Date

April 4, 2024

ချယ်ဆီး၊ လီဗာပူးပွဲကြို မန်ယူအသင်းရဲ့ ဒီရာသီ အမြင့်ဆုံး ရည်မှန်းချက်ကို တန်ဟက် ထုတ်ဖော်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ရလဒ် မတည်ငြိမ်မှုတွေကြောင့် အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းထဲ ဝင်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် အခြားသော အင်္ဂလန်ကလပ်တွေရဲ့ ဥရောပ အောင်မြင်မှုအပေါ် မူတည်ပြီး ပရီးမီးယားလိဂ် အဆင့် ၅ အသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်နေဆဲပါ။ ဒါဟာ အဆင့် ၄ နေရာကို ရယူဖို့ ခက်ခဲတဲ့ ယူနိုက်တက်လို အသင်းအတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ နည်းပြတန်ဟက်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ဖို့ကို မျှော်လင့်နေဆဲဖြစ်ကာ မအောင်မြင်ခဲ့ရင်… Continue Reading →

မန်ယူကစားသမားဟောင်းအဖြစ် လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီး ဘယ်အသင်း ဖလားရတာကို စိတ်ချမ်းသာမိမလဲ ဖာဒီနန် ပြောပြ

သရဲနီဟောင်းကြီး ရီယို ဖာဒီနန် ကတော့ မန်ချက်စတာ စီးတီး အသင်းဟာ အာဆင်နယ်၊ လီဗာပူးတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားနိုင်နေဆဲ လို့ ယုံကြည်နေပါတယ်။ ဇယားထိပ်မှာ ရပ်တည်နေတဲ့ ဒီ ၃ သင်းကြား အမှတ် ကွာဟမှုက ကျဉ်းမြောင်းလွန်းတာကြောင့် ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထား ရှိနေဆဲပါ။ ညက ပွဲမှာ အာဆင်နယ်က လူတန်ကို ၂-ဝ နဲ့ နိုင်ခဲ့သလို စီးတီးကလည်း အက်စတွန် ဗီလာကို ၄-၁ နဲ့ အနိုင်ရရှိထားပါတယ်။… Continue Reading →

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် အသင်းကို ရွေးထုတ်လိုက်တဲ့ အာဆင်နယ် ကစားသမားဟောင်း မာတင် ကီယွန်

မနက်ကပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြပေမယ့် ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ့်အသင်းက သပ်သပ်ရှိနေပါတယ်လို့ ဂန်းနားဟောင်း ကီယွန်က ထုတ်ပြောလာပါတယ်။ ရာသီကုန်ထိ ပွဲစဉ်တွေကို ခြုံကြည့်မယ်ဆိုရင် မန်စီးတီးဟာ ပိုမို လွယ်ကူတဲ့ ပွဲစဉ်ဇယားတွေကိုပဲ ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ ထိုနည်းတူ လီဗာပူးကလည်း ပွဲတိုင်းနိုင်ရင် ချန်ပီယံဖြစ်မယ့် အခွင့်အရေး ရှိနေတာပါ။ ကီယွန်ကတော့ အာဆင်နယ်အသင်းထက်လည်း ၂ မှတ်အသာရနိုင်မယ့် အခြေအနေကို လီဗာပူး ပိုင်ဆိုင်ထားတာကြောင့် ဂန်းနားတို့ရဲ့ နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလား တစ်ကျော့ပြန်… Continue Reading →

ကလော့ပ်နေရာ ဆက်ခံမယ့် မန်နေဂျာကို ရွေးချယ်လိုက်ပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ နွေမှာ ကလပ်ရဲ့ မန်နေဂျာသစ်ကို ခန့်အပ်နိုင်ရေး အတည်ပြု ရွေးချယ်ခြင်း ကိစ္စတွေအား အမြန်ဆုံး ကြိုးစားတော့မှာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ စောင့်ကြည့်စာရင်းမှာတော့ ဒီဇာဘီ (ဘရိုက်တန်)၊ ဖွန်ဆီကာ (လိုင်လီ)တို့ ဖြစ်ပါတယ်။ နာဂယ်စမန်း (ဂျာမနီ)၊ သီယေဂို မော်တန် (ဘိုလော့ညာ)၊ တူချယ် (ဘိုင်ယန်မြူးနစ်)၊ သောမက်စ်ဖရန့် (ဘရန့်ဖိုဒ့်)၊ အင်ဇာဂီ (အင်တာမီလန်) တို့လည်း ပါဝင်ထားတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဘရိုက်တန်နည်းပြ ဒီဇာဘီကိုလည်း ဖယ်ထုတ်လိုက်ပါတယ်။ အီတလီသားရဲ့ အပိုစကား ပြောဆိုမှုတွေဟာ ကလပ်ကို ထိခိုက်နိုင်တယ်လို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!