ဒီအပတ် ပရီးမီးယားလိဂ် ပွဲကောင်းတွေအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

West Ham United vs Liverpool

ဒီပွဲကို နိုင်ရင်တောင်မှ လီဗာပူးက ဇယားထိပ်တက်နိုင်မှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာက ခပ်မြန်မြန်ပဲ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ သူတို့က နိုင်ပွဲတွေ ဆက်ရနေဖို့ ကြိုးစားနေဦးမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဝက်စ်ဟမ်း ၁-၂ လီဗာပူး

Manchester United vs Burnley

မန်ချက်စတာ ယူနိုက်တက် ပွဲတွေ ခန့်မှန်းရတာ ကျွန်တော် သိပ်မကြိုက်ပါဘူး၊ သူတို့က ထင်ရာလုပ်ကောင်တွေချည်း ဖြစ်နေတယ်။ ဒါပေမယ့် ဒီကာလကို သူ ဖြတ်သန်းပြီး ယုံကြည်မှုတွေ ပြန်ရလာနိုင်မယ် လို့ ကျွန်တော် ထင်တယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ယူနိုက်တက် ၃-၁ ဘန်လေ

Aston Villa vs Chelsea

အက်စတွန်ဗီလာ နိုင်ပွဲရမှာကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ ၃ မှတ်ရလိုက်ခြင်းက သူတို့ကို နောက်ရာသီ ချန်ပီယံလိဂ်ဝင်ဖို့ရာ ခြေတစ်လှမ်း ပိုနီးစပ်စေပါလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ ၃-၁ ချယ်ဆီး

Tottenham Hotspur vs Arsenal

ဒီပွဲမှာလည်း စပါးတို့ အနိုင်ရမယ် မထင်ပါဘူး။ အာဆင်နယ်က ပိုကောင်းတဲ့ ဘောလုံးကို ကစားနေတာဖြစ်တာမို့ ဒီပွဲကို ဂန်းနားတို့ မနိုင်ခဲ့ရင် ကျနော် ရှော့ရပါလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ စပါး ၁-၃ အာဆင်နယ်

Nottingham Forest vs Manchester City

ဘောလုံးရာသီ ပိတ်သိမ်းဖို့ ၄ ပွဲဝန်းကျင်ပဲ ကျန်ရှိတော့ချိန် မန်စီးတီးတို့ နောက်ထပ် ၁ ပွဲကို ရှုံးသွားမယ် မထင်ပါဘူး။ သူတို့ပဲ ဒီရာသီမှာ ချန်ပီယံ ထပ်ဖြစ်လာမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဖောရက်စ် ၀-၃ မန်စီးတီး

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Wolves 2-1 Luton Town
Fulham 2-2 Crystal Palace
Newcastle 4-0 Sheffield
Everton 1-1 Brentford
Bournemouth 2-0 Brighton