လီဗာပူးအသင်းဟာ စပို့တင်းနည်းပြ အမ်မိုရင်းကို ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ ခေါ်ယူနိုင်ရေး အားထုတ်ကြိုးစားနေပါတယ်။ ၂၀၂၀ မှာ စပို့တင်းနည်းပြဖြစ်လာပြီးနောက် အမ်မိုရင်းဟာ ပေါ်တူဂီဘောလုံးလောကမှာ ဩဇာရှိ နည်းပြတစ်ဦးဖြစ်လာခဲ့တယ်။ သူဟာ ကိုဗင်ထရီကနေ တိုက်စစ်မှူး ခရိုကီယက်စ်ကို ခေါ်ယူခဲ့ကာ ပေါ်တူဂီလိဂ်ရဲ့ ထိပ်တန်းကစားသမား ဖြစ်လာစေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ခရိုကီယက်စ်ကို ခေါ်ယူပြီး အသင်းတိုက်စစ်ကို အင်အားတိုးချဲ့လိုနေတာပါ။ ဆွီဒင်တိုက်စစ်မှူးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၃၆ ဂိုး သွင်းယူထားပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ်လည်း လုပ်ထားနိုင်ပါတယ်။ ဇန်နဝါရီမှာတည်းက ခရိုကီးယက်စ်ကို… Continue Reading →
လီဗာပူးအသင်းဟာ ဒီနွေမှာ အကြီးစား ပြောင်းလဲမှုတွေ ပြုလုပ်ရဖို့ ရှိနေတာကြောင့် ကစားသမား စာချုပ်ကိစ္စတွေကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။ ဒီနွေကျရင် ကလပ်နဲ့ ၁ နှစ်ပဲ စာချုပ်ကျန်ရှိမယ့် ဗန်ဒိုက်၊ ဆာလာ၊ ထရန့်တို့ကို သက်တမ်းတိုးရေးတွေကို လီဗာပူးဘက်က ရှေ့တိုးလာခြင်း မရှိပါဘူး။ သူတို့ရဲ့ အနာဂတ် ရေးရာတွေကို မန်နေဂျာသစ် ခန့်အပ်ပြီးမှ လီဗာပူးဘက်က ရှေ့ဆက်မှာ ဖြစ်ပါတယ်။ ဆာလာ၊ ဒီယက်ဇ်တို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လီဗာပူးအသင်းဘက်ကတော့ သူတို့ရဲ့ အနာဂတ်အတွက် တုန့်ပြန်လာခြင်း မရှိသေးပါဘူး။… Continue Reading →
၂၀၀၅ မှာ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ကာရေဂါကတော့ ဒီရာသီ ဖိုင်နယ်မှာ သူတွေ့စေချင်တဲ့ ကလပ် ၂ သင်းကို ဖော်ထုတ်လာပါတယ်။ ကွာတားအဆင့်မှာ အသင်းကောင်းတွေ ထိပ်တိုက်တွေ့နေခဲ့ပေမယ့် အခုချိန်ထိတော့ ရလဒ်တွေက မပြတ်သားသေးပါဘူး။ ဒုတိယအကျော့ မပြီးခင်ထိ ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်အဆင့်ထံ တက်ရောက်မယ်ဆိုတာ ပြောနိုင်သေးခြင်း မရှိတာပါ။ အာဆင်နယ်နဲ့ ဘိုင်ယန်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ သရေကျခဲ့ပေမယ့် ပထမအကျော့ပွဲတွေမှာ အက်သလက်တီကိုက ဒေါ့မွန်ကို ၂-၁ ဖြင့် အနိုင်ရပြီး ဘာစီလိုနာက ပီအက်စ်ဂျီကို ၃-၂… Continue Reading →
လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ အပြောင်းအလဲကြီးတွေ ပြုလုပ်မှာဖြစ်ကာ အဓိက ကစားသမား အချို့ကို ရောင်းချဖို့ စီစဉ်လာပါတယ်။ ဒီနှစ်တွေအတွင်း ဆုဖလားအောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ တိုက်စစ်မှူး ဆာလာအတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် နားထောင်ပေးဖို့ လီဗာပူးအသင်းဘက်က လမ်းဖွင့်ပေးတော့မှာပါ။ မနှစ်ကနွေမှာ ဆော်ဒီဘက်က ဆာလာအတွက် ပေါင် သန်း ၁၅၀ တန်ကြေးရှိ ကမ်းလှမ်းမှုမျိုး လုပ်ခဲ့ပါတယ်။ လီဗာပူးက ငြင်းဆန်ခဲ့ပြီး စျေးကွက် နောက်ဆုံးရက်မှာ ဆော်ဒီဘက်က ပေါင် သန်း ၂၀၀ တန် စာချုပ်မျိုး ထပ်ပို့မယ် သတင်းထွက်ခဲ့ပေမယ့်… Continue Reading →
© 2025 Myan News — Powered by WordPress
Theme by Anders Noren — Up ↑