ယနေ့ ဧပြီ ၂၅ နေ့ကစပြီး‌ မေလ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်း မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည်သူ စုစုစံက ပြောကြားလိုက်ပါတယ်။

စုစုစံက “ အခု ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၅ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ မိုးကွက်ကျားထစ်ချူန်းရွာနိုင်ပါတယ်။

လျှပ်စီးလက်ခြင်း မိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်း မိုးသီးကြွေခြင်း ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း စတဲ့အန္တရာယ်များရှိပါတယ်” လို့ ဒီကနေ့ ဧပြီ ၂၅ ရက်နေ့က ပြောတာပါ။

မိုး/ဇလက လည်း ဒီကနေ့ ညနေအထိခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်ဆိုပြီးတော့လည်း ဒီကနေ့ နံနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။