ဒီအပတ် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်တဲ့ ချယ်ဆီးနဲ့ ယူနိုက်တက် ပွဲစဉ်အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Chelsea v Man Utd

အတိတ်တုန်းကပွဲတွေမှာ ယူနိုက်တက် ရှုံးမယ်လို့ ကျနော် ခန့်မှန်းတော့ သူတို့ပရိသတ်တွေက စိတ်ဆိုးကြတယ်။ ဘရန်ဖိုဒ့်ပွဲမှာတော့ သူတို့ရဲ့ အခြေအနေကို ခြုံငုံမိကြမယ် ထင်တာပါပဲ။

အက်ဖ်အေဖလားမှာ လီဗာပူးကို အနိုင်ယူခဲ့တာအတွက် ယူနိုက်တက်ကို အရမ်း မျှော်လင့်ခဲ့ကြတယ်။ ကျနော်လည်း သူတို့အတွက် အလှည့်အပြောင်း ဖြစ်လာမလား ထင်မိပေမယ့်လို့ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ရာမှာ လိုအပ်ချက်များတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ခဲ့ပြန်ပါတယ်။

သူတို့ မကောင်းခဲ့ပေမယ့် အချိန်ပိုမှာ မေဆန်မောင့် ဂိုးသွင်းတော့ သူတို့ ရလဒ်ကောင်းရခဲ့မလိုဖြစ်ခဲ့တာပါ။ ဘရန့်ဖိုဒ့်က ထိုက်တန်တဲ့ သရေရလဒ်ကို ပြန်ယူခဲ့တယ်။ တစ်ရာသီလုံး ယူနိုက်တက်က အဲ့လိုပါပဲ။ သူတို့ ကံကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ပတ်သက်ပြီးလည်း ကျနော် အမြင်တွေက မှားလာနေပါတယ်။ ပါလ်မာက ချယ်ဆီးအတွက် ကောင်းနေပေမယ့် သူကလွဲရင် ကျန်တစ်သင်းလုံးက တစ်ခုခု မှားနေပါတယ်။ ဘန်လေကို အိမ်ကွင်းမှာ တစ်ယောက်အသာနဲ့ ကစားရတာတောင် မနိုင်ခဲ့ပါဘူး။

အခြေအနေတွေအရ ဒီပွဲက ခန့်မှန်းဖို့ မလွယ်ပါဘူး။ သရေကျသွားမယ် ထင်မိပေမယ့် ပါလ်မာ ဂိုးသွင်းမှာဖြစ်ပြီး သူကပဲ ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာစေမယ် ထင်မိပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၁ ယူနိုက်တက်