ပါလိုတယ်ဆိုရင် ချန်ပီယံလိဂ်မှာ တစ်ခုခု စွမ်းဆောင်ပြရပါမယ်လို့ သတိပေးခဲ့သေးတာပါ။ စနေနေ့က နယူးကာဆယ်ကို ရင်ဆိုင်ရတဲ့ပွဲမှာ ဆာကာက ကိုယ်တိုင် ၁ ဂိုး သွင်းနိုင်တဲ့နောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးထိ ရလာခဲ့ကာ ရွှေဖိနပ်ဆုကို စိန်ခေါ်နေပြီဖြစ်ပါတယ်။ ဖာဒီနန်ရဲ့ ကမ္ဘာ့အဆင့်… Continue Reading →

ငယ်နိုင်လိုဖြစ်နေတဲ့ ပိုချက်တီနိုရဲ့ ချယ်ဆီးကို ယူ-၂၁ လူငယ်တွေနဲ့ အနိုင်ယူပြီး လီဗာပူး ကာရာဘောင်းချန်ပီယံဖြစ်လာ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကာရာဘောင်း ဖိုင်နယ်ပွဲမှာ လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့ ချယ်ဆီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ အဓိက တိုက်စစ်သမားတွေ၊ ကွင်းလယ်လူတွေ မပါဝင်တဲ့ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို ပွဲစကတည်းက အပေါ်စီးက လွှမ်းမိုးကစားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပွဲအစကတည်းက လီဗာပူးကို ခြေစွမ်းကော စိတ်ဓါတ်ပိုင်းမှာ မယှဉ်နိုင်ခဲ့ပါဘူး။ လီဗာပူးဘက်က ဖိအားပေးပုံတွေ ကောင်းသလောက် စတာလင်၊ ဂျက်ဆန် ဦးဆောင်တဲ့ ချယ်ဆီးတိုက်စစ်က အတော်လေး ညံ့ဖျင်းလှပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဘောလုံးက ဘယ်လိုကန်ကန် လီဗာပူးခြေထဲ ဘောလုံး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑