Date

June 7, 2024

သွေးသစ်ဝင်းလှိုင် ရှုံးနိမ့်ခဲ့ပြီး ONE Friday Night မှာ မြန်မာဖိုက်တာတွေရဲ့ မှတ်တမ်းကောင်း ရပ်တန့်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယနေ့ကျင်းပခဲ့တဲ့ ONE Friday Night ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ ကျော် သွေးသစ်ဝင်းလှိုင်ဟာ ထိုင်းဖိုက်တာ ခွန်ဆက်ကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ထိုင်းဖိုက်တာ ခွန်ဆက်ဟာ သူ့ထက် အတွေ့အကြုံရင့်တဲ့ သွေးသစ်ဝင်းလှိုင်ကို ဘယ်လို ထိုးရမလဲ ကောင်းကောင်းနားလည်ထားခဲ့ပါတယ်။ သွေးသစ်ကို သိပ်အကပ်မခံဘဲ ခွာထိုးနိုင်အောင် ကြိုးစားကာ အသာစီးထိုးသတ်ပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။ အရပ်အမောင်းကောင်းတဲ့ ထိုင်းဖိုက်တာဟာ ကန်ချက်ကောင်းတွေနဲ့အတူ အသာစီး ကစားပြခဲ့သလို အနီးကပ်တွေမှာလည်း ထိုးကွက်နဲ့ တံတောင်ပေးတွေ ကောင်းမွန်ခဲ့တာပါ။ အထူးသဖြင့်… Continue Reading →

ပြည်တွင်းရွှေစျေးကွက် အထိနာနေပြီး စျေးကွက်ပျက်သလောက်ရှိနေ

လက်ရှိ ပြည်တွင်း ရွှေဈေးကွက် အခြေအနေကတော့ ပြင်ပ ဈေးကွက်မှာ ဈေးကွက်ပေါက်ဈေး ပျောက်ဆုံးနေပြီး ရွှေကို တန်းစီစနစ်နဲ့ ဝယ်ယူနေရတဲ့ ဖရိုဖရဲ အခြေအနေမျိုးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။ ရွှေနဲ့ ဒေါ်လာဈေး အရမ်းကို မြင့်တက်နေခြင်းကြောင့် လုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ဆောင်လာရာက ရွှေစျေးကွက် အထိနာလာခဲ့တာပါ။ ရွှေလုပ်ငန်းရှင်တွေကို ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း အရောင်း၊ အဝယ် ပြုလုပ်ရမယ်လို့ အသိပေး ထုတ်ပြန်ထားတယ်။ တချိန်တည်းမှာ သတ်မှတ်စျေးကို ကျော်ရောင်းခြင်း၊… Continue Reading →

အာဆင်နယ် အပါဝင် EPL ကလပ် ၁ဝ သင်းကျော်က မန်စီးတီး ပရီးမီးယားလိဂ်ကို တရားစွဲတာ သဘောမတူတဲ့ဘက်က ရှိနေ

ဒီအပတ်ထဲမှာပဲ ပရီးမီးယားလိဂ် ကို တရားစွဲဆိုလိုက်တဲ့ မန်စီးတီးအသင်းရဲ့ လုပ်ရပ်ကို ပြိုင်ဘက် အင်္ဂလန် ကလပ် အသင်း အချို့က ထောက်ခံနေသလို အာဆင်နယ် အသင်း အပါအဝင် ကလပ် ၁ဝ သင်းကျော်ကလည်း ဆန့်ကျင်တဲ့ သဘောထား ရှိတယ်လို့ သိရပါတယ်။ ကလပ်အသင်း ပိုင်ရှင်တွေ အသင်းနဲ့ ကိုယ်ပိုင် အခြား စီးပွားရေး လုပ်ငန်းတွေကြား တဖက်လှည့် ဝင်ငွေဖန်တီး၊ စပွန်ဆာ ပေးတဲ့ ကိစ္စတွေ မလုပ်နိုင်အောင် တင်းကြပ်ထားတဲ့ APT စည်းမျဉ်းကို ကြွယ်ဝတဲ့ အသင်းပိုင်ရှင်တွေကတော့… Continue Reading →

၄၈ သိန်းအောက် ရောက်သွားခဲ့ပြီဖြစ်တဲ့ ယနေ့ ရွှေဈေး (ဇွန်လ ၇ ရက်၊ သောကြာနေ့)

ရွှေနဲ့ ငွေလဲဈေးတွေကို သက်ဆိုင်ရာက ထိန်းလို့ လက်ရှိမှာ ပြည်တွင်းရွှေစျေး ကျဆင်လာပါတယ်။ ဒီကနေ့ ရွှေအသင်း သတ်မှတ်တဲ့ ပြည်တွင်းရွှေစျေးဟာ ၄၈ သိန်း အောက်ကို ရောက်လာခဲ့ပါပြီ။ ယနေ့ ရွှေဈေး (ဇွန်လ ၇ ရက်၊ သောကြာနေ့ နံနက် ၉ နာရီ) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၁ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၉၃၁၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက်… Continue Reading →

အာဆင်နယ်ကို ရှုံးလို့ ချန်ပီယံဖြစ်ဖို့ သေချာခဲ့တာလို့ မန်စီးတီး ဥက္ကဋ္ဌ ဆို

မန်စီးတီး ဥက္ကဋ္ဌဖြစ်သူ Al Mubarak က အာဆင်နယ်ကို အဝေးကွင်းမှာ ရှုံးခဲ့တာကြောင့် သူတို့အသင်း ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်မယ်ဆိုတာ သိခဲ့တယ်လို့ ဆိုပါတယ်။ စီးတီးဟာ ၄ ရာသီဆက် ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့အသင်းဖြစ်ကာ အနီးကပ်ပြိုင်ဘက် အာဆင်နယ်နဲ့ ၂ မှတ်အကွာဖြင့် ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့အသင်းဟာ အောက်တိုဘာတုန်းက အာဆင်နယ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ကာ မတ်လမှာ ယှဉ်ပြိုင်ကစားတဲ့ အီတီဟက်ပွဲမှာတော့ ၀-၀ သရေကျခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ရှုံးပွဲဟာ စီးတီးကို တွန်းအားဖြစ်စေခဲ့တာပါ။… Continue Reading →

ပထမဆုံး ရှင်းထုတ်မှုအဖြစ် ၂၂ သား ကြယ်ပွင့် ကစားသမားကို ရောင်းထုတ်တော့မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေမှာတော့ လူစာရင်းထဲက အသင်းသားအချို့ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပြီလို့ စကိုင်းဂျာမနီက ဖော်ပြပါတယ်။ ဂျာမာန်ကလပ် မိန့်ဇ်အသင်းကို တရာသီ အငှားချထားတဲ့ နယ်သာလန် ခံစစ်မှူး ဆပ်ဗန်ဒန်ဘတ်ဟာ လီဗာပူးကနေ ထွက်ခွာလိုတာကြောင့် သူ့ကို ဒီနွေမှာ ဘွန်ဒက်လီဂါ ကလပ်တစ်သင်းထံ ရောင်းချရမယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိနေတဲ့ ဗန်ဒန်ဘတ်က သူအသင်းပြောင်းလိုကြောင်း အသိပေးထားကာ ကလပ်ဘက်က မီးစိမ်းပြလာမှာကို စောင့်ဆိုင်းနေပါတယ်။ ဘွန်ဒက်လီဂါထံ ရောက်ဖို့ သတင်းကြီးနေတဲ့ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးအတွက်… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑