Date

April 8, 2024

ဒီရာသီ ဘယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မလဲ စူပါကွန်ပျူတာရဲ့ နောက်ဆုံးရ တွက်ချက်မှု

ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ အပြီးမှာ ထိပ်ဆုံး ၃ သင်းကြား ရမှတ်ကွာဟချက်က အမြင့်ဆုံး ၁ မှတ်ပဲ ရှိတော့သလို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ထိုးတက်သွားတာက မန်စီးတီးနဲ့ အာဆင်နယ်ပဲဖြစ်ပါတယ်။ အချက်အလက်တွေ ကို အခြေခံ တွက်ချက်တဲ့ Opta စူပါကွန်ပျူတာရဲ့ ပွဲစဉ် ၃၁ အပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းမှာ ယခင် ဦးဆောင်နေတဲ့ လီဗာပူး ကျဆင်းခဲ့ပြီး မန်စီးတီး၊ အာဆင်နယ်တို့ ရာနှုန်း အတော်လေး တက်လာပါတယ်။… Continue Reading →

ခံစစ် မဟုတ်ဘဲ ဒီရာသီ အာဆင်နယ် အရမ်း တိုးတက်လာတဲ့ အပိုင်းကို အာတီတာ ထုတ်ပြော

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခံစစ်ပိုင်း ပေးဂိုး ၂၄ ဂိုးပဲ ရှိထားကာ ကလပ်တွေထဲမှာ ခံစစ်အတောင့်တင်းဆုံး ဖြစ်နေပါတယ်။ မန်စီးတီးက ခံစစ်ပေးဂိုး ၃၁ ဂိုးထိ ရှိထားကာ လီဗာပူးကလည်း ၂၈ ဂိုး ရှိနေတာဖြစ်ပါတယ်။ မနှစ်ကရာသီ ခံစစ်က ၄၃ ဂိုးပေးခဲ့ရပေမယ့် ဒီရာသီမှာတော့ အာဆင်နယ်က ပိုမိုကျစ်လစ်တဲ့ ခံစစ်ပိုင်းကို ပိုင်ဆိုင်လာနေပါပြီ။ ဘရိုက်တန်ကို ၃-၀ ရလဒ်နဲ့ အနိုင်ယူခဲ့အပြီးမှာ အာတီတာကတော့ အာဆင်နယ်ရဲ့ တိုးတက်မှုဟာ ခံစစ်ထက် ပွဲကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပဲဖြစ်တယ်လို့… Continue Reading →

ချယ်ဆီးအသင်း ဆုဖလားကြီးတွေ စိန်ခေါ်ဖို့ အချိန် ဘယ်လောက်လိုသလဲ ပိုချက်တီနို တောင်းဆိုပြီ

ချယ်ဆီးအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်ပွဲမှာ အဆင့် ၂ဝ နေရာက ရှက်ဖီးယူနိုက်တက်ကို အနိုင် မကစားနိုင်ဘဲ ၂-၂ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နည်းပြ ပိုချက်တီနိုကတော့ ချယ်ဆီးအသင်းရဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ဆိုရင် အချိန် ၅ နှစ်လောက်တောင် ယူရနိုင်တယ် လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။ ချယ်ဆီးဟာ ညက ရှက်ဖီးနဲ့ ပွဲမတိုင်ခင် ကြားရက်က ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ရခဲ့တာကြောင့် ယုံကြည်မှု အပြည့်နဲ့… Continue Reading →

ဒီ ၂ ချက်ကြောင့် မန်ယူကို လီဗာပူးတို့ မနိုင်ခဲ့တာလို့ ဖော်ထုတ်သွားတဲ့ ကာရေဂါ

အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ယူနိုက်တက်နဲ့ လီဗာပူးပွဲကတော့ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ကာ အမှတ်ပေးဇယား အပြောင်းအလဲပါ ဖြစ်သွားခဲ့ပါပြီ။ လီဗာပူးအသင်းဟာ ပထမပိုင်းမှာ ယူနိုက်တက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု လုံးဝ မရှိအောင် ထိန်းချုပ်နိုင်ခဲ့ကာ ဒီယက်ဇ်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၀ ဖြင့် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယဂိုး ထပ်ရအောင် မသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်ဘက်က ခြေပဂိုးအပြင် ဦးဆောင်ဂိုးပါ သွင်းယူကာ လီဗာပူးကို ဖိအားတွေအောက် ပို့ခဲ့ပါတယ်။ ပင်နယ်တီကနေ ဆာလာ သွင်းယူခဲ့တာကြောင့် လီဗာပူးတို့ သရေရလဒ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!