Date

September 19, 2019

လီဗာပူးနဲ့ ကိုင်းဟာဗက်၊ တီမိုဝါနာတို့ကြား အပြောင်းအရွှေ့ နောက်ဆုံးရ အခြေအနေ

လီဗာပူးဟာ အပြောင်းးအရွှေ့ ဈေးကွက်မှာ အင်အားဖြည့်ဖို့ လူငယ်အချို့ကို ကင်းထောက်လွတ် စောင့်ကြည့်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး ကလပ်အသင်းနဲ့ နာမည်အထွက်ဆုံး ကစားသမားများ စာရင်းမှာတော့ ဘွန်ဒက်လီဂါမှ ကြယ်ပွင့်ကစားသမားတွေ ပါဝင်နေပါတယ်။ လီဗာပူးဟာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုက်ဇစ်မှ တီမိုဝါနာကို စိတ်ဝင်စားပေမယ့် ဂျာမနီလက်ရွေးစင်က ဒီနွေမှာ လေးနှစ်သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုထားပါတယ်။ အဲ့သည်မတိုင်ခင်က သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့က သတင်းကြီးနေခဲ့ပြီး ဇန်နဝါရီမှာ အကြိုသဘောတူညီမှုရဖို့ အပြိုင်ကြိုးစားမယ်လို့တောင် သိထားရတာပါ။ လိုက်ဇစ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ Krosche က… Continue Reading →

ဒီအပတ် ယှဉ်ပြိုင်ရမယ့် လီဗာပူးပွဲမတိုင်ခင် သတိပေးစကား ပြောဆိုလိုက်တဲ့ လမ်းပတ်

ချယ်ဆီးနဲ့ လီဗာပူးတို့ဟာ ဒီအပတ်မှာတော့ စတမ်းဖိုဒ့်ဘရစ်မှာ ပြိုင်ဘကက်တွေအဖြစ် ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ကြမှာပါ။ နှစ်သင်းလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရေးနိမ့်မှုကနေ ပြန်လာနိုင်ဖို့ ဒီအပတ်ပွဲကို အာရုံစိုက်နေကြမှာပဲ ဖြစ်ပါတယ်။ မန်နေဂျာလမ်းပတ်ကတော့ တစ်ခါတစ်လေမှာ စွမ်းဆောင်ရည်ကောင်းတိုင်း ရလဒ်ကောင်းတစ်ခုကို အောင်မြင်နိုင်မှာ မဟုတ်ကြောင်း ထုတ်ပြောမှုနဲ့အတူ လိဂ်ရဲ့ အကောင်းဆုံးအသင်းဖြစ်နေတဲ့ လီဗာပူးကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ အသင်းသားတွေကို သတိပေးစကား ပြောဆိုပါတယ်။ လမ်းပတ်ကပဲ ” နောက်ဆုံး ကစားထား ပရီးမီးယားလိဂ်ပွဲမှာ ကျနော်တို့က ဝုဗ်ကို ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်ကတော့… Continue Reading →

မန်ယူက ဟာလန်းကို ခေါ်ယူလိုကြောင်း သတင်းကို အကောင်းမြင်နေတဲ့ ဆိုးရှားနဲ့ ကစားသမားရဲ့ဖခင်

ဆဲလ်ဘတ်နဲ့ ဂျန့်တို့ ထိပ်တိုက်တွေ့တဲ့ပွဲမှာ သြစတြီးလျကလပ် ဆဲလ်ဘတ်အသင်း ၆-၂ နဲ့ အနိုင်ရစေဖို့ အဓိကကျတဲ့ တိုက်စစ်မှူးဖြစ်ခဲ့သူ ဟာလန်းကို မန်ယူအသင်း ခေါ်ယူဖို့ ကြိုးစားမယ်လို့ သတင်းတွေ ထွက်နေတဲ့နောက် မန်နေဂျာဆိုးရှားနဲ့ ကသစားသမားရဲ့ ဖခင်ဖြစ်သူတို့က တုန့်ပြန်မှုတွေ လုပ်လာခဲ့ပြီဖြစ်ပါတယ်။ နော်ဝေသားလေး ဟာလန်းဟာ လက်ရှိ မန်ယူမန်နေဂျာ ဆိုးရှားနဲ့ တစ်နိုင်ငံထဲသားတွေဖြစ်ပြီး မိုလ်ဒီအသင်းမှာ ဆိုးရှားကိုယ်တိုင် ပွဲထွက်ခွင့်ပေးလို့ ကစားသမားဘဝကို စတင်နိုင်ခဲ့တာပါ။ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်သမားဟာ ၂၀၁၈ ခုနှစ်မှာ ဆဲလ်ဘတ်ကို ပေါင်… Continue Reading →

အိုဇေးနဲ့ ပက်သက်ပြီး အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့တဲ့ အမ်မရီ

အာဆင်နယ်မန်နေဂျာ အမ်မရီက ဒီရာသီ ပထမဆုံးသော ပွဲထွက်ကစားခွင့်အဖြစ် ဝတ်ဖို့နဲ့ပွဲ တစ်ပွဲတည်းမှာ ပွဲထွက်လူစာရင်းနေရာက ပါဝင်ခဲ့ပြီး မိနစ် ၇၀ နီးပါး ကစားခဲ့ရတဲ့ ကွင်းလယ်လူ အိုဇေးကို ယူရိုပါလိဂ်ပွဲမှာ အနားပေးကာ လူစာရင်း အပြောင်းအလဲ ပြုလုပ်မယ်လို့ ထုတ်ပြောလာပါတယ်။ အမ်မရီကတော့ တနင်္ဂနွေနေ့တုန်းက ပွဲကစားထားရတဲ့ အိုဇေးကို အနားပေးဖို့ လိုတယ်လို့ ဆိုပြီး သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲအတွက်ပဲ လေ့ကျင့်စေမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခံစစ်သမား ဆိုကရေးတက်စ်ကိုလည်း ယူရိုပါလိဂ်ပွဲမှာ အနားပေးသွားတော့မှာဖြစ်ပါတယ်။ အမ်မရီက “… Continue Reading →

ချန်ပီယံလိဂ်မှာ ခြေစွမ်းတောက်ပနေတဲ့ ကစားသမားကို ခေါ်ယူလိုနေတဲ့ အာဆင်နယ်

ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေအဖြစ် ဆဲလ်ဘတ်အသင်းက ဂျန့်အသင်းကို ၆-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဟန်ဂေရီ ကွင်းလယ်ဖန်တီးရှင် Dominik Szoboszlai ကို ခေါ်ယူဖို့ အာဆင်နယ်တို့ စတင်ကာ လှုပ်ရှားနေပြီလို့ သိရပါတယ်။ ဆဲလ်ဘတ်အသင်း ၆-၂ နဲ့ အနိုင်ရမှုမှာ အဓိကကျတဲ့ တိုက်စစ်မှူးဖြစ်ခဲ့သူ ဟာလန်းကို ဥရောပ မီဒီယာတွေက အသားပေး ဖော်ပြလာပေမယယ့် Szoboszlai ဟာလည်း တောက်ပတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူပါ။ ၂၀၀၀ ခုနှစ်ဖွာ ကစားသမားလေးဟာ ဒီနွေကမှ အသက်… Continue Reading →

ရှက်တာကို ၅ ဂိုးလောက် ဂိုးပြတ် အနိုင်ရခဲ့သင့်တာလို့ ပွဲအပြီး ပြောဆိုတဲ့ ဂေါ်ဒိုဂန်

အရင်အပတ်က ပရီးမီးယားလိဂ်တန်းတက်ကလပ် နော်ဝစ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့သလို ဗဟိုခံစစ်မှာ ဒဏ်ရာပြသနာတွေ ရှိနေတဲ့ကြားက အဝေးကွင်းမှာ ရှက်တာဒိုးနက်ကို ဂိုးပြတ် အနိုင်ရတဲ့အပေါ် ကွင်းလယ်လူ ဂေါ်ဒိုဂန်က ကျေနပ်နေပါတယ်။ မန်စီးတီးးဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်ဖို့ဒ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ကြားရက်မှာလည်း ကာရာဘောင်ဖလား ပွဲစဉ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်တယ်။ အရေးပါတဲ့ အဆိုပါ ပွဲစဉ်တွေအတွက် နော်ဝစ် အရှူံးရလဒ်ကို အကောင်းဆုံး တုန့်ပြန်ပြဖို့ လိုအပ်ခဲ့ပြီး ဒါကို ပြသနိုင်ခဲ့တာအတွက် ဂျာမာန်သား… Continue Reading →

အင်္ဂလန်အသင်းတွေထဲ တစ်သင်းတည်းသော ချန်ပီယံလိဂ်အဖွင့်ပွဲ အနိုင်ရ မန်စီးတီး

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းက အဝေးကွင်းအဖြစ် ယူကရိန်းကလပ် ရှက်တာဒိုးနက်နဲ့ ယှဉ်ပြိုင်ရာမှာ မာရက်စ် တိုက်စစ်ခြေစွမ်းပြမှုကြောင့် မာရက်စ်၊ ဂေါ်ဒိုဂန်၊ ဂျီဆုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ – ၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ တစ်ရက်တည်း ယှဉ်ပြိုင်တဲ့ စပါးက ဂရိကလပ် အိုလံပီယာကိုစ့်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့သလို အစောပိုင်း ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ ချယ်ဆီးတို့က နာပိုလီနဲ့ ဗလန်စီယာတို့ကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုတွင်း အဖွင့်ပွဲစဉ်တွေမှာ တစ်သင်းတည်းသော အနိုင်ရ အင်္ဂလန်သအင်းအဖြစ် မန်စီးတီးကပဲ… Continue Reading →

ပီယာလို လက်သစ်ကို မန်ယူ ကင်းထောက်များ သွားရောက် စောင့်ကြည့်နေ

မန်ချက်စတာ ယူနိုက်တက်ဟာ အီတလီ စီးရီးအေ ကလပ် ဘရက်စီယာအသင်းက ကွင်းလယ်ကစားသမား ဆန်ဒရို တိုနာလီကို စောင့်ကြည့်ဖို့ ကင်းေ်ထာက်များ စေလွှတ်ခဲ့ကြောင်း အီတလီသတင်းများမှာ ဖော်ပြနေပါတယ်။ တိုနာလီကို ပီယာလို လက်သစ်လို့ အမည်တပ်ခြင်း ခံထားရပါတယ်။ ဘရက်စီယာ အသင်းကို စီးရီးအေထံ ပြန်ရောက်အောင် ကူညီပေးနိုင်မှုမှာ အဓိကကျသူ တစ်ဦးလည်းဖြစ်တဲ့ တိုနာလီဟာ ၂၀၁၇ ခုနှစ် သူ့ အသက် ၁၇ နှစ်နဲ့တင် စီနီယာပွဲတွေ ကို စတင်လာခဲ့သူပါ။ သူ့ကို ကာလရှည် စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ… Continue Reading →

လီဗာပူးရဲ့ အမှတ်ပေးဇယား ဦးဆောင်မှုအပေါ် အင်္ဂလန် မီဒီယာတွေ ဘယ်လိုမြင်ကြတယ်

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ နယူးကာဆယ် ကို ၃-၁ နဲ့ အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့ အကောင်းဆုံး ရှေ့ဆက်နေပါတယ်။ မန်ချက်စတာ စီးတီးကတော့ နောဝစ်ခ်ျကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် အခုဆို ဇယားထိပ်က လီဗာပူးနဲ့ ငါးမှတ်ကွာသွားပြီ ဖြစ်ပါတယ်။ ရာသီအစပဲ ရှိသေးတယ်ဆိုပေမယ့် ဥရောပချန်ပီယံတွေကို အထင်ကြီးဖို့ လုံလောက်တဲ့ အကြောင်းရှိပါတယ်။ Daily Mail ရဲ့ ဂျိုးဘန်စတိန်းက “လီဗာပူးဟာ ၂၀၁၇ အစောပိုင်းထဲက စလို့ အန်ဖီးမှာ မရှုံးခဲ့တာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!