


Zawgyi – တရုတ်နိုင်ငံရဲ ့ဆောင်းရာသီဆိုတာ အနောက်ဥရောပ နိုင်ငံတွေလိုပဲ အေးခဲနေတတ်တဲ့ သဘာဝရှိပါတယ်။ ဒီ ့အတွက်ကြောင် ့ အအေးဒဏ် ကိုလည်း အံတုရာရောက်အောင်၊ ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ် အောင် ဆိုပြီး ငရုပ်သီးစားပြိုင်ပွဲကျင်းပလေ့ရှိ ့ကြတာပါ။

ပြီးခဲ့တဲ ့ဒီဇင်ဘာ ၉ရက်နေ ့ကတော ့ တရုတ်နိုင်ငံ ကျန် ့ရှီးပြည်နယ်မှာ ရေပူစမ်းစိမ်ရင်း တစ်မိနစ်အတွင်း ငရုပ်သီး အများဆုံးစားရတဲ့ ငရုပ်သီး စား ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှာ အမျိုးသား၊အမျိုးသမီး ခွဲပြီးယှဉ် ပြိုင်စေတာမျိုး မရှိပဲ အတူတစ်ကွ ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။

ရေပူစမ်းထဲမှာ ထည့်ပေးထားတဲ ့များပြားလှတဲ့ငရုပ်သီးအနီတောင့်တွေ နဲ ့ အတူရေစိမ်ကာ တစ်မိနစ်အတွင်း အများဆုံးစားနိုင်သူက အနိုင်ရရှိ မှာဖြစ် ပါတယ်။ဒီပြိုင်ပွဲမှာ အနိုင်ရသွားသူကတော့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး တစ်မိနစ်အတွင်း မှာ ငရုပ်သီး အတောင် ့ ၂၀ စားပြနိုင်ခဲ့တယ် လို ့ ပေါ်ပြူလာဂျာနယ်မှာ ဖော်ပြ ပါရှိပါတယ်။