အခုတလော သားငါး၊ ပုစွန်၊ အသီးအရွက်တွေကို ဖော်မလင် စိမ်ထားတာမျိုးတွေ အရမ်းသတင်းထွက်နေတာပါ။ ဒါဆို ဖော်မလင် သုံးထားတဲ့ သား ငါး ပုဇွန် ၀ယ်လာမိရင် မချက်ပြုတ်မီ ဘာတွေလုပ်သင့်သလဲ ဖော်ပြပေးလိုပါတယ်။ ဖော်မလင်ကို ဘယ်လိုရှောင်ကြမလဲ။ အသား၊ ငါး၊ ပုစွန်တွေကို အိမ်ရှင်မတွေအမြင်မှာ လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ဖော်မလင်တွေ ထည့်တယ်။ အသီးအနှံတွေမှာလည်း ဖော်မလင်တွေ သုံးလာကြတယ်။ အစားအသောက်တွေကို စစ်ဆေးမှုအားနည်းတဲ့နိုင်ငံတွေမှာ မသမာတဲ့လူတွေက ဖော်မလင်ကို သုံးကြတယ်။ ဖော်မလင် သုံးထားသလား မသုံးထားသလားဆိုတာ စစ်ဆေးတဲ့ နည်းပညာတွေရှိပါတယ်။ ဒါပေမဲ့… Continue Reading →
လူငယ်တွေအတွက် အောင်မြင်ရေးပို့စ်လေးတွေ ရေးတင်မိတယ်။ ပို့စ်တစ်ခုအောက်မှာ လူငယ်တစ်ယောက်က မေးခဲ့တယ်။ ‘အရင်းအနှီးမရှိမှတော့ သူများဆီမှာပဲ လုပ်ရတော့မှာပေါ့’ တဲ့။ သူပြောတာအမှန်ပါပဲ။ မြန်မာပြည်က လူငယ်အများစုအတွက်လည်း ဒါဟာ အဓိကပြဿနာဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ အနောက်တိုင်းက စာအုပ်တွေဖတ်၊ နိုင်ငံတကာ ဟောပြောချက်တွေနားထောင်ပြီး လူငယ်တွေ တိုးတက်ဖို့ အကြံပေးနေကြတယ်။ တခါတလေ ပြည်တွင်းက လူငယ်တွေရဲ့ လက်တွေ့ပြဿနာတွေနဲ့ အလှမ်းကွာနေကြတယ်။ တခြားနိုင်ငံတွေမှာ ၀န်ထမ်းတွေအတွက် တိုးတက်ခွင့်တွေရှိပေမဲ့ မြန်မာပြည်မှာတော့ အလုပ်ရှင်တွေသာ ချမ်းသာသွားတယ်။ အောက်ခြေ၀န်ထမ်းတွေကတော့ မွဲပြီးရင်း မွဲရင်းပါပဲ။ ဒါကို ရှေးရိုးစွဲလူတွေ လုပ်ငန်းရှင်တွေက… Continue Reading →
ထိုင်းနိုင်ငံ လေလံပွဲတစ်ခုမှာ အသီးတို့ရဲ့ဘုရင်လို့ဆိုရမယ့် ဒူးရင်းသီးတစ်လုံးကို မြန်မာကျပ်ငွေ သိန်း ၇၀၀ ကျော် တန်ကြေးရှိတဲ့ အမေရိကန်ဒေါ်လာ လေးသောင်း ရှစ်ထောင်နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အသီးတို့ရဲ့ ဘုရင်လို့ခေါ်တာ ဒါမှမဟုတ် အနံပြင်းတဲ့ အသီးဆိုတာတွေကတော့ သတ်မှတ်တဲ့သူတွေ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် ဒူးရင်းသီးတစ်လုံးဘယ်လောက်အထိတန်ကြေးရှိတယ်ဆိုတဲ့ မေးခွန်းကလည်း ရှိနေဆဲပါ။ မေးခွန်းရဲ့ အဖြေကို အစားအသောက်ခုံမင် ကြတဲ့ ကြွယ်ဝသူထိုင်းလူမျိုးတွေက ပြီးခဲ့တဲ့အပတ်စနေနေ့က ပြောပြလိုက်သလိုပါပဲ။ အဲဒီဒူးရင်းသီးကို ပရဟိတအသင်းတစ်ခုက လေလံတင်ရောင်းချ တာလည်းဖြစ်ပါတယ်။ ဆူးတွေများပြားလှတဲ့ ဒူးရင်းသီးက အရသာရှိလှတယ်ဆိုပေမယ့်… Continue Reading →
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Dak Nong ပြည်နယ်က မိသားစုတစ်စုဟာ စားသုံးသူတွေကို ဒုက္ခရောက်စေမယ့် ဆိုးရွားသော ကော်ဖီများ ထုတ်လုပ်လျက်ရှိတာကို Dak Nong ပြည်နယ်ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရပါတယ်။ ပိုင်ရှင်ဖြစ်သူ Nguyen Thi Loan ရဲ့ ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းကို အိမ်နီးနားချင်းတွေရဲ့ သတင်းပေးမှုအရ ပြီးခဲ့တဲ့ တနင်္လာနေ့က ရဲတွေက ၀င်ရောက်စစ်ဆေးခဲ့တာပါ။ ဒီလိုစစ်ဆေးခဲ့ရာမှာ ပြုလုပ်ပြီးသား ကော်ဖီ တန်ချိန်ပေါင်း များစွာနဲ့ အတူ ၊ ဘက်ထရီခြောက် အဟောင်းတွေက ထုတ်လုပ်ထားတဲ့ အမည်းရောင်အမှုန့် ၃၅ ကီလိုဂရမ်… Continue Reading →
ရှင်းရှင်းလေးနဲ့ တခါတလေ မျက်စိလည်သွားစေတဲ့ ဘဏ်တိုးအကြောင်း သေချာ ပြန်ရှင်းပြပေးပါ့မယ်။ အပြင် ငွေချေးတဲ့ အတိုးတွေနဲ့ မတူပါဘူးနော်။ တစ်နှစ်ကို .. ၈.၅% တစ်လကို .. ၀.၇% တစ်လအတွက် အတိုးက ငွေ ၁၀၀ ကို .. ပြား ၇၀ ငွေ ၁၀၀၀ ကို .. ၇ကျပ် ငွေ ၁၀၀၀၀ ကို .. ၇၀ ငွေ ၁၀၀၀၀၀ ကို .. ၇၀၀ ငွေ… Continue Reading →
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်တုန်းက မြ၀တီရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲတစ်ခုရှိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကတော့ ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင် အချိန်ကာလမှာ မွေးဖွားခဲ့ကြတဲ့သူတွေအတွက် ဒီနေ့အချိန်ထိမေ့မရနိုင်သေးတဲ့ “ပြည်သူ့တရားရှင်” (ခ) ပေါင်ချိန် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ပညာရှိသုခမိန် ပေါင်ချိန်၊ ဆရာ ကုန်းစွန်း၊ ကိုယ်ရံတော် ကျန်ကျောင်း၊ ၀မ်ချောင်၊ မာဟန့်၊ ကျန်းလုံး၊ ကျောက်ဟူ အစရှိတဲ့ ဇာတ်ကောင်ရဲ့ နာမည်ဟာဆိုရင်လည်း ဒီနေ့အထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေဆဲပါ။ ပရိသတ်တို့ရဲ့ ပါးစပ်ဖျားမှာ စွဲနေတာက ဇာတ်ကောင်တွေရဲ့ နာမည်တွေတင်ပဲ… Continue Reading →
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ အရ “ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေ ထားသော ငွေစက္ကူတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုရ”ဟု တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင်တော့ ပုဒ်မ ၁၀၅ အရ ထောင်ဒဏ်၊ ငွေဒဏ် ကျခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် အတုမှန်း သိလျက်နှင့် သုံးစွဲခြင်းမပြုခဲ့လျှင်၊ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသည်ဟု စီရင်မှုမခံရလျှင်၊ ကျူးလွန်ကြောင်း မတွေ့ရလျှင်၊ မပေါ်ပေါက်ခဲ့လျှင် ပြစ်ဒဏ်မခံရနိုင်ပါကြောင်းကိုလည်း သိရှိထားရန် လိုအပ်မှာဖြစ်ပါတယ်။ သိသာနိုင်မယ့်အချက်များရှိ ============== ဒီနေရာမှာ ငွေစက္ကူအတုကို လက်ဝယ်တွေ့ရှိခြင်းဆိုတဲ့… Continue Reading →
Zawgyi – တရုတ်နိုင်ငံရဲ့ ဆောင်းရာသီဆိုတာ အနောက်ဥရောပ နိုင်ငံတွေလိုပဲ အေးခဲနေတတ်တဲ့ သဘာဝရှိပါတယ်။ ဒီ့ အတွက်ကြောင့်  အအေးဒဏ် ကိုလည်း အံတုရာရောက်အောင်၊ ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ် အောင် ဆိုပြီး ငရုပ်သီးစားပြိုင်ပွဲကျင်းပလေ့ရှိ့ ကြတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ရက်နေ့ ကတော့  တရုတ်နိုင်ငံ ကျန့် ရှီးပြည်နယ်မှာ ရေပူစမ်းစိမ်ရင်း တစ်မိနစ်အတွင်း ငရုပ်သီး အများဆုံးစားရတဲ့ ငရုပ်သီး စား ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှာ အမျိုးသား၊အမျိုးသမီး ခွဲပြီးယှဉ် ပြိုင်စေတာမျိုး မရှိပဲ… Continue Reading →
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အွန်းလိုင်း အသုံးပြုမှု အရေအတွက်ကလည်း အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အရှိန်အဟုန် အမြင့်ဆုံးအဖြစ် တိုးတက်လာနေသည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် ဖေ့ဘုတ် လူမှုကွန်ယက် အသုံးပြုမှု မြင့်မားသည့် နိုင်ငံတွေထဲတွင် ထိပ်တန်းက ပါဝင်သည်လို့ သိရပါသည်။ မြန်မာနိုင်ငံတွင် အော်ပရေတာ လုပ်ငန်းကြီး လေးခုရှိပြီး အဆိုပါထဲမှာ တယ်လီနောမြန်မာကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ တယ်လီနော်မြန်မာသည် လူငယ်များအား အွန်လိုင်း လုံခြုံစွာ အသုံးပြုနည်းများ ပို့ချပေးနေသည့် အော်ပရေတာ တစ်ခုလည်း ဖြစ်ပါသည်။ တယ်လီနောမြန်မာက မြန်မာနိုင်ငံ၌ အော်ပရေတာ လုပ်ငန်း… Continue Reading →
© 2023 Myan News — Powered by WordPress
Theme by Anders Noren — Up ↑