Month

July 2024

အကြောင်းရင်းရှိလို့ ကျောနံပါတ် ၃၃ တောင်းဆိုခဲ့တဲ့ ခံစစ်မှူးသစ် ကယ်လာဖီအိုရီ

အာဆင်နယ်အသင်းဟာ ဘိုလော့ညာ ခံစစ်မှူး ကယ်လာဖီအိုရီကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ဆာလီဘာ၊ ဂါဘရီရယ်၊ ဘမ်ဝှိုက်၊ ကီဝီအာတို့ရှိနေတဲ့ ခံစစ်ပိုင်းကို အားဖြည့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အီတလီသားအတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း အကုန်အကျခံ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ကယ်လာဖီအိုရီဟာ အာဆင်နယ်မှာ ကျောနံပါတ် ၃၃ ကို ဝတ်ဆင်ကစားပါမယ်။ အစဉ်အလာအားဖြင့် အဆိုပါနံပါတ်ကို အာဆင်နယ်အသင်းမှာ ဂိုးသမားတွေ ဝတ်ဆင်ကြတာဖြစ်ကာ မတ်ရိုင်ယန်၊ ပီတာချက်တို့လို ဂိုးသမားဟောင်းတွေ ဝတ်ဆင်ခဲ့ပါတယ်။ ဘန်တနာကလည်း အရင်တုန်းက ကျောနံပါတ် ၃၃… Continue Reading →

၅၃၀၀ ကျော်သွားတဲ့ ဒေါ်လာနဲ့ ဆက်တိုက် တက်နေတဲ့ ဇူလိုင် ၃၁ ရက် နိုင်ငံခြားငွေလဲနှုန်းများ

စျေးကွက် ဝယ်လိုအား အရမ်းများနေတဲ့ အမေရိကန်ဒေါ်လာစျေး ဆက်တက်နေပြီး ယနေ့ ဇူလိုင် ၃၁ မှာတော့ ၁ ဒေါ်လာကို ကျပ် ၅၃၀၀ ကို ကျော်သွားခဲ့ပါပြီ။ ဒေါ်လာအပြင် လူသုံးများတဲ့ ထိုင်းဘတ်၊ စင်္ကာပူဒေါ်လာ၊ တရုတ်ယွမ်စျေးနှုန်းတွေလည်း တက်နေသလို နိုင်ငံခြားငွေလဲနှုန်း အားလုံး အတက်ရှိနေပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်း (ဇူလိုင်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့) – အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၃၅၀ ကျပ် ဝယ်ဈေး – ၅၂၅၀ ကျပ်… Continue Reading →

တပည့်ကျော် ဖြစ်တဲ့ စီးတီး ကြယ်ပွင့်ဟောင်း၊ လက်ရှိ ဘိုင်ယန်တိုက်စစ် ဆာနေးကို အာတီတာ ခေါ်ယူချင်နေ

အာဆင်နယ် နည်းပြအာတီတာက သူနဲ့အတူ မန်စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂျာမနီ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ Sky Sportsကနေ ဖော်ပြလာခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာတော့ ဗဟိုခံစစ်ရော ဘယ်ခြမ်းခံစစ်မှာပါ ကစားနိုင်တဲ့ အီတလီ ခံစစ်ကစားသမားလေး ရီကာဒို ကာလာဖီအိုရီကို တရားဝင် ခေါ်ယူလိုက်နိုင်တာကြောင့် တခြားလိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို ဆက်တိုက် လုပ်ဆောင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ နွေရာသီဈေးကွက်မပိတ်ခင်မှာ နောက်ထပ်ကစားသမားသစ် ခေါ်ယူမှုတွေ… Continue Reading →

ပြင်ပပေါက်စျေး ၆၈ သိန်း ကျော်သွားတဲ့ ယနေ့ ဇူလိုင် ၃၁ ရက်နေ့ ပြည်တွင်းရွှေစျေး

ကျပ်ငွေတန်းဖိုး ကျဆင်းခြင်းနဲ့အတူ နိုင်ငံခြားငွေတွေ ဝယ်ယူမှု များပြားလာခြင်းမှာ ကမ္ဘာ့ရွှေနဲ့ ဒေါ်လာစျေးအပေါ် မူတည် တွက်ချက်တဲ့ ရွှေစျေးဟာလည်း လိုက်တက်လာတာပါ။ မြန်မာရွှေသမိုင်းမှာ အမြင့်ဆုံး စျေးတန်းတစ်ခုကို ရောက်ရှိလာပေမယ့် ပွင့်လင်းတဲ့ စျေးကွက်မရှိသလို လွတ်လပ်စွာ ဝယ်ယူလို့မရတဲ့ ရွှေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှု နည်းပါးသွားပါတယ်။ ယခင်နှစ် ဒီလိုအချိန်တွေနဲ့ နှိုင်းယှဉ်မရအောင် အရောင်းအဝယ် အေးနေတယ်လို့ စျေးကွက်တွင်းက စုံစမ်းသိရှိရပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၀၅ ဒေါ်လာ… Continue Reading →

ပြိုင်ဘက်နှစ်သင်းထက် စပိန်ကွင်းလယ် မယ်ရီနို ကို ခေါ်ယူနိုင်ဖို့ အရေးသာနေပြီ ဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘိုလော့ဂ်ညာမှာ အီတလီ ခံစစ်ကစားသမား ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူပြီးတဲ့နောက် နောက်ထပ် ကစားသမားသစ်အဖြစ် စပိန် ကွင်းလယ်လူ မီခယ်လ် မော်ရီနိုကိုပါ ထပ်မံ ခေါ်ယူဖို့အခြေအနေကောင်းနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်က ခံစစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းထားပြီးတဲ့နောက် ကွင်းလယ်ပိုင်းအတွက် မယ်ရီနို ၊ ဖေဘီယန် ရုစ်ဇ် ၊ ဇူဘာမန်ဒီ နဲ့ လူငယ် ကွင်းလယ်ကစားသမားလေး အီဇီကွီရယ် ဖာနန်ဒက်ဇ်ကိုပါ ပစ်မှတ်ထားလို့နေပြီး ဒီထဲကမှ မယ်ရီနိုကို ပိုမို ဦးစားပေး အလိုရှိနေပါတယ်။ အသက် (၂၈)နှစ်အရွယ်… Continue Reading →

ဒေါ်လာစျေး ၅၂၀၀ ကျော်သွားတဲ့ ယနေ့ ဇူလိုင် ၃၀ ရက် နိုင်ငံခြားငွေလဲနှုန်းများ

အမေရိကန် ဒေါ်လာအပြင် ထိုင်းဘတ်၊ စင်္ကာပူဒေါ်လာ၊ တရုတ်ယွမ် အစရှိတဲ့ နိုင်ငံခြားငွေအားလုံး စျေးထိုးတက်နေပါတယ်။ ကျပ်ငွေတန်ဖိုး အတော်ကျလာနေခြင်းဖြစ်ကာ စျေးကွက်မှာတော့ အရောင်းရှားပြီး ဝယ်လိုအား အရမ်းများနေပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်း (ဇူလိုင်လ ၃၀ ရက်၊ အင်္ဂါနေ့) – အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၂၅၀ ကျပ် ဝယ်ဈေး – ၅၁၅၀ ကျပ် – ယူရို ရောင်းဈေး – ၅၅၆၃ ကျပ် ဝယ်ဈေး – ၅၃၇၁ ကျပ်… Continue Reading →

အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရမယ့် နှစ် ရောက်ပြီ လို့ အခိုင်အမာ သုံးသပ် ထောက်ခံလိုက်သူ

ချယ်ဆီး တိုက်စစ်မှုးဟောင်းကြီး ဖြစ်သလို လက်ရှိ TalkSPORT မှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ တိုနီ ကက်စကာရီနို က လာမယ့်ရာသီဟာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရမယ့် နှစ် ရောက်ပြီ လို့ ခန့်မှန်းလာပါတယ်။ ကက်စကာရီနို က မန်စီးတီးအသင်း ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းလာခဲ့တာ ၃ ရာသီ ဆက်တိုက်လောက် ရှိနေပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူက အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ပထမဆုံး ပြောလာခဲ့တာပါ။ “ နောက်ရာသီ ဘယ်အသင်းက အကြီးမားဆုံး… Continue Reading →

ပြည်တွင်းရွှေသမိုင်းမှာ အမြင့်ဆုံးစျေးတန်း ရောက်လာတဲ့ ယနေ့ ဇူလိုင်လ ၃၀ ရက် ရွှေစျေး

ယနေ့ ပြည်တွင်းရွှေစျေးဟာ ဒေါ်လာအတက်နဲ့အတူ အမြင့်ဆုံးတန်းကို ရောက်လာခဲ့ကာ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၆၅ သိန်း ဝန်းကျင်ကို ရောက်လာနေပါတယ်။ ကမ္ဘာ့ရွှေနဲ့ ရွှေအသင်းစျေးတွေကတော့ အပြောင်းအလဲ သိပ်မရှိလှသလို ထွက်ပေါ်နေတဲ့ ပြင်ပပေါက်စျေးနဲ့လည်း အရောင်းအဝယ် ဖြစ်တာမျိုး နည်းပါးပါတယ်။ အခုချိန်ဟာ စျေးကွက်ထဲဝင်ဖို့ သတိပြုရမယ့် အချိန်ဖြစ်တယ်လို့ ဝါရင့် ရွှေလုပ်ငန်းရှင်တွေက သတိပေးထားပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၃၀ ရက်၊ အင်္ဂါနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၉၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း… Continue Reading →

ဒေါ်လာစျေးအတက်မှာ ဝယ်လိုအားမရှိပေမယ့် ပြင်ပရွှေစျေး ၆၅ သိန်းထိ တက်လာ

ပြည်တွင်းမှာ ရွှေအသင်း သတ်မှတ်စျေးအတိုင်း ရောင်းချဖို့ သတိပေးထားတဲ့ ရွှေစျေးဟာ ပြင်ပစျေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၆၅ သိန်းနီးပါး ရောက်ရှိနေပြီလို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ရွှေဈေးကွက်ဟာ ရွှေအသင်း သတ်မှတ်စျေးအတိုင်း အရောင်းအဝယ် မလုပ်နိုင်တာကြောင့် မှောင်ခိုစျေးဖြစ်လာနေပြီး ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်လာခဲ့ကာ စျေးကွက်ပျောက်ဆုံးလာခဲ့တာပါ။ ယခင် ရွှေအပေါ် ရင်းနှီးမြုပ်နှံသူတွေက ပြည်တွင်းရွှေဆိုင်တွေရဲ့ ပွင့်လင်းမှုမရှိခြင်း၊ အခဲနဲ့ ၁၆ ပဲရည်တွေကို ထုတ်ရောင်းခြင်းမရှိဘဲ အထည်တွေကို အလျော့တွက် အများအပြားဖြင့် ရောင်းချခြင်းတွေကြောင့် ရွှေစျေးကွက်ကို ကျောခိုင်းပြီး နိုင်ငံခြားငွေကြေးတွေဘက်… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑