ဧပြီလ ၂၅ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီ အပိတ်ရွှေစျေးကတော့ ဒီအပတ် တနင်္လာနေ့တုန်းက အဖွင့်စျေးတန်းထံ ပြန်ရောက်သွားခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၂၃၂၅ ဒေါ်လာ ဝန်းကျင်မှာရှိနေပြီး အတက်အကျ မကြမ်းလှပါဘူး။ ယခင်ရက်တွေက ၂၄၀၀ စျေးတန်ကနေ ၂၃၀၀ စျေးတန်းထိ ဒေါ်လာ ၁၀၀ ဝန်းကျင် ကျဆင်းခဲ့မှုကနေ အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။

ပြည်တွင်း အခေါက်ရွှေ တကျပ်သားဟာ YGEA စျေးသတ်မှတ်ချက် ၃,၉၉၉,၈၀၀ ကျပ်ဖြင့် စျေးပိတ်ခဲ့ပါတယ်။

ပြင်ပဈေးကွက်မှာတော့ ၂ ရက်အတွင်း ကျပ် ၁ သိန်းကျဆင်းသွားတဲ့ ရွှေစျေးဟာ သူ မဟုတ်တဲ့အတိုင်း ၂ ရက်အတွင်းမှာပဲ ကျပ် ၁ သိန်းပြန်တက်သွားခဲ့ပါတယ်။

ယနေ့ ၅ နာရီ နောက်ဆုံးစျေးနှုန်းအရ ပြည်တွင်း အခေါက်ရွှေ ၁ ကျပ်သားကို ရောင်းဈေး ၄၈၀၀၀၀၀ ကျပ်ဖြစ်ပြီး ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ်ဖြစ်ပါတယ်။

၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၀၀၀၀၀ ကျပ်ဖြစ်ပြီး ဝယ်ဈေး ၄၅၆၀၀၀၀ ကျပ်ဖြစ်ပါတယ်။

လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။ ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါတယ်။