ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ အပြီးမှာ ထိပ်ဆုံး ၃ သင်းကြား ရမှတ်ကွာဟချက်က အမြင့်ဆုံး ၁ မှတ်ပဲ ရှိတော့သလို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ထိုးတက်သွားတာက မန်စီးတီးနဲ့ အာဆင်နယ်ပဲဖြစ်ပါတယ်။

အချက်အလက်တွေ ကို အခြေခံ တွက်ချက်တဲ့ Opta စူပါကွန်ပျူတာရဲ့ ပွဲစဉ် ၃၁ အပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းမှာ ယခင် ဦးဆောင်နေတဲ့ လီဗာပူး ကျဆင်းခဲ့ပြီး မန်စီးတီး၊ အာဆင်နယ်တို့ ရာနှုန်း အတော်လေး တက်လာပါတယ်။

လက်ကျန်ပွဲစဉ် ၇ ပွဲ ကျန်ရှိချိန်မှာ အာဆင်နယ်က ဇယားထိပ်မှာ ၇၁ မှတ်နဲ့ရှိနေပြီး လီဗာပူးကလည်း ၇၁ မှတ်ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။ မန်စီးတီးကတော့ တတိယနေရာမှာ ရမှတ် ၇၀ ဖြင့် ရှိနေတာပါ။ ၃ သင်းလုံးဟာ စပါးနဲ့ ထိပ်တိုက်တွေ့ဦးမှာပါ။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခြေမှာ မန်စီးတီးက ၃၉.၄% ဖြင့် အမြင့်ဆုံးကို ပြန်တက်သွားခဲ့ကာ ယခင်ကတော့ ၃၄.၂% ဖြင့် လီဗာပူးနောက်မှာပဲ ရှိနေတာပါ။ ၃ သင်းထဲမှာ မန်စီးတီးက ပွဲအချောင်ဆုံးဖြစ်ပါတယ်။

ဒုတိယနေရာမှာ လီဗာပူးက ဖလားအောင်မြင်နိုင်ချေ ၃၀.၄% ဖြင့် ရှိနေပါတယ်။ ဒါဟာ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ၄၆% လောက်ရှိနေရာကနေ ထိုးကျသွားခြင်း ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းပွဲ များစွာ ကျန်နေသေးတဲ့အသင်း ဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ၃ သင်းထဲမှာ ချန်ပီယံဖြစ်နိုင်ချေ အနည်းဆုံး အဖြစ် ၂၉.၉% ရှိနေကာ ဒါဟာ ယခင်က ၁၉.၈% ကနေ ထိုးတက်လာခြင်းဖြစ်ပါတယ်။ အာဆင်နယ်ကတော့ စပါး၊ အက်စတွန်ဗီလာ၊ ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့ ထိပ်တိုက်တွေ့ဦးမှာဖြစ်ပါတယ်။

ဘာမဆိုဖြစ်လာနိုင်တဲ့ ပရီးမီးယားလိဂ်ဟာ နောက်ထပ် ပွဲစဉ်တွေ အပြီးမှာလည်း အမှတ်ပေးဇယား အပြောင်းအလဲတွေ ရှိလာနိုင်နေဆဲပဲ ဖြစ်ပါတယ်။