ထိုင်းနိုင်ငံ လေလံပွဲတစ်ခုမှာ အသီးတို့ရဲ့ဘုရင်လို့ဆိုရမယ့် ဒူးရင်းသီးတစ်လုံးကို မြန်မာကျပ်ငွေ သိန်း ၇၀၀ ကျော် တန်ကြေးရှိတဲ့ အမေရိကန်ဒေါ်လာ လေးသောင်း ရှစ်ထောင်နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အသီးတို့ရဲ့ ဘုရင်လို့ခေါ်တာ ဒါမှမဟုတ် အနံပြင်းတဲ့ အသီးဆိုတာတွေကတော့ သတ်မှတ်တဲ့သူတွေ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် ဒူးရင်းသီးတစ်လုံးဘယ်လောက်အထိတန်ကြေးရှိတယ်ဆိုတဲ့ မေးခွန်းကလည်း ရှိနေဆဲပါ။

မေးခွန်းရဲ့ အဖြေကို အစားအသောက်ခုံမင် ကြတဲ့ ကြွယ်ဝသူထိုင်းလူမျိုးတွေက ပြီးခဲ့တဲ့အပတ်စနေနေ့က ပြောပြလိုက်သလိုပါပဲ။ အဲဒီဒူးရင်းသီးကို ပရဟိတအသင်းတစ်ခုက လေလံတင်ရောင်းချ တာလည်းဖြစ်ပါတယ်။

ဆူးတွေများပြားလှတဲ့ ဒူးရင်းသီးက အရသာရှိလှတယ်ဆိုပေမယ့် အာရှတခွင်လည်း ကြိုက်ကြသူတွေနဲ့ ဒူရင်းသီး မကြိုက်ကြသူတွေအကြား အငြင်းပွားစရာတွေလည်း ရှိပါတယ်။

ဒူးရင်းသီးရဲ့ ပြင်းရှတဲ့အနံ့ကြောင့်ပဲ ဟိုတယ်တွေ၊ လေယာဉ်ပေါ်တွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာတွေမှာ ကန့်သတ်ထားမှုတွေ ရှိနေပါတယ်။