သင်္ကြန်ပိတ်ရက်ရှည်အပြီး ဒီနေ့ ဧပရယ် ၂၂ မှာ ပြန်ဖွင့်တဲ့ YGEA ရဲ့ မနက် ၁၀ နာရီ ပြည်တွင်းရွှေအဖွင့် စျေးနှုန်းကတော့ အခေါက်ရွှေ ၁ ကျပ်သားကို ၃၉၉၉၆၀၀ ကျပ် ဖြစ်ကာ အပိတ်စျေးကတော့ ၃၉၉၉၂၀၀ ကျပ် ဖြစ်ပါတယ်။

ဒီရက်တွေအတွင်း ပြင်ပရွှေဈေးကွက်မှာတော့ အခေါက်ရွှေ တကျပ်သားကို ကျပ်ငွေ ၄၈ သိန်းဝန်းကျင်မှာ ရှိနေခဲ့တာပါ။ တနင်္လာနေ့ မနက်ပိုင်းတုန်းက ပြင်ပရွှေပေါက်စျေးဟာ ၄၈၁၀၀၀၀ ကျပ်ဖြစ်ပြီး နေ့ခင်းပိုင်းမှာ ၄၇၈၀၀၀၀၀ ကျပ်အဖြစ် ကျဆင်းလာပါတယ်။

ညနေ ၅ နာရီ ပြင်ပရွှေဈေးကွက် အပိတ်စျေးကတော့ ၄၇၆၀၀၀၀ ကျပ်ဖြစ်ကာ တနင်္လနေ့တစ်ရက်လုံး ဆက်တိုက် ကျဆင်းလာခဲ့ပါတယ်။ ဆိုင်တွေအပေါ် မူတည်ပြီး အရောင်းအဝယ်ကတော့ ကျပ် ၃၀၀၀၀ ကနေ ၄၀၀၀၀ ကြား စျေးကွာမှုရှိပါတယ်။

ယခင်အပတ်က 2400$ တန်းနားထိ ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေစျေးဟာလည်း ဒီကနေ့ တနင်္လာနေ့မှာ ပြန်လည် ကျဆင်းလာခဲ့ကာ ၁ အောင်စကို 2360$ အောက်ကို ရောက်ရှိနေပါတယ်။

လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်တဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သလို နေရာဒေသအပေါ် မူတည်ပြီး ရောင်းစျေး ဝယ်စျေး ကွာဟနိုင်ပါတယ်။