အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပြိုင်ဘက်ကြီးတွေကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေခြင်း မရှိပါဘူးလို့ နာမည်ကျော် သတင်းထောက် David Ornstein က ထုတ်ပြောလာပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အာဆင်နယ်ဟာ ကြီး ၆ ကြီး ပြိုင်ဘက်တွေကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပြီး ရှုံးပွဲ မရှိသေးပါဘူး။ Sky Sports Back Pages podcast ကနေ David Ornstein က ပြောပြရာမှာ –

“ အာဆင်နယ်အသင်းက လူတွေနဲ့ ကျနော် စကားပြောကြည့်တော့ သူတို့က စပါး၊ ချယ်ဆီး၊ ယူနိုက်တက်တို့ကို ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမယ့် ပွဲတွေကို စိုးရိမ်နေခြင်း မရှိပါဘူး။

ဒီရာသီမှာ လီဗာပူး၊ မန်စီးတီးလို အသင်းကောင်းတွေကို ရင်ဆိုင်ကစားပြီး ၄ မှတ်စီ ယူထားနိုင်တာကြောင့်လည်း ပါတာပေါ့။ အဲ့လို ပြိုင်ဘက်ကောင်းတွေကို အာဆင်နယ်က ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။

သူတို့က အသင်းငယ်လေးတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တွေကို ပိုစိုးရိမ်နေတာပါ။ အခုချိန်ထိတော့ အသင်းငယ်တွေကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အဲ့လို ပြိုင်ဘက်မျိုးတွေကို မနိုင်မှာကိုပဲ သူတို့ စိုးရိမ်တာဖြစ်ပါတယ် ” လို့ ဖြစ်ပါတယ်။