ပြည်တွင်းစားဆန် ပေါ်ဆန်းတွေကို ပြည်ပဈေးကွက်ထံ တင်ပို့ရောင်းချတာကြောင့် ဈေးတက်ကြောင်း ကုန်သည်အချို့က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ဒီဇင်ဘာလ ၄ ရက်နေ့က အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ သဘာဝဘေးဒဏ်ကြောင့် အထွက်နှုန်းတွေ အလွန်ထိခိုက်တယ်ဆိုတဲ့ ဈေးနှုန်းမြှင့်တင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်နေတဲ့ သတင်းမှားတွေဟာ မဟုတ်မမှန်သတင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆန်ဈေးနှုန်းတွေကို တိုးမြှင့်ရောင်းချတဲ့ ကြော်ငြာတွေ၊ ဆန်ဈေးနှုန်းတွေကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရတယ်လို့လည်း MRF ရဲ့ ထုတ်ပြန်ချက်မှာ… Continue Reading →
ကမ္ဘာ့ရွှေစျေး ခပ်ပါးပါး ပြန်တက်လာနေပြီး ပြည်တွင်းမှာတော့ ရွှေစျေး အပြောင်းအလဲ သိပ်မရှိဘဲ နိုင်ငံခြားငွေလဲနှုန်းတွေ အနည်းငယ် အတက်ပြန်ပါတယ်။ ယနေ့ December လ ( 9 ) ရက်နေ့ ညပိုင်း နောက်ဆုံးရ ငွေဈေးနှုန်း ၊ ရွှေဈေးနှုန်း များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
လက်ရှိရန်ကုန် အိမ်ခြံမြေဈေးကွက်သည် သီတင်းကျွတ်ကာလ ကျော်လွန်လာသော်လည်း အရောင်းအဝယ် အေးစက်နေကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင်များထံမှ သိရသည်။ ပုံမှန်အားဖြင့် သီတင်းကျွတ်ကာလအပြီး အိမ်ခြံမြေဈေးကွက် အလုပ်ဖြစ်လေ့ရှိသော်လည်း ယခုအခါတွင်မှု ၂၀၂၄ ကုန်လို့ ၂၀၂၅ ကူးတော့မယ့် လက်ရှိအချိန်ထိ အရောင်းအဝယ် မရှိသလောက် အေးစက်နေကြောင်း သိရသည်။ ရန်ကုန်မှာ အိမ်ခြံမြေ အရောင်းအဝယ် ငြိမ်သက်နေပေမယ့် နယ်မြေဒေသ အများအပြားမှ ရွှေ့ပြောင်းလာသူတွေကြောင့် တိုက်ခန်း၊ ကွန်ဒိုတွေအပြင် အိမ်အငှားစျေးကွက် ပိုမိုသွက်လာနေကြောင်း သိရသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် ကြီးကြီးမားမား ထိခိုက်နေချိန် အိမ်နီးချင်းနိုင်ငံဖြစ်သည့်… Continue Reading →
လက်ရှိကုန်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သုံးစွဲမှုအစား ထိုင်းဘတ်နဲ့ ယွမ်ငွေ သုံးစွဲမှုပိုများလာနေပါတယ်။ ဒါကလည်း ထိုင်းဘတ် မကျဆင်းခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်လာပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (ဒီဇင်ဘာလ ၉ ရက်) -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၄၄၄၀ ကျပ် ဝယ်ဈေး – ၄၃၄၀ ကျပ် -ယူရို ရောင်းဈေး – ၄၆၉၀ ကျပ် ဝယ်ဈေး – ၄၅၈၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၀၁၅ ကျပ် ဝယ်ဈေး… Continue Reading →
ကမ္ဘာ့ရွှေစျေး အနည်းငယ် အတက်ပြပါတယ်၊ ပြည်တွင်းရွှေစျေးဟာ ပါးပါးတက် ပါးပါးကျ သဘောတရားဖြင့် ၆၀-၆၃ ကြားမှာ အတက်အဆင်း ရှိနေတာ လအနည်းငယ် ကြာမြင့်နေပြီဖြစ်ပါတယ်။ ငွေတန်ဖိုးကျတာကို “ကာကွယ်ဖို့” ရွှေဝယ်ရတာပါဆိုတဲ့ ကာလဟာ ကုန်ဆုံးနေပြီလား မေးခွန်းတစ်ခုဖြစ်လာပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (ဒီဇင်ဘာလ – ၉ ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၄၄ ဒေါ်လာ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းစျေး – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၃၁၀၀၀၀ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)… Continue Reading →
မနေ့ညက ဖူလ်ဟမ်နဲ့ ပွဲမှာ အာဆင်နယ်အသင်းက လိုအပ်တဲ့ အနိုင်ရလဒ်ကို မဖော်ဆောင်နိုင်ခဲ့ဘဲ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။ Set Pieces ဆရာကြီး လို့ နာမည်ရသလို အထူးသဖြင့် ထောင့်ကန်ဘောတွေက အာဆင်နယ်အတွက် ဂိုးရဖို့ ထက်မြက်တဲ့လက်နက်တစ်ခုဖြစ်လာပေမယ့် ဒါကပဲ အာဆင်နယ် ရဲ့ အကြီးမားဆုံး အားနည်းချက် တစ်ခု ဖြစ်လာပါတယ်။ အခုဆိုရင် အာဆင်နယ်တို့ Open Play ကနေ ဂိုးရဖို့ ရုန်းကန်နေရသလိုဖြစ်နေပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲမှာ သွင်းခဲ့တဲ့ ဂိုးအများစုက ထောင့်ကန်ဘောက… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑