အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအတွင်း အန်တိုနီရဲ့ စိတ်ပျက်စရာ အပြုအမှုကို ဝေဖန်လိုက်တဲ့ ရှနိုက်ဒါကတော့ ဖိုင်နယ်မှာ ယူနိုက်တက်တို့ ဂိုးပြတ် ရှုံးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချန်ပီယံရှစ်ကလပ် တစ်သင်းကို အသည်းအသန် ကစားခဲ့ရပြီး ပင်နယ်တီနဲ့ အနိုင်ရချိန်မှာ ပြိုင်ဘက်အသင်းကို လှောင်ပြောင်ခဲ့တဲ့ အန်တိုနီကို အင်တာမီလန်နဲ့ အေဂျက် ကစားသမားဟောင်း ရှနိုက်ဒါက အတော်လေး တင်းနေခဲ့ဟန် တူပါတယ်။

နယ်သာလန်တိုက်စစ်သမားဟောင်းက “ သူလုပ်ခဲ့တဲ့ အပြုအမှုအတွက် အန်တိုနီ အရှက်ရနေသင့်ပါတယ်။ သူက အောင်ပွဲခံတာတွေ လုပ်နေဖို့ထက် ကွင်းထဲကနေ ဥမင်ထဲ ချက်ခြင်း ဝင်သွားခဲ့သင့်တာပါ။

အက်ဖ်အေဖလား ဖိုင်နယ်ပွဲကျရင် မန်ချက်စတာ ယူနိုက်တက်တို့ ၅-၀ နဲ့ ရှုံးဖို့ကို မျှော်လင့်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။