Date

April 7, 2024

မန်ယူပွဲမှာ လီဗာပူးကို ပေးဆပ်မှုကြီးစေခဲ့တဲ့ အားနည်းချက်အား ကလော့ပ် ဖွင့်ဟ

အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၂-၂ သရေကျခဲ့ပြီးနောက် နည်းပြကလော့ပ်က ရလဒ်ကို စိတ်ပျက်နေပေမယ့် တည်တည်ငြိမ်ငြိမ်ဖြင့် လက်ကျန် ၇ ပွဲကို ယှဉ်ပြိုင်ရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပထမပိုင်းမှာ အပြတ်အသတ် အသားစီကစားနိုင်ပေမယ့် သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တာပါ။ ဒုတိယပိုင်းမှာ ယူနိုက်တက်က လီဗာပူးရဲ့ အမှားတွေကနေ ခြေပဂိုးနဲ့ ဦးဆောင်ဂိုး ယူသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးတို့ နောက်ကလိုက်ကစားခဲ့ရကာ ဆာလာ ပင်နယ်တီကနေ ခြေပဂိုး ယူပေးခဲ့ပေမယ့် ပွဲကို အနိုင်ရမယ့် သွင်းဂိုးတော့ ထပ်မရခဲ့ပါဘူး။ ပွဲအပြီးမှာ နည်းပြကလော့ပ်က… Continue Reading →

အာဆင်နယ်ရဲ့ ပြိုင်ဘက်တိုင်း သတိထားရတော့မယ့် ဆာကာရဲ့ သတိပေးချက်

အာဆင်နယ်ဟာ မနှစ်က အမှားတွေကို သင်ခန်းစာ ယူနိုင်ခဲ့ပြီဖြစ်တာမို့ ပွဲတွေကို အပြတ်ဖြတ်ထားနိုင်စွမ်း ရှိနေပြီလို့ ထုတ်ပြောလာပါတယ်။ အဝေးကွင်း ၅ ပွဲဆက် ခံစစ်က ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တဲ့ အာဆင်နယ်ဟာ ဘရိုက်တန်ကို ၃-၀ ဖြင့် အနိုင်ရခြင်းကြောင့် သွင်းဂိုး ကွာခြားချက်မှာလည်း ပြိုင်ဘက် လီဗာပူး၊ အာဆင်နယ်ကို ကြီးကြီးမားမား သာလွန်လာပါတယ်။ ဒီည လီဗာပူးပွဲမတိုင်ခင် အမှတ်ပေးဇယားကို ဦးဆောင်ထားကာ ပြိုင်ဘက်အသင်း ခြေချော်ခဲ့မယ်ဆိုရင် ဆက်လက် ဦးဆောင်ခွင့်ရသွားနိုင်တာပါ။ ပွဲအပြီးမှာ ဆာကာက ” မနှစ်ကရာသီအကြောင်းက စဉ်းစားလို့… Continue Reading →

လီဗာပူးကို ရင်ဆိုင်ရမယ့် မန်ယူအတွက် ရင်လေးမိတယ်လို့ သုံးသပ်သွားတဲ့ အီရန်ရိုက်

အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို ရင်ဆိုင်ကစားရမယ့် ယူနိုက်တက်ကို သနားမိတယ်လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက်က ဒီကနေ့ည ပွဲကြိုမှာ ထုတ်ပြောလာပါတယ်။ လွန်ခဲ့တဲ့ ၃ ပတ်လောက်က ဒီနှစ်သင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့ခဲ့ရာမှာ တန်ဟက်တို့က အနိုင်ရပြီး လီဗာပူးကို ဖလားပြိုင်ပွဲကနေ ကန်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီညမှာလည်း နောက်ထပ် ဖလားတစ်လုံးအတွက် နှစ်သင်း ထိပ်တိုက်တွေ့နေကာ ဇယားထိပ်က အာဆင်နယ်ကို ပြန်ပြီး ကျော်တက်ဖို့ လီဗာပူးတို့ နိုင်ပွဲ လိုအပ်နေပါတယ်။ ဒါကပဲ ယူနိုက်တက်အတွက် စိတ်မကောင်းစရာတွေ ဖြစ်လာတော့မှာလို့ အီရန်ရိုက်က… Continue Reading →

ဘဏ္ဍာရေး ချိုးဖောက်တဲ့ အသင်းတွေကို အမှတ်မလျှော့တော့ဖို့ ဆွေးနွေးမယ့် ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ချိုးဖောက်ရင် ကလပ်တွေကို အမှတ်လျှော့တဲ့ ပြစ်ဒဏ်အား ပြန်လည် ပြင်ဆင်ဖို့ စဉ်းစားလာနေပါတယ်။ ဒီရာသီမှာ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ဟာ ကုန်ခဲ့တဲ့ ၃ နှစ်အတွင်း ဘဏ္ဍာရေး ချိုးဖောက်ခြင်းတွေကြောင့် ၆ မှတ်နဲ့ ၄ မှတ်တွေ အနှုတ်ခံထားရပြီးပါပြီ။ ချန်ပီယံရှစ်မှ လက်စတာကလည်း တန်းဆင်းသွားပေမယ့် ရမှတ် နှုတ်ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရတယ်။ ပရီးမီးယားလိဂ်ရဲ့ ကန့်သတ်ချက် ၁၁၅ ချက်ထိ ချိုးဖောက်ထားတဲ့ မန်စီးတီးကို အရေးယူဖို့ ပြင်ဆင်ထနေပါတယ်။ ပရီးမီးယားလိဂ်ကတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!