Date

April 18, 2024

လာမယ့်ရာသီက စတင်မယ့် FA Cup ပြိုင်ပွဲ အပြောင်းအလဲကို အတည်ပြု

များစွာသော အငြင်းပွားရမှုတွေဖြစ်ခဲ့အပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က လာမယ့်ရာသီကစလို့ FA Cup မှာ ပြန်ကန်ပွဲ ရှိတော့မှာ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။ ကမ္ဘာ့သမိုင်းအရင့်ဆုံး ဖလားပြိုင်ပွဲလို့ နာမည်ကြီးတဲ့ FA Cup ဟာ သူတို့ရဲ့ ပွဲစဉ်ရက်တွေအတွက် ပရီးမီးယားလိဂ်နဲ့ သဘောတူညီမှု အချို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ နောက်ရာသီမှာ ချန်ပီယံလိဂ်ပွဲတွေ တိုးလာတော့မှာဖြစ်သလို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကလည်း ပွဲပိုများလာတော့မှာမို့ အက်ဖ်အေဘက်က အခုလို စီစဉ်ပေးလာရခြင်း ဖြစ်ပါတယ်။ အက်ဖ်အေဖလား အပြောင်းအလဲ ၁- အက်ဖ်အေဖလားမှာ ပြန်ကန်ပွဲတွေ မရှိတော့ပါဘူး။ တစ်ကျော့တည်း… Continue Reading →

သင်္ကြန်အပြီး ပြည်တွင်းရွှေစျေးကွက် ဘယ်လောက်ဖြစ်နေလဲ

ပြည်တွင်းရွှေစျေးတွေဟာ သင်္ကြန်ကာလ ပိတ်ထားပြီး ဈေးကွက် ပြန်အဖွင့်မှာ ဘယ်ဈေးနဲ့ ဖွင့်လာမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။ ဒီကာလတွေအတွင်း ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးစံချိန်နားမှာ ဆက်ရှိနေကာ ဒီနေ့ ဧပြီ ၁၈ ရက်မှာ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၃၈၀ ဒေါ်လာဝန်းကျင် ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းရေးရာအဖြစ် အီရန်နဲ့ အစ္စရေးကြား တင်းမာမှုအပြင် ယူကရိန်းစစ်ရေး၊ အမေရိကန်ရဲ့ ဘဏ်အတိုးနှုန်းတွေဟာလည်း ကမ္ဘာရွှေစျေး အမြင့်တန်းမှာ ဆက်ရှိနေရခြင်းရဲ့ အကြောင်းတရားတွေပါ။ ရုရှား ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်း အရေးတို့နဲ့အတူ ဒေါ်လာအပေါ် ယုံကြည်မှု ကျဆင်းလာနေပါတယ်။… Continue Reading →

ဒီရာသီ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ရေပန်းစား ၂ သင်း

ကွာတားဖိုင်နယ်အဆင့်တွေ ပြီးစီးခဲ့တဲ့နောက် ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာပါပြီ။ ဒီရာသီမှာတော့ အင်္ဂလန်ကလပ် တစ်သင်းမှ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်လာနိုင်ခြင်း မရှိတော့ပါဘူး။ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က အုပ်စုအဆင့်မှာ ပြုတ်ခဲ့ကြသလို အာဆင်နယ်၊ မန်စီးတီးကတော့ ကွာတားအဆင့်မှာ ပြုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဒေါ့မွန် vs ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် vs ရီးရဲလ်မက်ဒရစ် အတွဲတွေက တက်လာမယ့် အသင်းတွေ ဗိုလ်လုကြမှာဖြစ်ပါတယ်။ ဆီမီးအဆင့်မှာ အားအနည်းဆုံးဖြစ်တဲ့ ဒေါ့မွန်ဟာ ပီအက်စ်ဂျီကို… Continue Reading →

ဒီနွေမှာ အာဆင်နယ်အသင်း သေချာပေါက် ခေါ်ယူမယ့် ကစားသမား

အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အရေးနိမ့်ပြီး ပရီးမီးယားလိဂ်ဖလား ရေပန်းစားမှုမှာ နောက်ရောက်ခဲ့ခြင်းဟာ အာဆင်နယ်အသင်းကို အတော်လေး စိတ်ထိခိုက်စေခဲ့ပါတယ်။ The Athletic ရဲ့ အဆိုအရ အဆိုပါပွဲမှာ ပြသခဲ့တဲ့ ဇင်ချန်ကိုရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ်ပရိသတ်​တွေ စိတ်ပျက်ခဲ့သလို နည်းပြအာတီတာကလည်း ဘယ်ခြမ်းအပေါ် စိုးရိမ်မှုရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ တိုမီယာဆု၊ ကီဝီအာ၊ တင်ဘာတို့ကိုလည်း ဘယ်ခြမ်းအတွက် မျှော်လင့်နိုင်ပေမယ့် အာဆင်နယ်ကတော့ ဘယ်အစွန်လူသစ် တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီတစ်ခုလုံးမှာ ပြသခဲ့တဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!