Date

November 2, 2024

လျော့တိလျော့ရဲ ဂန်းနားတို့ စိန့်ဂျိမ်းပါ့ခ်မှာ ရှုံးပွဲ ကြုံလိုက်ခြင်းနဲ့ အတူ ချန်ပီယံ မျှော်လင့်ချက် မှေးမှိန်လာခဲ့ခြင်း

စနေည စိန့်ဂျိမ်းပါ့ခ်မှာ ကန်တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ နယူးကာဆယ်ကို ၁-၀ ဖြင့် ရှုံးနိမ့်သွားတဲ့နောက် ရာသီစမှာတင် ချန်ပီယံ မျှော်လင့်ချက် အတွက် ကြီးမားတဲ့ ခြိမ်းခြောက်ခံရမှုတွေကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ ထရော့ဇတ်နဲ့ ဟာဗက်တို့ကို အထောင်ထားကာ ၄-၄-၂ ပုံစံဖြင့် ပွဲထုတ် လာပေမယ့် တိုက်စစ်ဦးဆောင်သူ ပျောက်ဆုံးနေခဲ့ပါတယ်။ ဖိအားပေးမှုတွေ မှန်ကန်ခြင်း မရှိသလို ခံစစ်ကို ပြန်ဆင်းရာမှာလည်း သေသပ်ခြင်းမရှိလှဘဲ ကောင်တာတွေကိုပါ မဖော်ဆောင်နိုင်ခဲ့ပါဘူး။ နယူးကာဆယ်တို့ ခပ်စောစောရခဲ့တဲ့ သွင်းဂိုးမှာဆိုရင် ဗဟိုခံစစ်မှူး… Continue Reading →

ယနေ့ November လ ( 2 ) ရက် စနေနေ့ နောက်ဆုံးရ ရွှေစျေး၊ ဒေါ်လာ၊ နိုင်ငံခြားငွေလဲနှုန်းများ

စျေးတန်းတွေက အကျဘက်မှာပဲ စျေးတန်း ရှိနေပါတယ်။ ပြည်တွင်းရွှေစျေးကတော့ ၆၄ ဝန်းကျင်မှာပဲ ရှိနေသေးကာ ကမ္ဘာ့ရွှေ အတက်ကြမ်းနေလို့ ဆက်ကျမယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။ ယနေ့  November လ ( 2 ) ရက်နေ့ ညနေ ( 5 ) နာရီ ဝန်းကျင် အရ ငွေဈေးနှုန်း ၊ ရွှေဈေးနှုန်း များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

ယနေ့ နိုဝင်ဘာလ (2) ရက် စနေနေ့ မနက်ပိုင်း ပြည်တွင်းရွှေစျေးများ

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် ပိတ်သိမ်းထားချိန် ပြည်တွင်းရွှေစျေး အနည်းငယ် အတက်ပြနေပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (နိုဝင်ဘာလ – 2 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၇၄၈ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၆၉၃၀၂၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၄၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၂၈၀၀၀၀ ကျပ်

ဒီည စိန့်ဂျိမ်းပါ့ခ်မှာ အာဆင်နယ် နယူးကာဆယ်ကို မနိုင်ဘူးလို့ ဟောကိန်းထုတ်လာတဲ့ ခရစ်ဆက်တန်

အာဆင်နယ် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ‘ီ စနေနေ့ ည မြန်မာစံတော်ချိန် ၇ နာရီ အချိန်၊ စိန့်ဂျိမ်းပါ့ခ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က နယူးကာဆယ် – အာဆင်နယ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။ ” ပြီးခဲ့တဲ့ ရာသီ… Continue Reading →

မန်ယူ အရှုံး အပါအဝင် ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေအတွက် ဟောကိန်းများ

ဒီအပတ်ပွဲတွေအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေဖြစ်ပါတယ်။ Newcastle United vs Arsenal အာဆင်နယ်အတွက် ပွဲကြီးပါပဲ။ နယူးကာဆယ်ပြီးရင် ချယ်ဆီးကို အဝေးကွင်း သွားကစားရဦးမှာပါ။ ဒီနှစ်ပွဲက ဂန်းနားတွေအတွက် အဓိကကျတဲ့ ပွဲစဉ်တွေ ဖြစ်လာပါလိမ့်မယ်။ ကျနော်ကတော့ အာဆင်နယ် နိုင်သွားမယ် ထင်ပါတယ်။ ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Newcastle United 1-2 Arsenal Liverpool vs Brighton ဘရိုက်တန်က ကောင်းရင် ဇွတ်ကောင်း၊ မကောင်းဘူးဆိုလည်း တော်တော်ကိုမကောင်းတာ။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑