မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ရလဒ် မတည်ငြိမ်မှုတွေကြောင့် အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းထဲ ဝင်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

ဒါပေမယ့် အခြားသော အင်္ဂလန်ကလပ်တွေရဲ့ ဥရောပ အောင်မြင်မှုအပေါ် မူတည်ပြီး ပရီးမီးယားလိဂ် အဆင့် ၅ အသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်နေဆဲပါ။ ဒါဟာ အဆင့် ၄ နေရာကို ရယူဖို့ ခက်ခဲတဲ့ ယူနိုက်တက်လို အသင်းအတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။

နည်းပြတန်ဟက်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်ဖို့ကို မျှော်လင့်နေဆဲဖြစ်ကာ မအောင်မြင်ခဲ့ရင် စိတ်ပျက်မိပါလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

နည်းပြတန်ဟက်က “ ကျနော်မှာ အဆင့်အတန်း သတ်မှတ်ချက် မြင့်မြင့်မားမား ရှိပါတယ်။ ကျနော်တို့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရရင် စိတ်ပျက်မိမှာပါ။ ကျနော်တို့ အနေအထားကောင်းမှာ မရှိတာမို့ အဲ့တာက မလွယ်ဘူးဆိုတာ သိပါတယ်။

ဒါပေမယ့် ပွဲတိုင်းကို ကျနော်တို့ အနိုင်ရချင်ပါတယ်။ အဲ့တာက ကျနော်တို့ကြား သတ်မှတ်ထားတဲ့ စံနှုန်းပါပဲ။ ဒါကို ကျနော်တို့ ဆက်လက် ယုံကြည်နေဖို့ မျှော်လင့်နေပါတယ်။ ပွဲတိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းပြီး ကျနော်တို့ ချဉ်းကပ်ရမှာဖြစ်ပါတယ်။

အဆုံးထိ ကျနော်တို့ တိုက်ခိုက်ရမှာပါ။ အနေအထားကောင်းမှာ မရှိပေမယ့်လို့ ကျနော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အမိဖမ်းနိုင်ရမှာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။