များစွာသော အငြင်းပွားရမှုတွေဖြစ်ခဲ့အပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က လာမယ့်ရာသီကစလို့ FA Cup မှာ ပြန်ကန်ပွဲ ရှိတော့မှာ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။

ကမ္ဘာ့သမိုင်းအရင့်ဆုံး ဖလားပြိုင်ပွဲလို့ နာမည်ကြီးတဲ့ FA Cup ဟာ သူတို့ရဲ့ ပွဲစဉ်ရက်တွေအတွက် ပရီးမီးယားလိဂ်နဲ့ သဘောတူညီမှု အချို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

နောက်ရာသီမှာ ချန်ပီယံလိဂ်ပွဲတွေ တိုးလာတော့မှာဖြစ်သလို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကလည်း ပွဲပိုများလာတော့မှာမို့ အက်ဖ်အေဘက်က အခုလို စီစဉ်ပေးလာရခြင်း ဖြစ်ပါတယ်။

အက်ဖ်အေဖလား အပြောင်းအလဲ

၁- အက်ဖ်အေဖလားမှာ ပြန်ကန်ပွဲတွေ မရှိတော့ပါဘူး။ တစ်ကျော့တည်း ရလဒ်ဆုံးဖြတ်ပါမယ်။
၂ – အက်ဖ်အေဖလားပြိုင်ပွဲရဲ့ အဆင့်တွေအားလုံးကို ပိတ်ရက်မှာပဲ (စနေ၊ တနင်္ဂနွေ) ယှဉ်ပြိုင်ရပါမယ်။
၃ – ပရီးမီးယားလိဂ် နောက်ဆုံးအပတ် မတိုင်ခင် ဖိုင်နယ်ပွဲကို ကစားစေပါမယ်။
၄ – အက်ဖ်အေဖလားဖိုင်နယ်ပွဲနေ့မှာ အခြားသော ပရီးမီးယားလိဂ်ပွဲတွေ ကစားစေမှာ မဟုတ်ပါဘူး။

ဒီရာသီ အက်ဖ်အေဖလားမှာ ယူနိုက်တက်၊ ကိုဗင်ထရီ၊ ချယ်ဆီးနဲ့ မန်စီးတီးတို့က ဆီမီးဖိုင်နယ်အဆင့်တွေထံ ရောက်ရှိနေတာ ဖြစ်ပါတယ်။