ဒီအပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

West Ham v Liverpool

လီဗာပူးအသင်းကတော့ အဲဗာတန်ကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံပြေးလမ်းကနေ ခြေချော်သွားပါပြီ။ ဒါပေမယ့် လီဗာပူးက အခုပဲ ဖြစ်ဖြစ် သူတို့ကိုယ် သူတို့ ပြန်ဆွဲထူပြီး ဝက်စ်ဟမ်းကို အနိုင်ယူရမှာပါ။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၂ လီဗာပူး။

Man Utd v Burnley

မန်ချက်စတာ ယူနိုက်တက် ကြည့်ရတာ ဘာမှ လွယ်ကူနေတာ မရှိသလိုပါပဲ။ ဒါကို ဒီကြားရက်က ပွဲမှာလည်း သူတို့ ပြသခဲ့ပါသေးတယ်။ ကြားရက်ကပွဲတုန်းက ယူနိုက်တက်ကို ဘရူနို ဆယ်တင်ခဲ့သလို ဒီပွဲမှာလည်း သူပဲ အခရာကျဦးမှာပါပဲ။

ဆက်တန်ရဲ့ ခန့်မှန်းရလဒ်။ ။ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘန်လေ။

Aston Villa v Chelsea

ချယ်ဆီးက ဖေဖော်ဝါရီလတုန်းက ဗီလာပါ့ခ်မှာ အက်ဖ်အေပွဲ နိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဗီလာ အနေအထားကို ပိုကြိုက်တယ်။ သူတို့က အရှိန်ကောင်း ရနေပြီး ယုံကြည်မှုကလည်း အပြည့်ပဲ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ ၂-၁ ချယ်ဆီး။

Tottenham v Arsenal

ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းဦးမှာပဲ။ ဂန်းနားတွေက တိုက်စစ်မှာရော ခံစစ်မှာပါ တကယ်ကို ဟန်ချက်ညီနေတယ်။ ဒါကပဲ သူတို့ကို အသာရသွားစေနိုင်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ တော့တင်ဟမ် စပါး ၁-၂ အာဆင်နယ်။

Nottingham Forest v Man City

စီးတီးသာ အကောင်းဆုံး ကစားနေရင် ဘယ်သူက သူတို့နားကို ကပ်နိုင်မလဲ.. ဒါပေမယ့် ဒီတပတ် ပွဲကတော့ ချန်ပီယံဘွဲ့ကာကွယ်မယ့် မန်ချက်စတာ စီးတီး အတွက် အတော်ကြီး ရင်ခုန်စရာ ပွဲ လို့ မြင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ နော်တင်ဟမ် ဖောရက်စ် ၁-၂ မန်စီးတီး။

အခြားပွဲစဉ်တွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

Fulham 2-2 Crystal Palace
Newcastle 3-1 Sheff Utd
Wolves 3-1 Luton
Everton 1-1 Brentford
Bournemouth 4-3 Brighton