ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်နဲ့ ၂-၂ သရေပွဲ အပြီးမှာ တိုက်စစ်မှုး ရာမက်စ် ဟွိုင်လန်း အတွက် နောက်ထပ် ဂိုးပေါက်ပျောက်တဲ့ ပွဲစဉ် တစ်ပွဲ တိုးလာခဲ့ပါတယ်။

အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှုးဟာ ကြွက်သား ဒဏ်ရာကနေ ပြန်လာပြီးတဲ့နောက် နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ် တချို့ကတော့ လက်ရှိ နည်းပြ တန်ဟက် လက်ထက် အသင်း ကစားပုံဟာ ဟွိုင်လန်း အတွက် အကန့်အသတ် ဖြစ်နေပြီး အံမကိုက်ဘဲ ဂိုး ရဖို့ ခက်နေတယ် လို့ ယူဆနေပါတယ်။

Leethal : သူက တကယ်လို့သာ ကျွန်တော် မြင်ဖူးသမျှထဲ လောဘအကြီးဆုံး ဖြစ်နေတဲ့ တောင်ပံ ကစားသမားတွေနဲ့ အတူသာ မကစားနေရင် အတော် ကောင်းကောင်း လုပ်နိုင်နေလောက်ပါတယ်။

Valencia Shin Crosses: ငါတို့ အသင်း တိုက်ရိုက် ကစားပုံက သူနဲ့ မကိုက်ဘူး။ သူက ရှေ့က အထောင် ကစားသမား ဒါမှမဟုတ် တောင်ပံ တိုက်စစ်သမားတွေ အတွက် မွှေနှောက် ယောင်ပြ ပေးနိုင်မယ့် သူမျိုးပဲ ဖြစ်နေတော့မှာ။

RuudTom83: ဒီလိဂ်မှာ သူ့ရဲ့ ဂိုးရနိုင်ခြေ xG က 6.70 ရှိပြီး သူ ၇ ကြိမ် ဂိုးသွင်းတယ်။ ယူနိုက်တက်သာ အခွင့်အရေးတွေ ပိုဖန်တီးရင် သူ ဂိုး ပိုရလာနိုင်လောက်ပါတယ်။

Regulus Arcturus Black: ငါတော့ သူ့ကို ကြိုက်တယ်။ အလားအလာကောင်းတွေလည်း ရှိတယ်။ ဒါပေမယ့် ပြဿနာက အသင်းမှာ သူကသာ တစ်ဦးတည်းသော တိုက်စစ်မှုး စစ်စစ် ဖြစ်နေတာပဲ။ ယုံနိုင်စရာတောင် မရှိဘူး။ ဒဏ်ရာ ကနေ ပြန်လာတဲ့ ကစားသမား တစ်ယောက်မှာ ဒီလို ဝန်ထုပ်ဝန်ပိုးကြီး ရှိမနေသင့်ဘူးလေ။

ယူနိုက်တက် ပရိသတ်တွေထဲမှာ ဟွိုင်လန်း ကို အသင်းနဲ့ မဟန်ဘူး ထင်ကြသူတွေ ရှိသလို မျှော်လင့်ချက် ကြီး ထားရှိနေသူတွေလည်း ရှိနေပါသေးတယ်။