ချယ်ဆီးအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်ပွဲမှာ အဆင့် ၂ဝ နေရာက ရှက်ဖီးယူနိုက်တက်ကို အနိုင် မကစားနိုင်ဘဲ ၂-၂ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

နည်းပြ ပိုချက်တီနိုကတော့ ချယ်ဆီးအသင်းရဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ဆိုရင် အချိန် ၅ နှစ်လောက်တောင် ယူရနိုင်တယ် လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

ချယ်ဆီးဟာ ညက ရှက်ဖီးနဲ့ ပွဲမတိုင်ခင် ကြားရက်က ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ရခဲ့တာကြောင့် ယုံကြည်မှု အပြည့်နဲ့ ဒီပွဲကို စတင်ခဲ့တာပါ။ ဒါပေမယ့် အဝေးကွင်း Bramall Lane မှာ ခြင်္သေ့ပြာတို့ ထင်တိုင်း မပေါက်ခဲ့ပါဘူး။

ညက ပွဲ အပြီးမှာ ပိုချက်တီနို က ” ကျွန်တော်တို့ စကားတွေ အများကြီး ပြောနေပါတယ်။ ဒီအသင်းက လူသစ်တွေနဲ့ အသင်းသစ်ပါ၊ အများကြီးလည်း သင်ယူနေတုန်းပဲ။

ဒီတော့ ဒီလူသစ်တွေ ပေါင်းစပ်မှုက တခါတလေ မဟန်ဘူးပေါ့။ ဒါကြောင့်လည်း process တစ်ခု ဆိုတာ အမြဲ အချိန် ယူရတာပါ။ မျက်လှည့်ပြသလိုက်သလို ဟပ်ချလောင်း ဖြစ်မလာနိုင်ဘူး။ ဒီ ပရောဂျက်က အသင်းတစ်သင်း တည်ဆောက် သွားဖို့ အချိန် ၃ နှစ်ကနေ ၅ နှစ် ယူရပါလိမ့်မယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုချက်တီနိုက ချယ်ဆီး အသင်း အက်ဖ်အေဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ထားကာ ဖလား မျှော်လင့်ချက် တစ်ခု ရှိနေသေးတဲ့ အပေါ်လည်း အကောင်းမြင်စကား ဆိုခဲ့ပါတယ်။