Date

July 7, 2024

မန်ယူ လူသစ် ၂ ဦးရဖို့ ရှိခြင်း၊ အာဆင်နယ်နဲ့ ချယ်ဆီးတို့ စျေးကွက်တွင်း လှုပ်ရှားနေခြင်းနဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး ဇီရီဇီးကို ခေါ်ယူရေးကိစ္စ အောင်မြင်စွာ အပြီးသတ်နိုင်ရေး အမြန်ဆုံး အားထုတ်နေပါပြီ။ အာဆင်နယ်အသင်းဟာ ခံစစ်မှူး ရီကာဒို ကယ်လာဖီအိုရီနဲ့ တစ်နှစ်လုပ်ခ ယူရို ၄ သန်း ပေးမယ့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပါပြီ။ ဘိုလော့ညာအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။ နာပိုလီဘက်က တိုက်စစ်မှူး အိုဆင်မန်အတွက် ပေါင် သန်း ၁၁၀ အောက်ဖြင့် စကားပြောလိုပေမယ့် ချယ်ဆီးကတော့ သူ့ကို ခေါ်ယူရေး ညိနှိုင်းမှု ဝင်ဖွယ် မရှိတော့ပါဘူး။ ဝုဗ်… Continue Reading →

ဇူလိုင်လ ၇ ရက်နေ့ အမေရိကန်ဒေါ်လာ၊ ဘတ်၊ ယွမ် အစရှိတဲ့ ငွေလဲနှုန်းများ

ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက် ပြည့်မီအောင် ဆောင်ရွက်ဖို့ဆိုရင် လူတိုင်းလိုအပ်တဲ့ နိုင်ငံခြားငွေ ပမာဏကို အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်အပါအဝင် လိုင်စင်ရ ငွေလဲကောင်တာအားလုံးမှာ ရောင်းဝယ်နိုင်တဲ့အခြေအနေရှိမှသာ တရားမဝင်ကြိုက်ရောင်းကြိုက်ဝယ်စျေးကွက်ပျောက်ကာ တည်ငြိမ်တဲ့စျေးတန်းကိုရရှိနိုင်မှာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ ဒီရက်တွေထဲ ဆက်တိုက်တက်နေတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေဟာ ဒီကနေ့မှာတော့ ရပ်တန့်နေပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်း (ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေနေ့) – အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၄၆၁၀ ကျပ် ဝယ်ဈေး – ၄၅၀၀ ကျပ် – စင်္ကာပူဒေါ်လာ ရောင်းဈေး… Continue Reading →

ပြင်ပရွှေစျေး ၅၆ သိန်းဝန်းကျင်မှာ ရှိနေတဲ့ ဇူလိုင်လ ၇ ရက်နေ့ ပြည်တွင်းရွှေစျေး

ပြည်တွင်းမှာ ရွှေအသင်းစျေးနဲ့ ပြင်ပပေါက်စျေး ကွာဟချက်ဟာ ကျပ် ၁၀ သိန်းခွဲဝန်းကျင်ထိ ရှိလာနေသလို အရောင်းအဝယ် ပိုပိုပြီး အေးစက်လာပါတယ်။ ပွင့်လင်းတဲ့ အရောင်းအဝယ် လုပ်ဆောင်လို့ မရခြင်းနဲ့အတူ ကျပ်ငွေကျဆင်းမှုကို ကာမိဖို့ရာ ရွှေထက် အခြားသော ရင်းနှီးမှုတွေဘက်ကို ပိုမို ဦးလှည့်သွားတာမျိုး ဖြစ်လာနေကြောင်း ရွှေစျေးကွက်ကနေ သိရှိရပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၈၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ… Continue Reading →

ဆွစ်နဲ့ပွဲ ခြေစွမ်းပြကာ ဘက်ခမ်း စံချိန်ကို ကျော်သွားပြီ ဖြစ်တဲ့ အာဆင်နယ်နဲ့ ဂန်းနားတိုက်စစ် ဆာကာ ပွဲပြီးပြောစကား

အာဆင်နယ်နဲ့ အင်္ဂလန်အသင်း တိုက်စစ်ကြယ်ပွင့်ကစားသမား ဆာကာဟာ ဆွစ်ဇာလန်ကို အနိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲမှာ ခြေစွမ်းပြကစားပြီး ဆီမီးဖိုင်နယ် တက်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒီပွဲမှာ ဆာကာ က ပွဲစဉ် အကောင်းဆုံး ကစားသမား ဆုကိုပါ ရရှိခဲ့တာပါ။ ဆွစ်ဇာလန်အသင်းအတွက် အဖွင့်ဂိုးကို ၇၅ မိနစ်မှာ တိုက်စစ်မှူး အမ်ဘိုလိုက အနီးကပ်ပိတ်သွင်းခဲ့ပြီး ၅ မိနစ်အကြာမှာပဲ ဆာကာက ပယ်နယ်တီ ဧရိယာထိပ်နားကနေ လှလှပပကန်ပြီးတော့ အင်္ဂလန် အတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ အဲဒါကြောင့် ဆာကာဟာ ယူရိုရှုံးထွက်အဆင့်ပွဲစဉ်တစ်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး… Continue Reading →

© 2025 Myan News — Powered by WordPress

Theme by Anders NorenUp ↑