မော်ရင်ညိုက အိုးထရတ်ဖိုဒ့်ကို သူတာဝန်ယူနေစဉ်တည်းက ရှင်းထုတ်လိုခဲ့တဲ့ ကစားသမားတွေဟာ အခုချိန်ထိ မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေဆဲလို့ ဖော်ထုတ်လာပါတယ်။

၂၀၁၆ မှာ ယူနိုင်တက်ကို တာဝန်စယူပြီးနောက် ကာရာဘောင်းဖလား၊ ယူရိုပါလိဂ်တို့ကို ပထမရာသီမှာတင် မော်ရင်ညို အောင်မြင်ခဲ့ပါတယ်။ ဒုတိယရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ကာ ၂၀၁၈ မှာတော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မော်ရင်ညိုကတော့ သူ ယူနိုက်တက်မှာ ရှိနေတုန်းက လက်ရှိ နည်းပြတန်ဟက်ကို ပံ့ပိုးပေးသလောက် အသင်းဘက်က အပြောင်းအရွှေ့တွေမှာ အားထည့်ပေးခြင်း မရှိသလို သူ့ကို အချိန်ပေးခြင်းလည်း မရှိဘူးလို့ ထောက်ပြပါတယ်။

‘ ကျနော်က ဘောလုံးပိုင်ဆိုင်ရာ လူတစ်ဦးပါ။ ကျနော် ယူနိုက်တက်မှာ ရှိနေတုန်းကတော့ အခု တန်ဟက်ကို ပေးတဲ့ အထောက်အပံ့မျိုးတွေ မပေးခဲ့ကြပါဘူး။

တန်ဟက်လို ထောက်ပံ့ခံရမှု ယုံကြည်ပေးခံရမှုလည်း မရခဲ့ပါဘူး။ ယူနိုက်တက်ကနေ ထွက်ခဲ့ရတာ ဝမ်းနည်းပါတယ် ဘာလို့လဲဆိုတော့ တိုးတက်မှုရဲ့ ကနဦး ကာလမှာတင် ထုတ်ပယ်ခံခဲ့ရတယ် ခံစားရလို့ပါ။

တခါတလေတော့လည်း ကျနော်အပေါ် ယုံကြည်ပေးရင်၊ ကျနော်ရဲ့ အတွေ့အကြုံတွေကို ယုံကြည်ကိုးစားမယ်ဆိုရင် အခြေအနေတွေက ခြားနားနိုင်တယ် ခံစားမိပါတယ်။ အရင် ၆ နှစ်တည်းက ကျနော် မလိုချင်တဲ့ ကစားသမားတွေ ကစားသမားတွေ ယူနိုက်တက်မှာ အခုချိန်ထိ ရှိနေဆဲပါ။

ကျနော် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အချိန်က အမြဲတမ်း အမှန်တွေကို ပြောပါတယ်။ မန်ချက်စတာ ယူနိုက်တက် အောင်မြင်မှာကို ကျနော် မြင်ချင်ပါတယ် ’ လို့ မော်ရင်ညိုက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။