ကွာတားဖိုင်နယ်အဆင့်တွေ ပြီးစီးခဲ့တဲ့နောက် ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းလာပါပြီ။

ဒီရာသီမှာတော့ အင်္ဂလန်ကလပ် တစ်သင်းမှ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်လာနိုင်ခြင်း မရှိတော့ပါဘူး။ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က အုပ်စုအဆင့်မှာ ပြုတ်ခဲ့ကြသလို အာဆင်နယ်၊ မန်စီးတီးကတော့ ကွာတားအဆင့်မှာ ပြုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ဒေါ့မွန် vs ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် vs ရီးရဲလ်မက်ဒရစ် အတွဲတွေက တက်လာမယ့် အသင်းတွေ ဗိုလ်လုကြမှာဖြစ်ပါတယ်။

ဆီမီးအဆင့်မှာ အားအနည်းဆုံးဖြစ်တဲ့ ဒေါ့မွန်ဟာ ပီအက်စ်ဂျီကို ကျော်ဖို့ခက်ခဲသလို ဒီရာသီ ခြေစွမ်းမငြိမ်တဲ့ ဘိုင်ယန်ကလည်း ချန်ပီယံလိဂ်ဘုရင်ကြီးကို ဖြတ်ကျော်ဖို့ ခက်ခဲမှာပါ။

cbssports ရဲ့ ခန့်မှန်းချက်မှာတော့ ဖိုင်နယ်ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်တို့ တက်ရောက်လာမယ်လို့ ဆိုပါတယ်။

ဖိုင်နယ်မှာတော့ ပြင်သစ်စတား အမ်ဘာပေဟာ အနာဂတ်မှာ သူ့အသင်းဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အနိုင်ယူခြင်းကို ခံရလိမ့်မယ်လို့လည်း ခန့်မှန်းခံထားရပါတယ်။