မန်ယူနိုင်ပြီး လီဗာပူးနဲ့ အာဆင်နယ်တို့ ရှုံးမှာပဲ စတဲ့ ဘာဘာတော့ဗ်ရဲ့ ရလဒ်ခန့်မှန်းများ လာပါပြီ

ပရီးမီးယားလိဂ် ဝါရင့် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေ အတွက် ကြိုတင် သုံးသပ်ခန့်မှန်းလာပြီ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် v လီဗာပူး ရှက်ဖီးကို ရင်ဆိုင်ရာမှာ လီဗာပူးတို့ ကစားပုံ မကောင်းပေမယ့် နိုင်ပွဲတော့ ရခဲ့ပါတယ်။ ပွဲတွေက အများကြီး ဆက်တိုက်လာနေတော့ ပွဲတိုင်း ခြေစွမ်းကောင်းမှာတော့ မဟုတ်ပါဘူး။ နိုင်ပွဲပဲ လိုတာပါ။ ရှက်ဖီးကို လီဗာပူးတို့ နိုင်ခဲ့ပေမယ့် ပဲလေစ့်ကတော့ သူတို့ကို အံ့ဩအောင် လုပ်ပြသွားမှာပါ။ ဒီပွဲ သရေကျမယ်လို့ မှန်းပါတယ်။ ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။… Continue Reading →

စနေနေ့ည အက်စတွန်ဗီလာ vs အာဆင်နယ် ပွဲအတွက် ဖြစ်လာဖွယ် ပွဲရလဒ်ကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

အက်စတွန်ဗီလာဟာ မန်နေဂျာ အူနိုင်းအမ်မရီ လက်အောက်မှာ အတော်လေး ခြေစွာတဲ့ ကလပ်အဖြစ် ထွန်းတောက်လာနေပြီး လက်ရှိ ချန်ပီယံ မန်စီးတီးတောင် ၁-၀ ရလဒ်ဖြင့် အရှုံးပေးခဲ့ရပြီ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ ဒီရာသီ အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ စံချိန် ရနေကာ အမ်မရီ လက်ထက်မှာ ၁၄ ပွဲဆက်တိုက် အနိုင်ရနေခြင်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ စနေနေ့ ညမှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာတီတာရဲ့ အာဆင်နယ်ကို ဧည့်ခံ ကစားရပါလိမ့်မယ်။ အာဆင်နယ်ကလည်း ဒီရာသီ ခြေစွမ်းကောင်းတွေ… Continue Reading →

ဖိုဒန်၊ ဂရီလစ်တို့နဲ့ ယှဉ်ပြကာ မန်ယူအသင်းရဲ့ ကစားသမား တစ်ဦးကို ဆုံးမသွားတဲ့ သရဲနီဟောင်းကြီး

ယူနိုက်တက် တိုက်စစ်သမားဟောင်း မက်ဟုချ်ကတော့ ဘောလုံးပိုင်ဆိုင်မှု မရှိချိန်မှာ အဆိုးရွားဆုံးသော ပရီးမီးယားလိဂ် ကစားသမားဟာ နည်းပြတန်ဟက်ရဲ့ အသင်းက ဖြစ်တယ်လို့ ထုတ်ဖော်လာပါတယ်။ မက်ဟုချ်ကတော့ တိုက်စစ်သမား ရက်ဖိုဒ့်ဟာ ဘောလုံး ဆုံးရှုံးနေချိန်မှာ အားထုတ်လိုစိတ် အနည်းဆုံး ကစားသမားအဖြစ် ဝေဖန်လာခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူထားပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ မက်ဟုချ်ကတော့ ချယ်ဆီးကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ်… Continue Reading →

မန်ယူ တို့ နိုင်ပွဲ ဆက်ပြီး ချယ်ဆီး ဂိုးပြတ် ရှုံး၊ ဗီလာနဲ့ အာဆင်နယ် ဘယ်လို ဖြစ်မလဲ စတဲ့ ပေါမာဆန်ကြီးရဲ့ ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ခန့်မှန်းချက်များ

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဝါရင့် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ဒီ စနေ-တနင်္ဂနွေ ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။ Crystal Palace vs Liverpool ပဲလေစ့်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့် သူတို့က လီဗာပူးအသင်း အခက်တွေ့အောင် ယှဉ်ပြိုင်ဦးမှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ် ပဲလေစ့်ကို ရင်ဆိုင်ရမှာက လီဗာပူးအတွက် အချိန်ကောင်းပါပဲ။ သူတို့… Continue Reading →

မန်ယူကို ဘက်ကန်ပြီး ချယ်ဆီး နိုင်မယ် ဆိုတဲ့ ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ရလဒ် ခန့်မှန်းများ ထွက်ပါပြီ

ဒီကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ မန်ချက်စတာ ကလပ်တွေဟာ အသင်းကောင်းတွေကို ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဘီဘီစီမှ ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူဖြစ်တဲ့ ခရစ်ဆက်တန်ကတော့ အခုလိုပဲ ပွဲရလဒ်တွေကို သုံးသပ် ခန့်မှန်းလိုက်ပါတယ်။ Luton Town vs Arsenal အာဆင်နယ်ဟာ မနှစ်ကထက် ပိုပြီး သမ္ဘာရှိတဲ့အသင်းဖြစ်လာနေပါတယ်။ တိုက်စစ်ကို တွန်းပြီး မကစားတော့ပေမယ့် သူတို့ ကစားနေတာက အလုပ်ဖြစ်ပါတယ်။ အာတီတာတို့ ကစားနေတဲ့ ပုံစံအရ ဒီပွဲမှာ သူတို့ အနိုင်ရအောင် နည်းလမ်း ရှာသွားမယ်လို့ပဲ မျှော်လင့်ထားပါတယ်။… Continue Reading →

မန်စီးတီး၊ မန်ယူ၊ ချယ်ဆီးတို့ နိုင်ပွဲ ပျောက်မယ် ဆိုတဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ကြားရက် ပရီးမီးယားလိဂ်ပွဲ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ

ဒီတပတ် ကြားရက်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ Luton Town vs Arsenal ဒီအတွဲက ပရီးမီးယားလိဂ်မှာ ပုံမှန်မြင်နေကျ မဟုတ်တော့ အက်အေပွဲလိုလိုပါပဲ။ အင်္ဂလန်ထိပ်တန်းလိဂ်အတွက်ဆိုရင် ကလပ်နှစ်သင်းကြား ကွာဟချက်ကလည်း ကြီးမားပါတယ်။ အာဆင်နယ်က ပရော်ဖက်ရှင်နယ် ပီပီသသ ကြိုးစားမယ်ဆိုရင် ဒီပွဲကို အေးဆေးလေး နိုင်ပါတယ်။ ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Luton Town 0-3… Continue Reading →

မန်ယူနဲ့ ချယ်ဆီးတို့ နိုင်ပွဲ ပျောက်ပြီး မန်စီးတီး – စပါးပွဲ ဂိုးများမယ် ဆိုတဲ့ ဘာဘာတော့ဗ်ရဲ့ ထူးခြား ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် စပါးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။ Arsenal v Wolves ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်က ဘရန့်ဖိုဒ့်ကို အနိုင်ယူခဲ့ပါတယ်။ ချန်ပီယံဖြစ်လိုရင် နောက်ကျဂိုးနဲ့ဖြစ်ပါစေ ဒီလို အနိုင်ယူနိုင်ဖို့ လိုပါတယ်။ အာဆင်နယ်တို့ သက်သောင့်သက်သာ အနိုင်ရမယ်ပဲ မြင်ပါတယ်။ ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဝုဗ် Newcastle v Man Utd… Continue Reading →

ယူနိုက်တက် အရှုံး၊ စီးတီး၊ ချယ်ဆီးတို့ သွင်းဂိုးများပြီး ဒီအပတ် မြိုင်ဆိုင်မယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ခရစ်ဆက်တန် သုံးသပ် ခန့်မှန်းချက်

ဘီဘီစီ သတင်းဌာနမှ ဘောလုံးပွဲ ပင်တိုင် ခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Arsenal v Wolves အရင်အပတ်တုန်းက အာဆင်နယ်ဟာ ဘရန့်ဖိုဒ့်ကို နောက်ကျ သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတယ်။ ဒီပွဲကလည်း သူတို့ တစ်ဖတ်သတ် ကစားနိုင်မယ့် ပွဲစဉ်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ သူတို့ clean sheet ထပ်ရသွားမှာပါ။ ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-0… Continue Reading →

LASK ကို ဂိုးပြတ်နိုင်၊ ယူရိုပါလိဂ် အုပ်စုဗိုလ် ဖြစ်ပြီးနောက် ပရီးမီးယားလိဂ်ကို အဓိက ထားမယ့်အကြောင်း ကလော့ပ် ပြောဆို

လီဗာပူး အသင်းဟာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် LASK အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရာမှာ ဒီယက်ဇ်၊ ဂတ်ပို (၂ ဂိုး)၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၀ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ နည်းပြ ကလော့ပ်ဟာ ဒီပွဲမှာတော့ ဗန်ဒိုက်၊ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာတို့လို စီနီယာ အသင်းသား တွေကို လူစာရင်းထဲတောင် ထည့်လာခဲ့ခြင်း မရှိပါဘူး။ သွင်းဂိုး တွေကတော့ လီဗာပူးတိုက်စစ်သမား ၃ ဦးရဲ့ ထူးချွန်မှု ကနေပဲ သူတို့ချင်း တွဲဘက်ပြီး ဂိုးတွေ… Continue Reading →

« Older posts

© 2023 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!