မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီးမီးဖိုင်နယ် ပြိုင်ဘက် ကိုဗန်ထရီကို ဝင်ဘာလေမှာ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ဖိုင်နယ် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဒရာမာဆန်ဆန် ဖြစ်ရပ်တွေလည်း ရှိခဲ့ကာ ယူနိုက်တက်ဟာ ပွဲကို ၃-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး မိနစ် ၂၀ အတွင်း ခြေပဂိုး ၃ ဂိုး ပြန်ပေးခဲ့ရကာ ပွဲချိန် မိနစ် ၉၀ အပြီးမှာ ၃-၃ သရေကျခဲ့ပါတယ်။

၁၅ မိနစ် ၂ ပိုင်း ဆက်ကစားလို့ ဂိုးမရတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်တို့ တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဖိုင်နယ်အဖြစ် ဝင်ဘာလေမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာပါ။ နည်းပြတန်ဟက်ကတော့ မန်ချက်စတာ မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။

တန်ဟက်က ” ဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူဖို့ လိုပါတယ်။ အက်ဖ်အေဖလားကို အနိုင်ရချင်တယ်၊ မန်စီးတီးလို အသင်းကောင်းနဲ့ ရင်ဆိုင်ရမယ် ဆိုပေမယ့် အနိုင်ရဖို့လည်း အခွင့်အရေးကောင်း ရှိတယ်လို့ ထင်ပါတယ် ” လို့ ပွဲကြိုမှာတင် သတိပေးလာခဲ့တာ ဖြစ်ပါတယ်။