Date

June 9, 2024

တိုက်စစ်သမားတွေက သူ့ကို ရင်ဆိုင်ဖို့ ကြောက်လာကြပြီလို့ ပြောလာတဲ့ အာဆင်နယ် ခံစစ်မှူး ဆာလီဘာ

ပြင်သစ်သား ခံစစ်မှူး ဆာလီဘာက သူဟာ ဒီနှစ်တွေအတွင်းမှာ အများကြီး တိုးတက်လာနေပြီး ဥရောပ အကောင်းဆုံး ကစားသမား ဆုရှင်ဟောင်း ဗန်ဒိုက်လောက် နီးနီး အနေအထားကို ရောက်လာနေပြီလို့ ကြွေးကြော်ပါတယ်။ ကုန်ခဲ့တဲ့ ၂ ရာသီအတွင်း ဆာလီဘာဟာ အာဆင်နယ်နဲ့အတူ ထွန်းတောက်လာနေခဲ့သူပါ။ သူဟာ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက ၁ ဦးအဖြစ် ရှိနေခဲ့သူ ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲ အကြိုမှာ ဆာလီဘာက “ ကျနော်က နိမ့်ချတတ်တဲ့ လူတစ်ဦးပါ။ ဒါပေမယ့်… Continue Reading →

အာဆင်နယ် အပါအဝင် EPL အသင်းကြီးများ ဒီနွေဈေးကွက်မှာ ခေါ်ယူနိုင်ဖွယ် ရှိတဲ့ တိုက်စစ်မှုးများ

ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး အသင်း တို့ဟာ ပြီးခဲ့တဲ့နှစ် နွေတုန်းက ခေါ်ခဲ့တဲ့ တိုက်စစ်မှုးသစ်တွေ မဟန်တာကြောင့် ဒီနွေမှာ တိုက်စစ်မှုး ထပ်ခေါ်ဖို့ ရှာဖွေနေကြပါတယ်။ အာဆင်နယ်ကလည်း မန်စီးတီးကို ယှဉ်ဖို့ ရည်မှန်းကာ ချယ်ဆီးမှ ကိုင်ဟာဗက်ဇ် ကို ခေါ်ယူခဲ့ပေမယ့် ဂျာမန်သား ဟာ သွင်းဂိုးတွေ သွင်းဖို့တော့ ဒေါင်ဒေါင်မြည် အားကိုးရသူ မဟုတ်ခဲ့ပါဘူး။ ဒီနွေ ဈေးကွက်ထဲမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေက ဘယ်လို တိုက်စစ်မှုးတွေ ခေါ်ယူနိုင်ဖွယ်… Continue Reading →

ကစားသမား တစ်ဦးကို ဖယ်ထုတ်တဲ့ ဆောက်ဂိတ်ကို သဘောမကျတဲ့ အင်္ဂလန်အသင်းသားများ

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ၂၆ ဦးပါ အပြီးသတ် လူစာရင်းကို ရွေးထုတ်လိုက်ပြီဖြစ်ကာ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်ကြမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အင်္ဂလန်လူစာရင်းမှာ ဟယ်ရီ မက်ဂွဲရား မပါဝင်တော့ဘဲ သူ့မှာ ခြေသလုံး ဒဏ်ရာ ရှိနေတာကြောင့် လူစာရင်းကနေ ဖယ်ထုတ်ခဲ့တာလို့ နားလည်ရပါတယ်။ နည်းပြဆောက်ဂိတ်ကတော့ မန်စီးတီး တိုက်စစ်သမား ဂရီလစ်ကိုလည်း လူစာရင်းထဲက ဖယ်ထုတ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားကို ယူရိုထံ မခေါ်သွားတာအတွက်တော့ သဘောမကျကြောင်း ပြသမှုတွေလည်း… Continue Reading →

သရဲနီ ၂ဦးကို ခေါ်ဖို့ တိုက်တွန်းသူ၊ ဂွီးမားရက်စ်နဲ့ နီဗက်စ်၊ ကာဇိုလာကို ခေါ်နေတဲ့ အာတီတာ နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်တို့ စောင့်ကြည့်နေတဲ့ ကွင်းလယ်လူ ဂျာအို နီဗက်စ် အတွက် ဘင်ဖီကာ အသင်းဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ အနည်းဆုံး ရရှိချင်နေပါတယ်။ နည်းပြ အာတီတာဟာ အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်းကြီး ကာဇိုလာ ကို နည်းပြအဖွဲ့ဝင်အဖြစ် လာရောက် တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အာဆင်နယ် နောက်ခံလူ ဆာလီဘာ ကတော့ ပရီးမီးယားလိဂ် ကြယ်ပွင့် နောက်ခံလူ ဗာဂျေး ဗန်ဒိုက် လိုပဲ သူ့ကို ပြိုင်ဘက် တိုက်စစ်မှုးတွေက… Continue Reading →

ကမ္ဘာ့ရွှေစျေး ပြန်ကျသွားရခြင်း အကြောင်းရင်း

ဧပရယ်နဲ့ မေလ ဝန်းကျင်တွေမှာ ကမ္ဘာ့ရွှေစျေးဟာ တအောင်စကို ၂၃၀၀-၂၄၀၀ ဒေါ်လာထိ တရှိန်းထိုး မြင့်တက်လာခဲ့ကာ အမြင့်ဆုံး စျေးတန်းကို ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့ရွှေဟာ ကနဦးမှာတည်းက ရုရှား-ယူကရိန်း အရေးနဲ့ ဂါဇာ အရေးတို့လို စစ်ပွဲကြီးတွေကြောင့် အမြင့်ဆုံးတန်းကို ရောက်နေနေခဲ့တာပါ။ ကမ္ဘာ့ရွှေ မြင့်တက်နေချိန် တရုတ်ဗဟိုဘဏ်က သူတို့ရဲ့ အရံရွှေတွေကို တိုးမြင့်ထည့်သွင်းခဲ့ခြင်းကလည်း စျေးကွက်ကို မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီး ၂ ခုကြောင့် စျေးတန်းတစ်ခု ထိုးတက်လာခဲ့တဲ့ ကမ္ဘာ့ရွှေဟာ နောက်ပိုင်းမှာ တရုတ်ရဲ့ ဝယ်လိုအားကြောင့်… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑