လီဗာပူးအသင်းဟာ နွေမှာ ကလပ်ရဲ့ မန်နေဂျာသစ်ကို ခန့်အပ်နိုင်ရေး အတည်ပြု ရွေးချယ်ခြင်း ကိစ္စတွေအား အမြန်ဆုံး ကြိုးစားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ စောင့်ကြည့်စာရင်းမှာတော့ ဒီဇာဘီ (ဘရိုက်တန်)၊ ဖွန်ဆီကာ (လိုင်လီ)တို့ ဖြစ်ပါတယ်။ နာဂယ်စမန်း (ဂျာမနီ)၊ သီယေဂို မော်တန် (ဘိုလော့ညာ)၊ တူချယ် (ဘိုင်ယန်မြူးနစ်)၊ သောမက်စ်ဖရန့် (ဘရန့်ဖိုဒ့်)၊ အင်ဇာဂီ (အင်တာမီလန်) တို့လည်း ပါဝင်ထားတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန်နည်းပြ ဒီဇာဘီကိုလည်း ဖယ်ထုတ်လိုက်ပါတယ်။ အီတလီသားရဲ့ အပိုစကား ပြောဆိုမှုတွေဟာ ကလပ်ကို ထိခိုက်နိုင်တယ်လို့ လီဗာပူး တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ သောမက်စ် ဖရန့်လည်း ပါဝင်သွားမှာ မဟုတ်တော့ပါဘူး။

ယူရို ၂၀၂၄ မှာ ဂျာမနီအသင်းကို ကိုင်တွယ်ဖို့ ရှိနေတဲ့ နာဂယ်စမန်းကလည်း လီဗာပူးပစ်မှတ်ထဲ မပါတော့ပါဘူး။ နွေကတည်းက လီဗာပူးကို တင်းပြည့်ကြပ်ပြည့် အာရုံစိုက်ပေးနိုင်မယ့် နည်းပြမျိုး လိုချင်တာကြောင့် နာဂယ်စမန်းကိုပါ ဖယ်ထုတ်ထားတာပါ။

လီဗာပူးကတော့ စပို့တင်းနည်းပြ အာမိုရင်းကို ပိုပြီး သဘောကျနေကာ အလေးအနက် ချိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဟန်တစ်ခုရှိတဲ့ အာမိုရင်းကို ခေါ်ယူဖို့ရာ နည်းပြသစ် အရှာထွက်နေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေတာမို့ လီဗာပူးဟာ အချိန်ဖြုန်းလို့ မရတော့ပါဘူး။

လီဗာပူးဟာ ရှေ့ကို ဆက်လက် ရွေ့လျားရမှာဖြစ်ကာ အသင်းရဲ့ နောက်ထပ် မန်နေဂျာ ဘယ်သူဖြစ်သင့်လဲ ဆိုတာအတွက် မြန်မြန်ဆန်ဆန် လှုပ်ရှားလာရတော့မှာ ဖြစ်ပါတယ်။