ချယ်ဆီးအသင်းဟာ အစားထိုးဖို့ နည်းပြကို ရှာတွေ့နေတာကြောင့် ရာသီကုန်မှာ နည်းပြပိုချက်တီနိုကို ထုတ်ပယ်သွားနိုင်ကြောင်း သတင်းတွေ ထွက်လာနေပါတယ်။

အာဆင်နယ်ကို ၅-၀ ရလဒ်မျိုးထိ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချယ်ဆီးတာဝန်ရှိသူတွေဟာ အာဂျင်တီးနားသားရဲ့ ဦးဆောင်နိုင်မှုကို သံသယတွေ ဝင်လာနေခဲ့ပါတယ်။ ချယ်ဆီး အကြီးတန်းအရာရှိတွေက နည်းပြသစ် ခန့်ဖို့ အလားအလာရှိသူတွေကို ရှာဖွေနေတယ်။

ချယ်ဆီး ပူးတွဲပိုင်ရှင် Behdad Eghbali ဟာ အသင်းလေ့ကျင့်ရေးမှာ နေ့စဉ် တက်ရောက်နေပြီး မကြာခင်မှာ ပိုချက်တီနိုကို ထုတ်ပယ်ရေး ကိစ္စတွေကို အရှိန်မြင့် လာနိုင်တယ်လို့ သိရပါတယ်။

ချယ်ဆီးတို့ အခုလို မြန်မြန်ဆန်ဆန် နည်းပြသစ် ရွေးချယ်လာနိုင်ခြင်းက လီဗာပူး၊ ဝက်စ်ဟမ်းတို့နဲ့ သတင်းတွေထွက်ပေါ်နေတဲ့ အမ်မိုရင်းကို ခေါ်ယူနိုင်မယ့် အခြေအနေကြောင့်ပဲဖြစ်ပါတယ်။

အမ်မိုရင်းဟာ ချယ်ဆီးအသင်းရဲ့ ငယ်ရွယ်တဲ့ လူစာရင်းကို ဦးဆောင်နိုင်စွမ်း ရှိမလားအပေါ် အသင်းတာဝန်ရှိသူတွေ အကဲဖြတ်နေတယ်။ အဓိကအားဖြင့် ကလပ်ရဲ့ ဘဏ္ဍာရေးပိုင်း ရှုပ်ထွေးတဲ့ အခြေအနေတွေအရ နည်းပြအပြောင်းအလဲ လုပ်နိုင်မလားကို သုံးသပ်နေပါတယ်။

ပိုချက်တီနိုကို ထုတ်ပယ်မယ်ဆိုရင် ချယ်ဆီးဘက်က လျှော်ကြေး အများအပြား ပေးရမှာဖြစ်သလို အမ်မိုရင်းအတွက် စပို့တင်းကိုလည်း ပြောင်းရွှေ့ကြေးတွေ ပေးရဦးမှာ ဖြစ်ပါတယ်။