ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Arsenal v Chelsea

ချယ်ဆီးက တိုးတက်ရိပ်တွေ ရှိပါတယ်။ ဒါပေမယ့် သူတို့မှာက ကိုယ့်ခြေထောက်နဲ့ ကိုယ် ပြန်ငြိလဲတဲ့ အကျင့်ဆိုးတွေက ရှိနေပြန်ပါတယ်။ ဒီတော့ ဒီပွဲမှာ အာဆင်နယ်ပဲ နိုင်ပွဲ ရအောင် ရှာဖွေသွားနိုင်မယ်လို့ ရွေးချယ်ချင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Arsenal 2-1 Chelsea

Everton v Liverpool

ဒီပွဲဟာ ကလော့ပ်တို့အတွက် အဝေးကွင်း ၃ ပွဲမှာ ဒုတိယမြောက်ပွဲစဉ် ဖြစ်ပါတယ်။ သီတင်းပတ် အကုန်မှာတော့ ဝက်စ်ဟမ်းနဲ့ပွဲ လာဦးမှာပါ။ ဘောလုံးရာသီရဲ့ အပြောင်းအလဲများတဲ့ အခိုက်အတန့်ကို ရောက်နေပေမယ့် လီဗာပူးတို့ ကျော်ဖြတ်နိုင်မှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Everton 1-2 Liverpool

Man United v Sheffield United

နည်းပြတန်ဟက်တို့အတွက် ဒီပွဲက သိပ်ကောင်းတဲ့ ပွဲတော့ ဖြစ်လာဖို့ မရှိပါဘူး။ သူတို့ ရင်ဆိုင်ရမယ့်အသင်းဟာ တန်းဆင်းဇုန်မှာ ရှိနေတာမို့ ရှုံးလို့မရမယ့် အသင်းမျိုး ဖြစ်နေပါတယ်။ သူတို့ ရှက်ဖီးကို အနိုင်ရသင့်တာကတော့ သိပ်သေချာပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Man United 2-0 Sheffield United

Brighton v Man City

မနှစ်ကရာသီမှာ ဘရိုက်တန်ဟာ မန်စီးတီးအတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ သူတို့တွေ စီးတီးကို ဒုက္ခ မပေးနိုင်တော့ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Brighton 0-2 Man City

အခြားပွဲစဉ်တွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

Wolves 1-1 Bournemouth
Crystal Palace 2-1 Newcastle