Date

April 25, 2024

အစားထိုးစရာ နည်းပြ ရှာတွေ့နေလို့ ပိုချက်တီနိုကို ထုတ်ဖို့ နည်းလမ်းရှာနေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ အစားထိုးဖို့ နည်းပြကို ရှာတွေ့နေတာကြောင့် ရာသီကုန်မှာ နည်းပြပိုချက်တီနိုကို ထုတ်ပယ်သွားနိုင်ကြောင်း သတင်းတွေ ထွက်လာနေပါတယ်။ အာဆင်နယ်ကို ၅-၀ ရလဒ်မျိုးထိ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချယ်ဆီးတာဝန်ရှိသူတွေဟာ အာဂျင်တီးနားသားရဲ့ ဦးဆောင်နိုင်မှုကို သံသယတွေ ဝင်လာနေခဲ့ပါတယ်။ ချယ်ဆီး အကြီးတန်းအရာရှိတွေက နည်းပြသစ် ခန့်ဖို့ အလားအလာရှိသူတွေကို ရှာဖွေနေတယ်။ ချယ်ဆီး ပူးတွဲပိုင်ရှင် Behdad Eghbali ဟာ အသင်းလေ့ကျင့်ရေးမှာ နေ့စဉ် တက်ရောက်နေပြီး မကြာခင်မှာ ပိုချက်တီနိုကို ထုတ်ပယ်ရေး ကိစ္စတွေကို အရှိန်မြင့် လာနိုင်တယ်လို့ သိရပါတယ်။… Continue Reading →

စျေးကျပြီး ၂ ရက်အကြာ အမြင့်ဆုံး စျေးတန်းထံ ပြန်ခုန်တက်သွားတဲ့ ယနေ့ မြန်မာရွှေစျေး

ဧပြီလ ၂၅ ရက်၊ ကြာသပတေးနေ့ ညနေ ၅ နာရီ အပိတ်ရွှေစျေးကတော့ ဒီအပတ် တနင်္လာနေ့တုန်းက အဖွင့်စျေးတန်းထံ ပြန်ရောက်သွားခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၂၃၂၅ ဒေါ်လာ ဝန်းကျင်မှာရှိနေပြီး အတက်အကျ မကြမ်းလှပါဘူး။ ယခင်ရက်တွေက ၂၄၀၀ စျေးတန်ကနေ ၂၃၀၀ စျေးတန်းထိ ဒေါ်လာ ၁၀၀ ဝန်းကျင် ကျဆင်းခဲ့မှုကနေ အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ ပြည်တွင်း အခေါက်ရွှေ တကျပ်သားဟာ YGEA စျေးသတ်မှတ်ချက် ၃,၉၉၉,၈၀၀ ကျပ်ဖြင့် စျေးပိတ်ခဲ့ပါတယ်။ ပြင်ပဈေးကွက်မှာတော့ ၂… Continue Reading →

ဒီနေ့ ဧပရယ်လ (၂၅) ရက်၊ ကြာသပတေးနေ့ ပြည်တွင်းရွှေဈေး၊ စက်သုံးဆီနဲ့ နိုင်ငံခြား ငွေလဲနှုန်းများ

ယနေ့ ဧပရယ်လ (၂၅) ရက်၊ ကြာသပတေးနေ့ နေ့ခင်း ၁၂ နာရီအချိန် ပြည်တွင်းရွှေဈေး၊ နိုင်ငံခြား ငွေလဲနှုန်းနဲ့ စက်သုံးဆီစျေးနှုန်းများကို ဖော်ပြသွားမှာဖြစ်ပါတယ်။  ပြည်တွင်းရွှေဈေး ဒီကနေ့ ဧပရယ်လ ၂၅ ရက်နေ့မှာ ရွှေစျေး အနည်းငယ်ပြန်တက်လာပြီး ပြင်ပရွှေပေါက်စျေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Buy Sell ၁၆ ပဲရည် ၄၇၅၀၀၀၀ ၄၇၉၀၀၀၀ ၁၅ ပဲရည် ၄၅၁၀၀၀၀ ၄၅၅၀၀၀၀ မှတ်ချက်။ ။ လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်တဲ့အတွက် ရောင်းမှား၊ ဝယ်မှား… Continue Reading →

နိုင်ငံတစ်ဝန်း မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသ သတိပေးချက်

ယနေ့ ဧပြီ ၂၅ နေ့ကစပြီး‌ မေလ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်း မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည်သူ စုစုစံက ပြောကြားလိုက်ပါတယ်။ စုစုစံက “ အခု ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၅ရက်နေ့အတွင်း မြန်မာနိုင်ငံအနှံအပြားမှာ မိုးကွက်ကျားထစ်ချူန်းရွာနိုင်ပါတယ်။ လျှပ်စီးလက်ခြင်း မိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်း မိုးသီးကြွေခြင်း ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်း စတဲ့အန္တရာယ်များရှိပါတယ်” လို့ ဒီကနေ့ ဧပြီ ၂၅ ရက်နေ့က ပြောတာပါ။ မိုး/ဇလက လည်း ဒီကနေ့ ညနေအထိခန့်မှန်းချက်အနေနဲ့… Continue Reading →

FA Cup ဖိုင်နယ်မှာ မန်ယူအသင်း အရှက်တကွဲ ရှုံးနိမ့်ပါစေ ဆုတောင်းကြမ်းနေသူ

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအတွင်း အန်တိုနီရဲ့ စိတ်ပျက်စရာ အပြုအမှုကို ဝေဖန်လိုက်တဲ့ ရှနိုက်ဒါကတော့ ဖိုင်နယ်မှာ ယူနိုက်တက်တို့ ဂိုးပြတ် ရှုံးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ချန်ပီယံရှစ်ကလပ် တစ်သင်းကို အသည်းအသန် ကစားခဲ့ရပြီး ပင်နယ်တီနဲ့ အနိုင်ရချိန်မှာ ပြိုင်ဘက်အသင်းကို လှောင်ပြောင်ခဲ့တဲ့ အန်တိုနီကို အင်တာမီလန်နဲ့ အေဂျက် ကစားသမားဟောင်း ရှနိုက်ဒါက အတော်လေး တင်းနေခဲ့ဟန် တူပါတယ်။ နယ်သာလန်တိုက်စစ်သမားဟောင်းက “ သူလုပ်ခဲ့တဲ့ အပြုအမှုအတွက် အန်တိုနီ အရှက်ရနေသင့်ပါတယ်။ သူက အောင်ပွဲခံတာတွေ လုပ်နေဖို့ထက် ကွင်းထဲကနေ ဥမင်ထဲ ချက်ခြင်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!