အာဆင်နယ်ဟာ မနှစ်က အမှားတွေကို သင်ခန်းစာ ယူနိုင်ခဲ့ပြီဖြစ်တာမို့ ပွဲတွေကို အပြတ်ဖြတ်ထားနိုင်စွမ်း ရှိနေပြီလို့ ထုတ်ပြောလာပါတယ်။

အဝေးကွင်း ၅ ပွဲဆက် ခံစစ်က ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တဲ့ အာဆင်နယ်ဟာ ဘရိုက်တန်ကို ၃-၀ ဖြင့် အနိုင်ရခြင်းကြောင့် သွင်းဂိုး ကွာခြားချက်မှာလည်း ပြိုင်ဘက် လီဗာပူး၊ အာဆင်နယ်ကို ကြီးကြီးမားမား သာလွန်လာပါတယ်။

ဒီည လီဗာပူးပွဲမတိုင်ခင် အမှတ်ပေးဇယားကို ဦးဆောင်ထားကာ ပြိုင်ဘက်အသင်း ခြေချော်ခဲ့မယ်ဆိုရင် ဆက်လက် ဦးဆောင်ခွင့်ရသွားနိုင်တာပါ။

ပွဲအပြီးမှာ ဆာကာက ” မနှစ်ကရာသီအကြောင်းက စဉ်းစားလို့ မကောင်းပါဘူး။ ဒါပေမယ့်လို့ ကျနော်တို့ သင်ယူနိုင်ခဲ့တဲ့ ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးကို ကျနော်တို့ အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်။

မနှစ်ကဆိုရင်တော့ ကျနော်တို့ နောက်ကျဂိုးတွေ ပေးနေရလောက်ပါပြီ။ ခုခံဖို့ လိုအပ်သလို ပရိသတ်တွေကလည်း သိပ်ကောင်းပေးကြပါတယ်။

ဒီနှစ်တော့ ကျနော်တို့တွေ ပိုပြီး သက်သောင့်သက်သာ ရှိပါတယ်။ အသင်းက ပိုကောင်းလာတယ်ထင်ပါတယ်။ ပွဲတိုင်းကို အနိုင်ယူဖို့ အသင့်ရှိနေတယ်လို့ ခံစားနေရတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။