ဧပြီ ၂၂-၂၃ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ ဈေးနှုန်းများကို ကြည့်မယ်ဆိုရင် သင်္ကြန်မတိုင်ခင် ကာလကထက် စျေးအနည်းငယ် တက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါသည်။

ပြင်ပဆန်ဈေး

ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၅၀၀၀၀ ကျပ် ဝန်းကျင်မှ ၁၆၄၀၀၀ ကျပ် (၂၀၀၀ ကျပ်ခန့် ဈေးတက်လာ)
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၀၀၀၀ ကျပ်မှ ၁၄၈၀၀၀ ကျပ်ကျော် (၃၀၀၀ ကျပ်ခန့် ဈေးတက်လာ)
ပေါ်ကျွဲဆန် ၁ အိတ် ၁၀၀၀၀၀ ကျပ်ကျော်မှ ၁၁၀၀၀၀ ကျပ် (၃၀၀၀ ကျပ်ခန့်ဈေးတက်လာ)
ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၀၈၀၀၀ ကျပ်ကျော် မှ ၁၂၀၀၀၀ ကျပ်အထိ (၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးတက်လာ)
ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်မှ ၁၀၄၀၀၀ ကျပ်အထိရှိ (၂၀၀၀ ကျပ်ခန့်ဈေးတက်လာ)
ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၈၈၀၀၀ ကျပ် ( ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေးတက်လာ)
မနောသုခဆန် ၁ အိတ်လျှင် ၈၈၀၀၀ ကျပ် (၃၀၀၀ ကျပ်ခန့် ဈေးတက်လာ)

ယခုတပတ် ပြင်ပ ဆန်ဈေးကွက်တွင် ဆန်ချော၊ ဆန်ကြမ်း နှစ်မျိုးစလုံး တအိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ ကျပ်အထိ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများ ထပ်မံ မြင့်တက်လာကြောင်း ကုန်စည်ဒိုင် ဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် လက်ရှိတွင် ဆန်ကုန်သည်အသင်းက သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

သင်္ကြန်ကာလအပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၃၄၀ ကျပ် (ဈေးအနည်းငယ်မြင့်တက်နေ) ဖြစ်လာခဲ့သည်။

ပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာ ရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။ ဆီဈေးနှုန်းမှာ နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

(ယခင်တပတ်ထက် ၉၂ တလီတာလျှင် ၃၀ ကျပ်၊ ၉၅ တလီတာလျှင် ၃၀ ကျပ် ဈေးတက်လာပြီး ဒီဇယ် တလီတာလျှင် ၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တလီတာလျှင် ၅၀ ကျပ် ဈေးကျလာသည်)

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၈၅၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၉၆၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၄၃၅ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၄၈၀ ကျပ်

တိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။