Date

May 4, 2024

မန်ယူအသင်း အရှုပ်ထုပ်ကိုမှ ဒီနွေမှာ ခေါ်ယူဖို့ ကြံရွယ်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့ရာအတွက် ပရီးမီးယားလိဂ် ကြယ်ပွင့်အချို့ကို ကြိုးစားလိုမှုတွေ ပြသလာပါတယ်။ နယူးကာဆယ်အသင်းမှ ဆွီဒင်သား တိုက်စစ်မှူး အိုင်ဆက်ဟာ အာဆင်နယ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပါတယ်။ ၎င်းကိုရဖို့ရာ ဂျေးဆုကို အလိုက်ပေးခြင်းနဲ့အတူ ကမ်းလှမ်းမှု ပြုလုပ်ဖို့ အာဆင်နယ်ဘက်က ပြင်ဆင်ထားပါတယ်။ ကလပ်ရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းဖို့ နယူးကာဆယ်ဘက်က ရည်ရွယ်ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ် မဝင်ခြင်းနဲ့အတူ အဓိက ကစားသမားအချို့ကို ရောင်းချပေးရဖွယ် ရှိနေပါတယ်။ ဂျေးဆုအပါအဝင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အိုင်ဆက်ကို အာဆင်နယ်အသင်း ခေါ်ယူလိုနေကာ… Continue Reading →

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်မှု လအနည်းငယ် ကြာနိုင်

အမျိုးသားတွေ ပြည်ပနိုင်ငံတွေထံ သွားရောက်အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်ခံထားရမှုတွေ ပြန်လည် ဖြေလျော့ရေးဟာ လအနည်းသာ ကြာမြင့်နိုင်ကြောင်း ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ ပြောကြားလာပါတယ်။ အမျိုးသားအလုပ်သမားတွေအတွက် အလုပ်ခေါ်စာ Demand Letter တင်တာတွေ ယာယီရပ်ထားဖို့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က အေဂျင်စီတွေကို နှုတ်နဲ့အသိပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ သတိပေးချက်က ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ချက်ဟာ ထိုင်း၊ ဂျပန် စတဲ့ နိုင်ငံတွေကို နိုင်ငံကူးလက်မှတ် PJ နဲ့ သွားရောက်အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတွေအတွက် စိုးရိမ်စရာ ရေမှတ်ဖြစ်လာပါတယ်။ လက်ရှိမှာ အကျိုးဆောင်လိုင်စင်ရယူထားတဲ့… Continue Reading →

ယနေ့ ရွှေဈေး (မေလ ၄ ရက်၊ စနေနေ့)

ယနေ့ ရွှေဈေး (မေလ ၄ ရက်၊ စနေနေ့ နံနက် ၁၀ နာရီ) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ… Continue Reading →

လီဗာပူး အရှုံးကစမယ့် ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ခန့်မှန်း ရလဒ်များ

ဘီဘီစီမှ ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ရလဒ် ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။ Arsenal v Bournemouth သူတို့ရဲ့ ဖလားစိန်ခေါ်မှုအတွက် အရေးပါတာကြောင့် အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ အာဆင်နယ်က ခြေချော်လို့ မရပါဘူး။ သူတို့ ခြေချော်မှာလည်း မဟုတ်ပါဘူး။ ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၁ ဘုန်းမောက် Manchester City v Wolves ချန်ပီယံလိဂ်မှာ မရှိတော့တာက မန်စီးတီးကို ပရီးမီးယားလိဂ်ပွဲ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!