Category

Sports

ဝေဖန်ဖို့ပဲ ကြည့်မနေနဲ့ သူများက ပရီးမီးယားလိဂ် ယူဖို့ အဆင့်မြှင့်နေတာကို မြင်အောင်ကြည့်လို့ ထောက်ပြလာ

ရမ်စ်ဒယ်၊ ယာယာ တို့ရဲ့ အာဆင်နယ် ဂိုးသမားနေရာ ပြိုင်ဆိုင်မှုအပေါ် ဝေဖန်ကြမှုတွေ ထွက်လာတာမို့ တိုက်စစ်မှူးဟောင်း အွန်နရီကတော့ သူ့အမြင်ကို အခုလို ပြတ်ပြတ်သားသား ပြောဆိုလာပါတယ်။ အွန်နရီက ” ဘယ်သူ မှားမှား ဘယ်သူ မှန်မှန် အာတီတာက နည်းပြဖြစ်ပါတယ်။ သူက ယာယာဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ် အနိုင်ရစေမယ့် နည်းပြအဖြစ် မြင်ပါတယ်။ လီနို ထွက်သွားတုန်းက ရမ်စ်ဒယ်ဟာ အာဆင်နယ်ကို ထိပ်ဆုံး ၄ သင်းစာရင်းထဲ ပြန်ပို့ပေးမယ့်သူလို့ အာတီတာ မြင်ခဲ့တယ်။ သူက… Continue Reading →

လီဗာပူးနဲ့အတူ မရယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော ဆုဖလားကို ဒီရာသီ အောင်မြင်လိုတဲ့ ကလော့ပ်

နည်းပြ ယာဂင်ကလော့ပ်က လီဗာပူးအသင်းမှာ သူမရယူနိုင်သေးတဲ့ တစ်ခုတည်းသော ဆုဖလားဖြစ်တဲ့ ယူရိုပါလိဂ် ဖလားကို အောင်မြင်ဖို့အတွက် အားထုတ်လိုနေပါတယ်။ ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ လီဗာပူးနည်းပြဘဝမှာ ယူရိုပါလိဂ် ဖိုင်နယ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်တွေကို ၄ ကြိမ်တိုင် တက်ရောက်ထားနိုင်တာပါ။ ဒါ့အပြင် ယူရိုပါလိဂ် ဖလားကပဲ လီဗာပူးနည်းပြဘဝ သူ ရယူဖို့ ကျန်နေတဲ့ တစ်ခုတည်းသော ဆုဖလား ဖြစ်ပါတယ်။ ‘ ကျနော်တို့ ယှဉ်ပြိုင်ဖို့ရာ ဒီကို ရောက်နေတာပါ။ ဒီပြိုင်ပွဲမှာ ကျနော်တို့ အသင်း အနိုင်ရဖို့ ရေပန်းစားတယ်ဆိုတာ… Continue Reading →

ဂိုးသမားက ဂိုးတော့ ဖမ်းတတ်မှ ဖြစ်မယ်လို့ အိုနာနာ အား သတိပေးလိုက်တဲ့ ပေါစခိုးလ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ မနေ့ညက ဘိုင်ယန်ကို ၄-၃ နဲ့ ရှုံးတဲ့ ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေထဲ အိုနာနာရဲ့ အမှားများ ပါဝင်နေခဲ့ပြီး သရဲနီဟောင်းကြီး ပေါစခိုးလ်ကလည်း ဂိုးဖမ်းတာကလွဲပြီး ကျန်တာကောင်းတဲ့ အိုနာနာ အပေါ် အတော် အားမလို အားမရ ဖြစ်နေခဲ့ပါတယ်။ ကင်မရွန်းသား ဂိုးသမား ဟာ ယူနိုက်တက် ပေးလိုက်ရတဲ့ အဖွင့်ဂိုးမှာ ဆာနေး သွင်းယူမှုကို မဟန့်တားနိုင်တဲ့ အတွက် ထောက်ပြမှုတွေ ခံယူနေရပါတယ်။ သရဲနီဟောင်းကြီး ပေါစခိုးလ်ကတော့ ပေါင် ၄၇ သန်းတန်… Continue Reading →

မန်ယူရဲ့ ဘောလုံးရာသီက ပြီးသွားပြီ ပရီးမီးယားလိဂ် မရတော့ဘူးလို့ ဟောကိန်းထုတ်လိုက်သူ

ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်လာတာ ၅ ပွဲပဲ ရှိသေးပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလောင်း စာရင်းကနေ ခပ်စောစောပဲ ဖယ်ထုတ်ခံလိုက်ရပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ရာသီစမှာတင် ရာနှုန်းပြည့် နိုင်ပွဲ ရယူနေကာ ပြိုင်ဘက်တွေကို ဦးဆောင်နေတာပါ။ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာလည်း နိုင်ပွဲရသွားတဲ့ စီးတီးဟာ ဒီအပတ် အိမ်ကွင်းမှာ ဖောရက်စ်ကို ထပ်မံ အနိုင်ရမယ်လို့ ရေပန်းစားနေဆဲဖြစ်ပါတယ်။ ပေါမာဆန်က ‘ ဒီရာသီ မန်စီးတီးကို စိန်ခေါ်နိုင်မှာ လီဗာပူးနဲ့ အာဆင်နယ်တို့ပဲ ရှိပါတယ်။ ဝုဗ်ကို ရင်ဆိုင်ရာမှာ… Continue Reading →

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးကနေ အဲရစ်တန်ဟက် ပြုတ်ခါနီးလာခဲ့ပြီလား

နည်းပြ တန်ဟက်ဟာ လွန်ခဲ့တဲ့ ၁ နှစ်တုန်းက သူ့ရဲ့ ပထမဆုံးသော မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝအဖြစ် စကိုင်တဲ့ ပွဲမှာ အိုးထရက်ဖို့ဒ် မှာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့ပါတယ်။ တစ်နှစ်အကြာ အိုးထရက်ဖို့ဒ် မှာပဲ ဘရိုက်တန်ကို ထပ်မံ အရေးနိမ့်ခဲ့ပြီး ယူနိုက်တက်အသင်းဟာ နာကျင်ရမှုနဲ့ အံ့ဩသင့်ရမှုတွေကို ထပ်မံ ပိုင်ဆိုင်လာခဲ့ပါပြီ။ ဒါ့အပြင် ဒီတစ်ကြိမ်မှာတော့ နယ်သာလန်သားရဲ့ နည်းပြထိုင်ခုံဟာ နည်းနည်းတော့ လှုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်သတင်းဌာန ဒေးလီးမေးကတော့ ယူနိုက်တက်ဟာ နည်းပြတန်ဟက်အတွက် အသုံးစရိတ် ပေါင်… Continue Reading →

PSV၊ စပါး၊ မန်စီးတီး တို့ ၃ ပွဲ ထဲက တစ်ပွဲတော့ နိုင်မှ ဖြစ်မယ်လို့ အာဆင်နယ်အား သတိပေးလိုက်တဲ့ ဂန်းနားဟောင်းကြီး

နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ မနေ့ညက ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို ၁-၀ ဖြင့် အနိုင်ရခဲ့ပြီး အဖိုးတန် အဝေးကွင်း နိုင်ပွဲ ၃ မှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ အခုချိန်ထိ ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲ ကစားထား ရာမှာ ၁၃ မှတ်ထိ ရထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ၇ ရက်အတွင်း ချန်ပီယံလိဂ်ပွဲ အပြင် စပါးနဲ့ လန်ဒန်ဒါဘီပွဲ တို့ ကစားဖို့ ရှိနေသလို… Continue Reading →

ဘောလုံး တစ်သင်းစာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒဏ်ရာ ရနဲ့ ချန်လှပ် ကစားသမား စာရင်း

မန်ချက်စတာ ယူနိုက်တက် အစွန် နောက်ခံလူ ဝမ် ဘစ်ဆာကာ ဟာ တံကောက်ကြော ဒဏ်ရာ ရသွားပြီး နှစ်လလောက် နားရတော့မယ် လို့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ အသင်းတွင်း ပြသနာ၊ ဒဏ်ရာရ ကစားသမား များပြားမှုတွေလည်း ရှိနေတဲ့ ယူနိုက်တက် အတွက်တော့ ထိုးနှက်မှုကြီး ဖြစ်လာခဲ့ပြီး ယူနိုက်တက် မှာ လူမှုရေး၊ စည်းကမ်းဖောက်မှုနဲ့ ဒဏ်ရာကြောင့် မကစားနိုင်သူတွေ တစ်သင်းစာလောက် ဖြစ်လာပြီ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ပါဝင် ကစားနိုင်ခြင်း မရှိသူတွေက အောက်ပါ… Continue Reading →

မန်ယူ လူဝယ်ရင်ကို ဈေးတင်ခေါ်နေကြလို့ ငွေသုံးတယ် ဖြစ်သွားရတာလေ ဆိုတဲ့ တန်ဟက်ရဲ့ မကျေမနပ် တုန့်ပြန်မှု

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဧည့်သည် ဘရိုက်တန် အသင်းကို လုံးဝ မထိန်းနိုင်ခဲ့ဘဲ ၃-၁ နဲ့ အပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဂိုးတွေ ၃ ဂိုးလုံး အရင် ပေးခဲ့ရတာ ဖြစ်ကာ ပွဲချိန် ၇၃ မိနစ်ကျမှ မာ့ချ်ဘရီ ရဲ့ အဝေးကန်ချက်နဲ့ တစ်ဂိုးသာ ပြန် ချေပနိုင်ခဲ့တာပါ။ အသင်းတွင်း ပြသနာတွေ အပြင် ရလဒ်တွေကျဆင်းနေတာကြောင့် ယူနိုက်တက်ဟာ ဝေဖန်မှုတွေ များစွာ ခံနေရပြီး နည်းပြ တန်ဟက်ပါ အထုတ်ခံရဖို့… Continue Reading →

ဘရိုက်တန်ပွဲကြိုမှာ ဘောင်ကျော်လာရင် ကိုင်ခံရမှာပဲလို့ ဆန်ချိုကိစ္စ နည်းပြတန်ဟက် တုန့်ပြန်

မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်က ဘရိုက်တန်ပွဲကြိုမှာ ဆန်ချို ကိစ္စအတွက် တရားဝင် ထုတ်ပြောမှု ပြုလုပ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားက သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်ပွဲ လူစာရင်းကနေ ဖယ်ထုတ်ခဲ့ရတာဆိုတဲ့ နည်းပြတန်ဟက်ရဲ့ ပြောဆိုမှုဟာ မမှန်ကန်ပါဘူးလို့ လူမှုကွန်ယက်ကနေ တန်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ကိစ္စ နောက်ဆက်တွဲအဖြစ် ဆန်ချိုဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းထံ ရောက်လာနေခဲ့ပေမယ့် အသင်းနဲ့အတူ ပူးပေါင်းခွင့်မရဘဲ တစ်ဦးချင်း လေ့ကျင့်နေရတာပါ။ သူဟာ ဘရိုက်တန်ပွဲ အပါအဝင် လာမယ့် ပွဲစဉ် အချို့အတွက်… Continue Reading →

© 2023 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!