Category

Celebrities

အမှုမှာ ရှုံးနိမ့်ခဲ့ရင် Live လွှင့်ပြီး ကိုယ့်ကိုယ်သတ်သေပြမယ် ဆိုတဲ့ ဒေါက်တာမြ၀တ်ရည်

ပွဲတိုင်းကျော်တဲ့ မတ်မတ် ဆိုပြီး လူပြောများနေတဲ့ ဒေါက်တာမမြဝတ်ရည် က မနေ့က Live Video တစ်ခုထပ်တင်ခဲ့တယ်။ အဲ့ဒါကတော့ ရွှေပြည်သာမီးသတ်ရှေ့မှာ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မီးသတ်ဦးစီး နဲ့ သူမတို့က တရားရုံးမှာ အပြန်အလှန်တရားစွဲထားကြပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲထားတဲ့အမှုမှာ သူမရှုံးနိမ့်ခဲ့ရင် Live လွှင့်ပြီး ကိုယ့်ကိုယ်ကို သတ်သေပြမယ်လို့ ကြိမ်းဝါးလိုက်တာပါ။ အဲ့ဒီလိုသတ်သေတဲ့အခါကျရင်လည်း သမ္မတဆီကို လိပ်မူပြီးမှ Live လွှင့်ပြီးသတ်သေပြမယ်လို့ပြောခဲ့တာပါ။ ဒီနိုင်ငံမှာနေရတာရှက်လို့၊ ကိုယ့်ရဲ့နစ်နာမှုကိုတောင် ကာကွယ်မှုမပေးနိုင်တာမို့လို့ သမ္မတကြီးဆီကို လိပ်မူပြီး သတ်သေပြမယ် လို့ Live Video… Continue Reading →

တေးရေးဝေကြီးနဲ့ ဖြစ်တဲ့ကိစ္စတွေ အကြောင်း ရှင်းလိုက်တဲ့ ခွန်းဆင့်နေခြည်

မင်းသမီး ခွန်းဆင့်နေခြည် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သူသီ ချင်းရေးခိုင်းထားတဲ့ တေးရေးဆရာ ကိုဝေကြီးနဲ့ ပတ်သက်ပြီး ပို့စ်လေးကို တင်ထားခဲ့ပါတယ်။ အဆက်သွယ်မရတာကြောင့် ရေးသားထားတဲ့ စာသားတွေကတော့ ပရိသတ်တွေကြားမှာ ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။ မခွန်းဆင့်ကတော့ ဘာကြောင့် သူတေးရေးဝေကြီးကို ဒီလိုပို့စ်တင်ပြီး ပြောတာလဲ ဆိုတာကို ဖြေရှင်းသွားပြီး လက်ရှိချိန်မှာလည်း အဆက်သွယ်ရနေပြီလို့ သိရပါတယ်။ သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ Sunday Journal နဲ့ အင်တာဗျူးမှာ တေးရေးဆရာ ကိုဝေကြီးနဲ့ ပတ်သက်ပြီး ပို့စ်တင်ဖြစ်တာက “အမ အခုစီးရီးတခု… Continue Reading →

ပြည့်သူအကယ်ဒမီနဲ့ ဆုကြေးတွေကို သက်ကြီးအနုပညာရှင်တွေအား လှူဒါန်းခဲ့တဲ့ ပိုင်ဖြိုးသုနဲ့ ဏကြီး

ရုပ်ရှင် သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးတို့က ပရိသတ်တွေစုပေါင်းကာ ချီးမြှင့်ခဲ့တဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီ ရုပ်တုနဲ့ ချီးမြှင့်ငွေများကို သက်ကြီးအနုပညာရှင်တွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့ဇာတ်ပို့သရုပ်ဆောင် များကို ခွဲဝေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ပြည်သူ့အကယ်ဒမီလို့ နာမည်ပေးထားတဲ့ အဆိုပါ ဆုကိုတော့ အနယ်နယ်အရပ်ရပ်က ရုပ်ရှင်ပရိသတ်တွေက ဆုပေါင်းပြီး ပေးအပ်ခဲ့တာပါ။ သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးတို့အား အဆိုပါ အကယ်ဒမီရုပ်တုနဲ့ ချီးမြင့်ငွေတွေကို လာရောက်ချီးမြှင့်သွားတာဖြစ်ပါတယ်။ အဲဒီဆုချီးမြင့်ငွေများအားလုံးကို သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့က “ကျန်းမာရေး မကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဘဘဦးမန်းဝင်း၊ ဘဘဦးပေါ်လေး၊ ဘဘဦးဝင်းနိုင်(အနုပညာ)၊ လေးလေးဦးဧရာနဲ့ မကြီးကစ်ကစ်၊… Continue Reading →

ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်ကြပါဆိုတဲ့ ‘ကြာတော့သည်လည်း မောင့်စကား’ မူပိုင်ရှင် ဂျူး

စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော် ဝတ္ထုတွေထဲက တပုဒ်ဖြစ်တဲ့ “ကြာတော့သည်လည်း မောင့်စကား” ဟာ ရုပ်ရှင်ကားကြီးအဖြစ် စတင် ရုံတင်လာခဲ့ပြီး ရုပ်ရှင်ပရိသတ်နဲ့ စာဖတ်ပရိသတ်တွေကြား အမြင်မတူမူတွေ အမျိုးမျိုးနဲ့ ပြောဆိုလာကြမှုတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ရွှေစည်တော် ထုတ်လုပ်ရေးက ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်မှာ နန္ဒအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကျော်အဖြစ် ထွန်းထွန်း၊ တင်တင်ဇော်အဖြစ် ဖွေးဖွေးတို့က ပါဝင်လာခဲ့ပြီး ရုပ်ရှင်နဲ့ အဓိက ကွဲလွဲတာကတော့ ပြင်ဦးလွင်ကို အခြေခံပြီး ရိုက်ကူးလာခြင်းပဲ ဖြစ်ပါတယ်။ စာရေးဆရာမ ဂျူးရဲ့ ကြာတော့သည်လည်း မောင့်စကား ဝတ္ထုကို… Continue Reading →

ဟိန်းမင်းသူနဲ့အကြောင်း ရှင်းပြလိုက်တဲ့ သင်ဇာဝင့်ကျော်

Sexy မော်ဒယ် မင်းသမီးသင်ဇာဝင့်ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက Facebook မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ ဟိန်းမင်းသူနဲ့ ပုံတွေအကြောင်းနဲ့ ပတ်သက်ပြီး အားလုံးက သိချင်နေကြတာကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ သင်ဇာဝင့်ကျော်က “အဲ့တာ အနှောက်ကြီးပါ အဲ့တာ သူနှောက်ပြီး တင်တာပါ။ နှောက်တာထက် သူက အဲ့လိုမျိုး ရိုက်ပြီး တင်ချင်တယ်ဆိုလို့လေ ဒါပေမဲ့ သူပြန်ပြီးတော့ ဖြေရှင်းပြီးပြီ ထင်ပါတယ်။ ဘယ်လိုပြောရမလဲ Comment တွေတောင် ရှင်းရှင်းပြောရရင် သိပ်ပြီးမဖတ်ဖြစ်ပါဘူး။”လို့ ပြောခဲ့ပါတယ်။ အဲ့လိုမျိုးနှောက်လိုက်လို့ ကိုယ့်ရဲ့ ဖူးစာရှင်တွေ့တာအခါမှာ တစ်မျိုး ဖြစ်သွားနိုင်လားလို့… Continue Reading →

အချစ်မှာ ပုံစံတွေ၊ Type တွေ၊ ငယ်တာ ကြီးတာတွေ ဘာမှမလိုဘူး ဆိုလာတဲ့ နန်းဆု

နန်းဆုရတီစိုးက အချစ်ရေးနဲ့ ပတ်သက်ပြီး အရမ်းကို ကံကောင်းသူလေးအဖြစ် ပရိသတ်တွေက အားကျနေရပါတယ်။ ဒါကြောင့် သူမခံယူထားတဲ့ အချစ်ရေးအကြောင်းလေးတွေကို Duwun ကနေတဆင့် ပြောပြထားတာလေးတွေ ပြန်လည် ဖော်ပြပေးလိုပါတယ်။ပာပြခဲ့ပါတယ်။ “နန်းဆုတို့ ခံယူထားတဲ့ အချစ်ကလေ သူအောင်မြင်နေတာ၊ သူအဆင်ပြေသွားတာကို ပြုံးပြီး ကြည့်နေချင်တာပေါ့နော်။ နှစ်ယောက်စလုံးကလေ ကိုယ်လုပ်ပေးလိုက်လို့ ပိုအောင်မြင်သွားရင် ပျော်တာပေါ့။ အဲ့ဒီလို စိတ်လေးတွေရှိကြတဲ့ အတွက် အချင်းချင်းကူညီပေးဖြစ်တာပါ ” လို့ သူက ဆိုပါတယ်။ G-Fatt နဲ့ နန်းဆုတို့ စုံတွဲလေးဟာ လက်ရှိမှာ ဂီတအလုပ်တွေလည်း… Continue Reading →

ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးပါဘူးဆိုလိုက်တဲ့ ဇဏ်ခီ

ပရိသတ်တွေက ခီမောင်နှံလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဇဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ မြန်မာ့ရုပ်ရှင်လောကကြီးကို တစ်နည်း တစ်ဖုံပြောင်းလဲ ပြီးပြန်လည် ဦးမော့လာစေခဲ့သူတွေ၊ ပရိသတ်တွေ စိတ်ဝင်စားမှုပြန်ရလာအောင် အဖတ်ဆည်ပေးခဲ့သူတွေဆိုရင်လည်းမမှားပါဘူး။ ခီမောင်နှံ ရိုက်တဲ့ကားဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေက ယုံကြည်ပြီးသားပဲလေ။ခီမောင်နှံရဲ့ရုပ်ရှင်ကားတွေဟာဆိုရင်လည်း ပေါကားတွေမဟုတ်ပဲ over acting တွေမပါပဲ အပိုအလိုမရှိကွက်တိဖြစ်ရအောင် ကြိုးစားရိုက်ကူးသရုပ်ဆောင်ထားကြတာကိုး။ ဇဏ်ခီက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ မြန်မာကားတွေက နိုင်ငံခြားကားတွေကို ပေါ်တင်တစ်မျိုး မသိမသာတစ်မျိုး ဖြတ်ညှပ်ကပ်တွေတစ်မျိုး ကြုံသလိုကော်ပီကူးနေကြတယ်လို့ပရိသတ်တွေက ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး ပြောလာခဲ့ပါတယ်။ ဇဏ်ခီကတော့ အနုပညာသမားအစစ်တစ်ဦးဖြစ်တဲ့အပြင် ပရိသတ်တွေကိုလေးစားသူတစ်ဦးလည်းဖြစ်တဲ့အလျောက် ကော်ပီဆိုရင်တော့ ဘယ်လိုကော်ပီမျိုးကိုမှအားမပေးဘူးလို့လည်း… Continue Reading →

နှင်းဆီပန်းတွေ အများကြီးနဲ့ Surprise လုပ်ခံလိုက်ရတဲ့ နွယ်နွယ်ထွန်း

Sexy ကျကျ အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ ဓာတ်ပုံမော်ဒယ် နွယ်နွယ်ထွန်း ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ သူမက ခုနောက်ပိုင်းမှာ ကြော်ငြာများလည်း လက်ခံရိုက်ကူးနေပြီး သရုပ်ဆောင်လုပ်ဖို့တော့ အစီအစဉ်မရှိသေးဘူး လို့သိရပါတယ်။ ဒီတစ်ခါမှာတော့ Photo Model နွယ်နွယ်ထွန်း ရဲ့ မွေးနေ့ ပုံရိပ်ကလေးတွေနဲ့ သူမ surprise လုပ်ခံရတဲ့ လက်ဆောင် လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မော်ဒယ်နွယ်နွယ်ထွန်းက သူမကို ချစ်တဲ့ ပရိသတ်တွေအတွက်… Continue Reading →

ခြူးလေး ရှင်းပြလာတဲ့ ချစ်သူဟောင်းနဲ့ နောက်ဆက်တွဲ ဇာတ်ကြောင်း

ပန်းနုသွေးဇာတ်လမ်းတွဲအပြင် ကမ်းခြေဇာတ်လမ်းတွဲလေးတွေနဲ့ပါ အောင်မြင်လာတဲ့ သရုပ်ဆောင်ခြူးလေးကို ပရိသတ်တွေတော်တော်များများ သိကြမှာပါ။ အခုလတ်တလောမှာ ခြူးလေးနဲ့ပတ်သက်ပြီး စိတ်မကောင်းစရာသတင်းတစ်ပုဒ်က ပရိသတ်တွေကြားထဲပျံ့နှံ့လို့နေပါတယ်။ အဲဒါကတော့ နှစ်နှစ်ကျော်သုံးနှစ်အတူလက်တွဲလာတဲ့ချစ်သူနဲ့ပြတ်စဲသွားရတာကြောင့် ခြူးလေးက တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်ခဲ့တယ်ဆိုတာပါပဲ။ အဲဒီသတင်းကိုကြားရတဲ့ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ရပြီး ခြူးလေးရဲ့ ရည်းစားဟောင်း ဟိန်းကိုကိုကျော်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတွေဖြေနေခဲ့ပါတယ်။ ခြူးလေးက မကြာသေးမီက ပရိသတ်တွေကိုဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းပြလာခဲ့ပါတယ်။ ခြူးလေးက လက်ရှိမှာ account တွေအကုန်လုံး ဒီထားပေမယ့် ပရိသတ်တွေရဲ့ အားပေးစာတွေ စိတ်မကောင်းဖြစ်တဲ့ စာတွေ အကုန်ဖတ်ရကြောင်းကို “ပရိသတ်တွေက မေတ္တာထားပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!